Naing Oo Nyo (Phoe Zero) - Poem

ကိုကိုမောင်တို့ခေတ် မဟုတ်တော့ဘူး
နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၂၊ ၂၀၁၂



ဒီကနေ့ နှစ်ထောင်တစ်ဆယ့်နှစ်

ကိုကိုမောင်တို့ခေတ် မဟုတ်တော့ဘူး ...။

ကိုကိုမောင်တို့ခေတ်ကပြောစကား
ကိုကိုမောင်တို့ဆရာ နားမထောင်တော့ဘူး ...။

ကိုကိုမောင် အပြောကောင်းပေမဲ့
ကိုကိုမောင်တို့ခေတ်က တောပြောင်းခဲ့တဲ့
ကိုကိုမောင်အသိဆုံး
ကျားဆိုးတွေ ကောင်းမကောင်း ...။

အနှစ်လေးဆယ်ကျော်က ဒဿဂီရီရဲ့လွမ်းချင်းတွေ
မိုးပေါ်ထောင်ပစ်ခဲ့ပေမဲ့ ဘယ်သူမှမသက်သာခဲ့ပါဘူး ...။

ဒီနေ့ထိရင်ဘတ်ချင်း ချိတ်ဆက်လို့
ရင်ဘတ်အငှားနဲ့ ခံစားနေရစဲ
ရင်ဘတ်အစစ်က ရင်ဘတ်အငှားကို
တန်ဖိုးထားမှု လျှော့ကျနေတဲ့ခေတ်မှာ
ရင်ဘတ်အစစ်တွေ ကျပျောက်ပေမဲ့
ရင်ဘတ်အငှားကတော့ ရင်ဘတ်အငှားပါဘဲ ...။

ဒီလိုငှားထာတဲ့ရင်ဘတ်
ဘယ်သူ့ရင်ဘတ်လည်းလို့
ကိုကိုမောင်တို့ မေးရဲလို့လား
ကိုကိုမောင်တို့ မေးရဲတဲ့နေ့
ကိုကိုမောင်တို့မေးခွန်း ကမ္ဘာတည်မဲ့နေ့

အဲဒီနေ့ ကမ္ဘာမှာ မြန်မာတည်မဲ့နေ့
ဖြစ်ကောင်းဖြစ်လိမ့်မယ် ...။

Comments