ဦးခင်အောင်မြင့်
ရဲ့ ယုံတမ်းစကား
ရွှေပြည်စိုး။
မေ ၁၈၊ ၂၀၁၂
(ဦးခင်အောင်မြင့်ဆိုတာ
အရပ်သားဟန်ဆောင် စစ်ဗိုလ်နဲ့စစ်ဗိုလ်လူထွက်တွေကြီးစိုးထားတဲ့ကြံ့ဖွတ်စစ်
အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဗိုလ်ချုပ်ဟောင်းဦးခင်အောင်မြင့် ဖြစ်ပါတယ်)။
“ ဗိုလ်ချုပ်အောင်ဆန်းကို အကြည်ညိုဆုံး ဟု ဗိုလ်ချုပ်ကြီးသန်းရွှေပြော ” ဟူသောခေါင်းစဉ်ပါ စကါးကို ဦးခင်အောင်မြင့်က ဧရာဝတီကိုပြောကြောင်း၊

“ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏အကြည်ညိုဆုံးပုဂ္ဂိုလ်မှာလွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း သာဖြစ်ကြောင်း” အစချီပြီး၊“ဗိုလ်ချုပ်အောင်ဆန်းသည်တိုင်းပြည်ခေါင်းဆောင်ဖြစ်သော်လည်းယူနီဖေါင်းသုံးစုံ
သာရှိကြောင်း၊ သက်တမ်းတိုသော်လည်း တိုင်းပြည်အတွက်များစွာလုပ်သွားကြောင်း၊ ထိုသို့ခေါင်းဆောင်မျိုး ရှားပါးကြောင်း၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ထုတ်ဖေါ်ချီးကျူးခဲ့သည်” ဟုလည်း ဦးခင်အောင်
မြင့် ကပြောကြောင်းသိရပါသည်၊ (ဧရာဝတီ၊ ၁၂-ဧပြီ-၂၀၁၂)။

ကိုလူကြွားရဲ့ ယုံတမ်းစကား …
ဦးခင်အောင်မြင့်ရဲ့
စကါးဟာ လုံးဝအခြေအမြစ်မရှိတဲ့ ယုံတမ်းစကါးဖြစ်သလို ဦးသန်းရွှေ ကိုအကါအ
ကွယ်ပေး ပြောတဲ့စကါးလည်းဖြစ်တယ်၊ဒါ့ပြင်အများအထင်ကြီးအောင် ထွင်ပြီးပြောတဲ့စကါးလည်းဖြစ်ပါတယ်၊
များစွာသော သာဓကတွေထဲက ကွယ်ဝှက်ဖျောက်ဖျက်လို့မရနိုင်တဲ့သာဓကအချို့ကိုကြည့်ပါ -
(က) စစ်စိတ် စစ်မာန်တွေ၊ငါ တည်းဟူသော မာန်မာန တွေတက်နေတဲ့ ဗိုလ်သန်းရွှေ ဟာ ဦးခင်အောင်မြင့်
ပြောသလို စကါးမျိုးပြောဖို့နေနေသာသာ၊ ယောင်လို့တောင် အိပ်မက် မက်မယ့်သူမဟုတ်၊ဒီဘ၀မပြော
နဲ့ နောက်ဘယ်ဘ၀ရောက်ရောက် ဒီလိုစကါးမျိုး အောက်ကျခံပြီးပြောမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာ
ရဲရဲကြီးပြောရဲတယ်။

သူက
ငါ ဟာ သူ့ထက်(ဗိုလ်ချုပ်အောင်ဆန်းထက်) တော်တယ်၊ တတ်တယ်၊ နပ်တယ် လို့
သူ့ကိုယ်သူအထင်ကြီးပြီး ထင်ရာစိုင်း သူပါ။ငါ တည်းဟူသော မာန်မာန
တွေတက်နေသူမို့ဗိုလ်ချုပ်
အောင်ဆန်းကို
အကြည်ညိုဆုံး ပုဂ္ဂိုလ် …..
လို့ဘယ်တော့မှချီးကျူးမယ့်လူမျိုးမဟုတ်ဘူးလို့ ယုံကြည်တယ်။
(ခ) ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဗိုလ်ချုပ်အောင်ဆန်းထက် ကေါင်း
တဲ့ဘက်မှာမတော်ပေမဲ့ မကေါင်းတဲ့ဘက်
မှာ တဖက်ကမ်းခတ် တော်တယ်၊ တတ်တယ်၊ နပ်တယ် ဆိုတော့ ကမ္ဘာသိတယ်။
မှာ တဖက်ကမ်းခတ် တော်တယ်၊ တတ်တယ်၊ နပ်တယ် ဆိုတော့ ကမ္ဘာသိတယ်။
ဘာတွေတော် လဲ ဆိုတော့ -
၁ ။ မြန်မာနဲ့ကမ္ဘာကို
လိမ်ညာ လှည့်စား၊လက်တလုံးခြားလုပ်တဲ့နေရာမှာ -
၂။ အာဏာမြဲရေး၊လက်နက်မဲ့၊အပြစ်မဲ့ပြည်သူလူထုကို
အမှုဆင်၊ပြဿနာ ဖန်တီးပြီး ဖမ်းဆီး
နှိပ်စက်၊ထောင်ချ၊သတ်ဖြတ်တဲ့နေရာမှာ -
၃ ။ ရဟန်းသံဃာကို
ထောင်ချောက်ဆင်ပြီး ဖမ်းဆီး၊ရိုက်နှက်ထောင်ချ၊သတ်ဖြတ်တဲ့နေရာမှာ -
၎ ။ ပြည်သူလူထု
ပညာရေး၊ကျန်းမာရေး အဆင့်အတန်းနိမ့်ကျအောင်လုပ်တဲ့နေရာမှာ -
၅ ။
စီးပွားရေးချုပ်ကိုင်ပြီးပြည်သူလူထုဆင်းရဲမွဲတေအောင်၊ဒုက္ခရောက်အောင်၊အကျင့်စာရိတ္တ
ပျက်စီးအောင်လုပ်တဲ့နေရာမှာ တဖက်ကမ်းခတ်အောင် တော် တယ်။
ပျက်စီးအောင်လုပ်တဲ့နေရာမှာ တဖက်ကမ်းခတ်အောင် တော် တယ်။
၆ ။ တိုင်းပြည်မွဲတေအောင်၊
သိက္ခာကျအောင်၊နိုင်ငံတကာမှာ မြန်မာတွေမျက်နှာငယ်အောင် လုပ်တဲ့နေရာမှာ အထူး တတ်ကျွမ်း
တယ်။
၇ ။ ကမ္ဘာမှာကဲ့ရဲ့
ပြစ်တင် ဝေဖန်ရှုတ်ချ အခံရဆုံးနိုင်ငံဖြစ်အောင်လုပ်တဲ့နေရာမှာ -
၈ ။ လက်နက်မဲ့၊အပြစ်မဲ့
ပြည်သူတွေအပေါ် လူ့အခွင့်အရေး ကိုနည်းမျိုးစုံနဲ့ ဆိုးဆိုးဝါးဝါး
ချိုးဖေါက်တဲ့နေရာမှာ ကမ်းကုန် အောင် တတ်ကျွမ်း တယ် ။
၉ ။ မြန်မာနဲ့ကမ္ဘာကို
ပြောပြီးစကါး၊ပေးပြီးကတိ ဖျက်တဲ့နေရာမှာ အလွန် ပါးနပ် တယ် ။
၁၀ ။ လက်နက်မဲ့၊အပြစ်မဲ့ပြည်သူလူထုအပေါ်အနိုင်ကျင့်တဲ့၊ရက်စက်ကြမ်းကြုတ်တဲ့၊
အကျင်နာကင်းမဲ့တဲ့နေရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင် တယ် ။
အကျင်နာကင်းမဲ့တဲ့နေရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင် တယ် ။
၁၁ ။ နိုင်ငံပိုင် သယံဇာတ
ရောင်းရငွေတွေကို ပြည်သူတွေမသိအောင် ခိုးဝှက်ပြီး နိုင်ငံခြားဘဏ်
ပေါင်းများစွာမှာ လျှို့ဝှက်အပ်နှံတဲ့နေရာမှာ စံတင်လောက်အောင် တော်တယ် ။
ပေါင်းများစွာမှာ လျှို့ဝှက်အပ်နှံတဲ့နေရာမှာ စံတင်လောက်အောင် တော်တယ် ။
၁၂ ။ အဆင်းရဲဆုံးနိုင်ငံက
လွတ်မြောက်အောင် မလုပ်နိုင်ပေမယ့် ဆင်းရဲတွင်းပိုနက်ရှိုင်းအောင်လုပ်
တဲ့နေရာမှာ အခြားဆင်းရဲနိုင်ငံတွေထက် တဖက်ကမ်းခတ် ကျွမ်းကျင် တယ် ။
တဲ့နေရာမှာ အခြားဆင်းရဲနိုင်ငံတွေထက် တဖက်ကမ်းခတ် ကျွမ်းကျင် တယ် ။
အဲလိုဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာမကေါင်းတဲ့နေရာမှာတော်၊တတ်၊နပ်တဲ့အတွက်ကြောင့်မြေပေါ်မြေ
အောက်သယံဇာတအလွန်ပေါများကြွယ်ဝတဲ့မြန်မာနိုင်ငံဟာကမ္ဘာ့အဆင့်အတန်းအနိမ့်ဆုံး၊တိုးတက်မှုအနည်းဆုံး၊ လူ့အခွင့်အရေးအချိုးဖေါက်ဆုံး၊ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေရဲ့အောက်ဆုံးအဆင့်ရောက်အောင်လုပ်နိုင်
တာဟာဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေရဲ့ဗိုလ်ချုပ်အောင်ဆန်းထက်သာလွန်၊ပြည့်ဝတဲ့အရည်အချင်းတွေဖြစ်
တယ်ဆိုတာ သံသယဖြစ်စရာမလိုပါ။

လက်သုံး ဖြီးလုံး စကား …
၁၂- ဧပြီ- ၂၀၁၂ နေ့ပါ ဧရာဝတီသတင်းမှာပဲ
ဦးခင်အောင်မြင့်က - “ ဗိုက်ချုပ်အောင်ဆန်းကို ဖခင်လိုသဘောထားပြီး
ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်နှမရင်းချာလို လေးစားသဘောထားကြောင်း၊ ”
“၄င်းအနေနဲ့တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်စဉ်ကဗိုလ်ချုပ်အောင်ဆန်း၏
လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုဟောပြောကြောင်း
”ထည့်သွင်းဖေါ်ပြထားပါတယ်။
ဒီိစကါးတွေဟာ သူ့ကိုအထင်ကြီးအောင်ပြောတဲ့ ကိုယ်ရည်သွေးစကါး
တွေပါ ၊ဒါကိုကြည့်ရင် ကိုယ့်ကိုကိုယ်ဖေါ် မသူတော် ၇ ပါးထဲမှာပါတဲ့ မသူတော်
တပါးဖြစ်လို့သူ့ကိုအထင်ကြီးစရာအကြောင်းမရှိ ။
ဒေါ်အောင်ဆန်းစုကြည်ကို
မောင်နှမရင်းချာလို လေးစားသဘောထားတယ်ဆိုရင် -
၁ ။ ဒေါ်စု ခရီးထွက်တိုင်း ကြုံတွေ့နေရတဲ့ အနှောက်အယှက်၊အန္တရာယ်တွေ မကျရောက်အောင်
ဘာကြောင့်မတားဆီးပေးတာလဲ ၊
၂ ။ ၂၀၀၃ ခုနှစ်မေလက ဒေါ်အောင်ဆန်းစုကြည်
ဒီပဲယင်းမှာအလုပ်ကြံမခံရအောင်၊ လုပ်ကြံပြီးနောက် အချုပ်မခံရအောင်
၊အချုပ်ခံရပြီးနောက် အမေရိကန်နိုင်ငံသား JOHN
WILLIAM YEATTAW
နဲ့အကွက်အဆင်မခံရအောင်၊အကွက်ဆင်ခံရပြီးနောက်ဆက်လက်အချုပ်မခံရအောင် ၊ဗိုလ်ချုပ်မှုးကြီးသန်းရွှေကMr.Yeattaw
ကို တရားသေလွှတ်ပေးတဲ့အခါ ဒေါ်စုကိုအလားတူ လွတ်အောင်…..စတာတွေ လုပ်မပေးဘဲနဲ့ … ဒေါ်စုကို မောင်နှမရင်းချာလို လေးစားသဘောထားတယ် ”
ဆိုတာဟုတ်သေးရဲ့လား၊ ဒေါ်စုသက်သာရာသက်သာကြောင်း၊ လွတ်ရာလွတ်ကြောင်း ဘာတခုမှအလုပ်ဘဲနဲ့များ
သူများအထင်ကြီးအောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်နှမရင်းချာလို လေးစားသဘောထားတယ်လို့
သူမို့ပြောထွက်တယ်၊ သူ့အစားရှက်မိပါတယ်။ သူ့စကါးကို အသိမ်မွေ့ဆုံး ပြောရရင် “ အရူးပြော၊
အရူးယုံ ” တဲ့စကါးဖြစ်နေတယ်။
၃ ။ ဒါ့ပြင် “
ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ ဆောင်းပါးအကုန်ဖတ်၊ အကုန်သိမ်းကြောင်း ”
“၄င်းအနေနဲ့ တပ်မတော်စိတ်ဓါတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်စဉ်က
ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို
ဟောပြောကြောင်း”လည်း ထည့်သွင်းပြီး ဖြီးထားပါသေးတယ်။တော်
တော်ရွံဖို့ကောင်းပါလား။ ဘာကြောင့်လဲဆိုတော့ အစိုးရရုံးတွေမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ဖြုတ်ချနေချိန်၊ ကျေးလက်တောရွာတွေရှိ ဗိုလ်ချုပ်အောင်ဆန်းနာမည်ပါတဲ့ဆိုင်းဘုတ်၊မှတ်တိုင်၊အမှတ်အသားတွေကို ဖျက်ဆီးနေချိန်၊ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို အလေးပြုသူ ရန်ကုန်တိုင်း တွံတေးမြို့မှ ကျူရှင်ဆရာ ဦးအောင်ဖေ- ဒီဗွီဘီ၊ ၂၅-၈-၂၀၀၅ နဲ့ ဒီဗွီဘီ၊ ၂၄-၄-၂၀၀၅ ဗိုလ်ချုပ်ကြေးရုပ်၊
လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုသူတိုင်းကို ဖမ်းဆီး၊ ချုပ်နှောင်၊ ထောင်ချနေချိန်မှာ ဦးခင်အောင်မြင့်လို စစ်အရာရှိကြီးတယောက်က စစ်တပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို ချီးကျူးဟောပြော ခဲ့တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ဦးခင်အောင်မြင့်ရယ်၊ ယုတ္တိရှိအောင်လဲဖြီးပါ။ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေရှေ့မှာ ပြောရဲဖို့မဆိုထားနဲ့ ယောင်လို့တောင် အိပ်မက် မက်ရဲ ရဲ့လားလို့မေးချင်တယ်။

၎ ။ ဒါ့ပြင် ဦးခင်အောင်မြင့်ကဆက်ပြီး - “
မှန်တဲ့သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
ကျနော့ကိုလုပ်ငန်းကိစ္စပြောရင်း တခါပြောဖူးတယ်၊ဟေ့…ဒီနိုင်ငံမှာ အကြည်ညိုဆုံးက
ဗိုလ်ချုပ်အောင်
ဆန်းပဲရှိတယ်၊ ဒီလိုခေါင်းဆေါင်မျိုး ရှာကြည့် လုံးဝမရှိဘူး ” လို့ ဆိုပြန်သတဲ့ (ဧရာဝတီ၊ ၁၂-ဧပြီ-၂၀၁၂) ဒီစကါးဟာလည်း သူ့ရဲ့လက်သုံးထွင်လုံးစကားတွေပဲ။ စစ်သွေး၊စစ်မာန်တွေ၊ ငါတည်းဟူသော မာန်မာနတွေ တက်နေတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေက ဘယ်သူ့ကိုမှ ဒီလိုစကါးမျိုး ပြောမှာမဟုတ်ဘူး ဆိုတာရဲရဲကြီးပြောရဲတယ်။

(က)
အကယ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းကို
တကယ်အစစ်အမှန် ကြည်ညိုလေးစား
တယ်ဆိုရင် -
တယ်ဆိုရင် -
၁။ စစ်အာဏာရှင်စနစ်
ကိုကျင့်သုံးမှာမဟုတ်၊(ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်အကျိုးပြုလုပ်
ငန်းစနစ်တွေကိုကျင့်သုံးရမှာဖြစ်သည်)။
၂။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ၊စာအုပ်စာပေတွေကို တင်းကျပ်
စွာစိစစ်၊တားမြစ်၊ ပိတ်ပင် မှာမဟုတ်။
ငန်းစနစ်တွေကိုကျင့်သုံးရမှာဖြစ်သည်)။
၂။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ၊စာအုပ်စာပေတွေကို တင်းကျပ်
စွာစိစစ်၊တားမြစ်၊ ပိတ်ပင် မှာမဟုတ်။
၃။ ဗိုလ်ချုပ်အောင်ဆန်း ဟာ တပ်မတော်ဖခင်၊
လွတ်လပ်ရေးဗိသုကာ ..... စတဲ့ ဂုဏ်ပုဒ်တွေ
ကို
မှေးမှိန်ကွယ်ပျောက်အောင်လုပ်မှာမဟုတ်။
၎။ အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတွေကို ဖြုတ်ချ မှာမဟုတ်။
၅။ နိုင်ငံတော်က ထုတ်ဝေသုံးစွဲတဲ့ ငွေစက္ကူ၊
အကြွေစေ့ နဲ့ တံဆိပ်ခေါင်း တွေ
မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို ဖယ်ရှားပြစ်မှာမဟုတ်။
မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို ဖယ်ရှားပြစ်မှာမဟုတ်။
၆။ အချို့ပြည်နယ်ရှိကျေးရွာတွေမှာစိုက်ထူထားတဲ့ဗိုလ်ချုပ်အောင်ဆန်းအမည်ပါဆိုင်းဘုတ်တွေ၊
မှတ်တိုင်တွေ၊အမှတ်အသားတွေကို ဖျက်ဆီး ဖယ်ရှားပြစ်မှာမဟုတ်။
မှတ်တိုင်တွေ၊အမှတ်အသားတွေကို ဖျက်ဆီး ဖယ်ရှားပြစ်မှာမဟုတ်။
၇။ မြန်မာနိုင်ငံရဲ့
အမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်တဲ့ “အောင်ဆန်းသူရိယဘွဲ နဲ့ ဆုတံဆိပ်တော် ” တွေကိုလုံးဝ ချီးမြှင့်ခြင်းမပြုတော့ဘဲ
မေ့ပျောက်သွားအောင်လုပ်မှာမဟုတ်။
(ခ) အကယ်၍
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းကို အမှန်တကယ် ကြည်ညိုလေးစား
တယ်ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်ကို -
၁ ။ ဒုက္ခအမျိုးမျိုးပေးမှာမဟုတ်။
တယ်ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်ကို -
၁ ။ ဒုက္ခအမျိုးမျိုးပေးမှာမဟုတ်။
၂ ။ ဒီပဲယင်း
မှာ လုပ်ကြံသတ်ဖြတ်ခိုင်းမှာမဟုတ်။ (ဗိုလ်သန်းရွှေက ဒေါ်စုကို လုပ်ကြံသတ်
ဖြတ်ခိုင်းတဲ့အထောက်အထားတွေကတော့ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမြို့တော်ရှိ
မြန်မာ သံရုံးစစ်သံမှူးဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရဲ့နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် ဥာဏ်
ဝင်းထံ၁ဧပြီ၂၀၀၅နေ့ကရေးသားပေးပို့တဲ့ နုတ်ထွက်စာလက်ရေးမူ(ကော်ပီ)နဲ့ ၄င်းနုတ်ထွက်မှု သတင်း(ဒီဗွီဘီ၊၇-ဧပြီ-၂၀၀၅)။(ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရဲ့ “ ကဒါဖီနှင့် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ” ခေါင်းစဉ်ပါဆောင်းပါး (ဧရာဝတီ၊ ၃-၃-၂၀၁၂)။ NLD ဒု ဥက္ကဌ ဦးတင်ဦးရဲ့ပြောပြ
ချက် ( ဒီဗွီဘီ၊၂၉-၅-၂၀၁၀ )။ NCGUB မှ ဦးဇင်လင်းရဲ့ပြောကြားချက်( ဧရာဝတီ၊၃၁-၅-၂၀၁၀)

၃-က ။ ၂၀၀၉-ခုမေလ က
အမေရိကန်နိုင်ငံသား JOHN WILLIAM YEATTAW ကိုအသုံးချမှာမ
ဟုတ်သလို ဒေါ်စုကိုအချုပ်သက်တမ်းတိုးမှာမဟုတ် - ထောင်ဒဏ်(၇)နှစ်ချမှတ်ထားတဲ့
ဟုတ်သလို ဒေါ်စုကိုအချုပ်သက်တမ်းတိုးမှာမဟုတ် - ထောင်ဒဏ်(၇)နှစ်ချမှတ်ထားတဲ့
YEATTAWကိုတရားသေလွှတ်ပေးလိုက်ပေမယ့် ဒေါ်စုကိုဆက်ချုပ်ထားတယ်။( ဧရာဝတီ ၊
၁၆-၈-၂၀၀၉)။
၃-ခ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကို ဦးအောင်ဆန်းဦး မိသားစု ကို မက်လုံးပေး သွေးထိုး
ပြီးအိမ်အမွေဆိုင်ပြဿနာဖြစ်အောင်ဖန်တီးမှာမဟုတ် (၂၀၀၈-ဇွန်လထုတ်ခေတ်ပြိုင်သတင်း
ဂျာနယ် - စာမျက်နှာ -၁၂ မှ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှထောက်လှမ်းရေးဗိုလ်မှူးဟောင်း
အောင်လင်းထွဋ်ရဲ့ဆောင်ပါး)
၃-ဂ ။ ၂၀၀၃-မေလ-၃၀ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့စီစဉ်မှာမဟုတ်၊
(ဧရာဝတီ၊၃-၃-၂၀၁၂ ထုတ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ “ ကဒါဖီနှင့် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ” ခေါင်းစဉ်ပါဆောင်းပါး )

အထက်ပါ အထောက်အထား သာဓက တွေကိုကြည့်ခြင်းအားဖြင်
့ဗိုလ်ချုပ်ဟောင်းဦးခင်အောင်မြင့်ရဲ့
“ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်ကဲ့သို့ သဘောထားတယ် ”
“ ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်နှမရင်းချာ ကဲ့သို့လေးစား
သဘောထားတယ် ”
ဆိုတဲ့စကါးတွေဟာ သူ့ရဲ့ လက်သုံး
ဖြီးလုံး စကါး တွေသာဖြစ်
သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ချီးကျူးပြောဆိုတယ်ဆိုတဲ့
သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ချီးကျူးပြောဆိုတယ်ဆိုတဲ့
“ ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ်”
“ဒီလိုခေါင်းဆောင်မျိုး ရှာကြည့် လုံးဝမရှိဘူး”လို့ ဗိုလ်သန်းရွှေကချီးကျူးပြောဆိုခဲ့တယ်ဆို
တဲ့စကါးတွေဟာလည်း စစ်သွေးစစ်မာန်တွေ၊ငါတည်းဟူသော မာန်မာနတွေ တက်နေတဲ့ ဗိုလ်သန်းရွှေဟာ ဒီလိုစကါးမျိုး အောက်ကျခံပြီး ဗိုလ်ချုပ်အောင်ဆန်းကို ချီးကျူးအမွှန်းတင် ပြောဆိုမယ့် လူစားမျိုးမဟုတ်ဘူး၊ ဦးခင်အောင်မြင့်ရဲ့စကါးတွေဟာ အရူးပြော အရူးယုံစကါးသာဖြစ်တယ်။

ဒါကြောင့် စာဖတ်ပရိတ်သတ်အပေါင်းတို့ကို “အရူးပြော
အရူးယုံ” ဆိုတဲ့ အရူးတွေ မဖြစ်ရအောင် ဦးခင်အောင်မြင့်က သူ့အတွက် ကိုယ်ရည်သွေးစကါး
ကိုရော၊ ဗိုလ်သန်းရွှေ အတွက်ပြောပေးတဲ့ ဖြီးစကါး တွေကို ပါမယုံကြဖို့
တိုက်တွန်းလိုက်ရပါကြောင်း။