Tu Maung Nyo - Dragging with chain itno Luttaw


သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ
တူမောင်ညို။ မေ ၃။ ၂၀၁၂
(NLD) ပါတီ က (၃၀ ဧပြီ၊ ၂၀၁၂ ) တနင်္လာနေ့က ထုတ်ဝေတဲ့ ”ဒီလှိုင်းစာစောင်” အတွဲ ၁။ အမှတ် ၁၅ မှာပါရှိတဲ့
ဒီလှိုင်းစာစောင်ရဲ့အယ်ဒီတာ့အာဘော်နဲ့
ဦးဝင်းတင် ဆောင်းပါး -  ဒီချုပ်နဲ့ “ သော့ခလောက်ကြီး ” ပြည်သူလူထုရဲ့မေးခွန်းပုစ္ဆာ ကျုပ်တော့ဖြင့်မျက်စေ့လည်နေပြီဗျာ”
ဖတ်ကြည့်ပါဗျာ။သဘောထားထင်မြင်ချက်လည်းလွတ်လပ်စွာပေးကြပါဗျာ။
ထွက်လာတဲ့အာဘော်၊ အာဘော်ဆောင်းပါးတွေက ဒီချုပ်ပါတီထဲမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလှစ်ဟပြနေတယ်ဆို တာတွေ့ရပါလိမ့်မယ်။
ဦးဝင်းတင်ဆောင်းပါးထဲက အတိုင်း ဆိုရင်တော့ “သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲ ဝင်သွား လို့ ကတော့ ရဟန်း၊ ဗိုလ်၊ လူ၊ ကျောင်းသား၊ပြည်သူတွေက ဝိုင်းမေးကြမှာ မြေကြီးလက်ခတ်မလွဲပဲလို့ပြောချင်တယ်ဗျ” တဲ့
အခုတော့ ၃၀ ဧပြီ ၂၀၁၂ ဒီချုပ်ကြေညာချက်အမှတ် ( ၁၇/၀၄/၁၂) မှာတော့  “ပြည်သူလူထုဆန္ဒကိုလိုက်လျောလိုသော ကြောင့်” ဆိုပါလား။
  တစ်နေ့ထဲထုတ်ဝေတဲ့ “ဒီလှိုင်းစာစောင်” မှာ ဖေါ်ပြပါရှိသော သဘောထားနဲ့  (NLD)ပါတီကြေညာချက်ပါ သဘောထား က ဖြောင့်ဖြောင့်ကြီး ဘာကြောင့် ကွဲပြားခြားနားနေတာပါလိမ့်။ ဒါကိုရှင်းလင်းပေးဖို့(NLD)ပါတီမှာတာဝန်ရှိပါတယ်။
 ပြည်သူ လူထုကိုလက်တစ်လုံးခြားမလှည့်ဖျားသင့်ပါ။
 ပြည်သူလူထုကိုလိမ်ညာလှည့်ဖျားသူတွေကို (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ ပြည်သူတိုင်း ကဆန့်ကျင်ရှုံ့ချရမှာပါ။
လူထုဆန္ဒကိုရိုသေလေးစားလျက်
တူမောင်ညို

Comments