Sunday, May 27, 2012

Farmers in Hlaing Tharyar abused by lawless roughes


မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ လူလူချင်း အနိုင်ကျင့်ဗိုလ်ကျမှုများ လှိုင်သာယာတွင်ဖြစ်ပွား
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ပြန်ကြားရေး၊ မေ ၂၈၊ ၂၀၁၂
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာတွင် မိရိုးဖလာဓါးမဦးချ ဦးပိုင်အမည်ပေါက် လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်နေသော ဒေါ်ခင်မြင့် လယ်(၁၈)ဧကခန့်၊ ဒေါ်ခင်ရီ လယ်(၉)ဧကခန့်၊ ဒေါ်မြင့်လယ်(၁၂)ဧကခန့်၊ ဦးအောင်မြသောင်းလယ်(၇)ဧကခန့်ကို ၂၀၀၁ခုနှစ်တွင် ကြည့်မြင်တိုင်မြို့နေ ဦးစိန်မောင်မြင့်၊ ကုလားကြီးစုရွာသား ဦးသက်ဦး၊ အပါအ၀င် ဦးညွန့်အောင်၊ ဦးထွန်းကြည်၊ ဦးဝင်း၊ ဦးအုန်းဟန်၊ ဦးအောင်ချို အစရှိသောလူတစ်စုက ၎င်းလယ်သမားများ၏ လယ်မြေများကို အတင်းခြံခတ် သိမ်းပိုက်၍ ကြက်ခြံနှင့် နွားခြံများ ဆောက်လုပ်ကာ မွေးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်နေပါသည်။
 ထို့အပြင် အခြားသောရွာသူ၊ရွာသားများထံမှ စုစုပေါင်းလယ်ဧက (၅၀၀) ခန့်မှာလည်း နည်းအမျိုးမျိုးဖြင့်လည်းသိမ်းဆည်းခံထားရပါသည်။ ၎င်းတို့လူစုသည် တောင်သူလယ်သမားများ၏ လယ်များကို သိမ်းပိုက်လုပ်ကိုင်နေသဖြင့် ၎င်းလယ်သမားတို့မှာ အလုပ်လက်မဲ့ဖြစ်ကာ မိသားစုတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ ဆုံးရှုံးနစ်နာနေပါသည်။
၎င်းလယ်ယာမြေ သိမ်းယူခြင်းကို မကျေနပ်သော်လည်း ငွေကြေးဓနအင်းအားနှင့် အာဏာပိုင်တို့ကို ကြေက်ရွံနေသဖြင့် မပြောရဲမဆိုရဲ ရှိခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲဖြင့် ဖွဲ့စည်းထားသော အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး (ပြည်ထောင်စုဝန်ကြီး)၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ကို (၁၅.၉.၂၀၁၁)နှင့်(၂၂.၉.၂၀၁၁)နေ့ရက်တွင် စာရေးပြီး တိုင်ကြားခဲ့သဖြင့် ရန်ကုန်မြို့တော်မြေစာရင်းဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန စုပေါင်းရုံးဝင်းတွင် ၂၉  နိုဝင်ဘာ ၂၀၁၁ နေ့ (စနေနေ့) နံနက်(၁၀း၀၀) နာရီအချိန်တွင် ဦးရဲဝင်းထွန်း (မြို့တော်မြေစာရင်း ဦးစီးဋ္ဌာနမှူး မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့) က တောင်သူလယ်သမားတစ်ဦးဖြစ်သူ ဒေါ်ခင်မြင့်ကို စာဖြင့်ဆင့်ခေါ်ပြီး စစ်ဆေးခဲ့သော်လည်း ယနေ့အချိန်ထိ အတင်းအဓမ္မသိမ်းပိုက်သူတို့က သိမ်းပိုက်ဆဲ သိမ်းဆဲဖြစ်ပြီး လယ်ယာမြေအတင်းအဓမ္မ အသိမ်းခံရသူလယ်သမားတို့မှာနစ်နာဆဲဖြစ်သည်။
မှတ်ချက်။       ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်အား ပေးပို့လာသော သတင်းများဖြစ်ပါသည်။
Post a Comment