မကွေးက ကြားဖြတ်အရှုပ်တော်ပုံ
မကွေးသား၊ မိုးမခပေးစာ၊ ဧပြီ ၁၄၊ ၂၀၁၂
''ဘယ်သူကအမှန်
ဘယ်သူက တရားခံ အမှားအမှန်အဖြေညှိစရာမလိုတဲ့ 'ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒမပြုလိုက်ရတဲ့
ပြည်သူများနဲ့ ကော်မရှင်လူကြီးတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုများ …”
ဧပြီလ (၁)ရက်
ကြားဖြတ်ရွေးကောက်ပွဲအဖြကို အားလုံးသိရှိပြီးဖြစ်သော်လည်း မဲဆန္ဒနယ်မြေ တစ်ခုချင်းစီမှာ
တွေ့ကြုံခဲ့ရသော အခက်အခဲပြဿနာတွေကတော့ ညံစီနေဆဲပါ။ တာဝန်ရှိသူတွေကလည်း မဲရုံမှာ တရားဝင်နှောက်ယှက်မှုနဲ့
ပြဿနာရှာချင်၊ နိုင်ငံရေးပါတီတွေကလည်း မဲမသမာမှုရှိတယ်ဆိုပြီး ကော်မရှင်နဲ့ မဲရုံမှူးတွေကို
တိုင်ချင်၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားအားထုတ်နေကြ ပါတယ်။
ပြည်သူကလည်း
မိမိရဲ့အားနည်းမှုမရှိပါဘဲလျက် မဲစာရင်းမှာမပါလို့ ကော်မရှင်ကို အချိန်မီအကြောင်းကြားခဲ့သော်လည်း
မသိကြိုးကျွံပြု မဲစာရင်းမှာချန်လို့ ကြိတ်မနိုင်ခဲမရ မိမိရဲ့တကယ့်ဆန္ဒအမှန် ဖော်ထုတ်ချင်ခါမှ
ပျောက်ကွယ်နေရတဲ့ မဲစာရင်းကြောင့်လမ်းဘေးမှာငုတ်တုတ်ထိုင်ရင်း မဲပေးနေကြသူတွေကို ငေးကြည့်နေခဲ့ရတာပါ။
အဖြစ်က ဒီလ
ိုပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးမယ့်သူစာရင်းမကျန်လစ်ရလေအောင် ရ.ယ.က တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အခုကြားဖြတ်ရွေးကောက်ပွဲမှာလဲ အုပ်ချုပ်ရေးမှူးများက ၂၀၁၀ စာရင်းအခြေခံလို့ မဲစာရင်းတွေ
ထုတ်ပြန်ခဲ့ရတယ်။ နေထိုင်တာ ပြောင်းရွှေ့ရင်ဖြုတ်၊ နောက်တိုးကိုထပ်ပေါင်း၊ အသက်ပြည့်မှီသူတွေတိုးပွား။
ဒီလိုလုပ်ရမှာမဟုတ်လား။
အခုတော့
ယခင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်စာရင်းမှာ မဲပါသူတွေလဲစာရင်းပျောက်။ အိမ်ထောင်ဦးစီး
တစ်ယောက်လောက်သာ မဲစာရင်းပါဝင်ပြီး တစ်အိမ်သားလုံးစာရင်းပျောက်နေတာလည်းရှိရဲ့/ မိမိကိုယ်တိုင်
ဆယ်အိမ်မှူး၊ မဲရုံမှူးဖြစ်နေရက်နဲ့ တစ်အိမ်ထောင်စုလုံး မဲမပေးရတာလည်း ရှိရဲ့ဗျာ။
ရပ်ကွက်ကော်မရှင်
ဖြေရှင်းပုံတစ်ခုကတော့ထူးရဲ့။ နာမည်စာရင်းက မစန်း။ မဲစာရင်းမှာက မစန်းစန်းဌေးဖြစ်နေတယ်။
မှတ်ပုံတင်နံပါတ်ကလည်းလွဲ။ ဒါပေမဲ့ အဖေနာမည်အမှန်။ နေရပ်လိပ်စာအတိအကျ။ ဒါကိုအရေးဆိုတော့
လစ်လပ်နေရာမှာ အစားထိုးပေးစေခဲ့တာပါ။ တစ်ယောက်တည်းလားဆိုတော့ အခြားတစ်ယောက်ကျ အဖေနာမည်မတူလို့
ပေးရမယ့်မဲရုံမှာမပေးရဘဲ နောက်တိုးစာရင်းနဲ့ မဲရုံနေရာပြောင်းပေးရတယ်။ ဘာပဲဖြစ်ဖြစ်
စာရင်းပျောက်လို့ တစ်အိမ်လုံး တစ်မိသားစုလုံး မဲမပေးရတာထက်စာရင် တော်သေးတယ်လို့ ပြောရမှာပေါ့။
''ဒါကျမအသိနဲ့
ကျမလုပ်တာ။ ဘယ်ပါတီဝင်မှမဟုတ်ဘူး၊ ကျမလို မဲဆန္ဒပြုချင်ရက်နဲ့ မဲမပေးရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ
သိချင်လို့ စာရင်းပြုစုတာပါ။ (၈၊ ၉၊ ၁၀)လမ်း - (၃)လမ်းပဲ ကောက်နိုင်ပါသေးတယ်။ ကျမက
ဈေးသည်ပါ။ ဈေးရောင်းရပါဦးမယ်။ ကျမနိုင်သလောက် လုပ်တာပါ။ အခုမဲစာရင်းမှာမပါတာ (၃)လမ်းမှာ
စာရင်းကောက်တာ အယောက်(၇၀) ရှိသွားပြီ'' ဆိုသူကဆိုပေါ့ဗျာ။
ကျနော်လုပ်ရမှာက
မဲဆန္ဒနယ်တွေမှာ ရသလောက် သတင်းယူရမှာ မဟုတ်လား။ အခုတော့ ရပ်ထဲရွာထဲ မဲစာရင်းပျောက်လို့
မဲမပေးရသူတွေနောက် လိုက်နေရတယ်ဗျာ။ ဒါဘာကြောင့်လဲ။ ဘယ်အတွက်မဲစာရင်းကျန်တာလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့
ချန်တာလို့ ထင်စရာက …
''ရာခိုင်နှုန်း
ကွာဟမှုမရှိပါစေနဲ့၊ ဘာပဲဖြစ်ဖြစ် နိုင်ကိုနိုင်ရမယ်။ ခင်ဗျားတို့ ကျုပ်တို့က ပါတီဝင်တွေ၊
ခင်ဗျားနေရာ ခင်ဗျားမြဲချင်တယ်မဟုတ်လား။ မဖြစ် ဖြစ်တဲ့နည်းနဲ့လုပ်လို့ ညွှန်ကြားသူကလည်း
ညွှန်ကြားထားတယ်။ ဒီတော့ မကွေးမြို့နယ် စလံရွာမှာ ဖြစ်သွားတာကျတော့ နည်းစနစ် ဥပဒေဘောင်တေ
ွ အကုန်ကျော်ကုန်တယ်ဗျို့”
သူက ရွာမှာ
မိုက်တကာ့မိုက်တဲ့ကလေး၊ မဲဆန္ဒမတိုင်ခင်ရက်တွေမှာ ''ငါးမင်းဆွေ''ရေးတဲ့ ဒေါ်စုမကောင်းကြောင်းဆောင်းပါးတွေ
ဖြန့်ဝေတယ်။ အမတ်လောင်း ဦးမြင့်သိန်း ကိုယ်ရေးအကျဉ်းတွေဝေတော့ တားမြစ်တယ်။ နောက်ဆုံး
မဲရေတွက်တော့ ပြည်ခိုင်ဖြိုးနဲ့ NLD မဲအရေအတွက်ချင်းညီနေတယ်။
၂၀၉ မဲ နဲ့ ၂၀၉ မဲ။ ဘသားချော ဘာလုပ်တယ် အောက်မေ့တယ်မှတ်လဲ။ ကြိုတင်မဲ ၅၆ မဲကို ''ကျုပ်တို့
နိုင်ကိုနိုင်မှရမယ်'… တဲ့။
“ကောင်းရောဗျာ။
ကြိုတင်မဲဆိုတာက မဲရုံဖွင့်ကတည်းက ရေတွက်ရတာမဟုတ်လား။ အခုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကြီး
မှာတဲ့အတိုင်း အနိုင်ရမှတဲ့ဗျို့။”
ဒီမှာတင်
အစာမကြေ ဖြစ်နေကြတော့ ဒီကိစ္စကို တရားဝင်ကိုင်တွယ်ဖြေရှင်းမယ် ဖြစ်နေတာပေါ့။ တစ်ခိျု့နေရာတွေမှာ
အသေးအဖွဲပြဿနာလေးတွေ ရှိပေမယ့် NLDက မဲအသာရတော့ ငုတ်သျိုးခဲ့တာလဲ ရှိရဲ့။ အခု စလံကိစ္စကိုတော့
ကိုင်တွယ်ဖြေရှင်းမယ်လို့ အောင်နိုင်ရေးအဖွဲ့ဝင်တွေက တင်းတင်းမာမာ ပြောနေတာ ကြားတယ်ဗိျု့။
ကဲ … တစ်ဖက်ကလည်း မကြီးကန်ကိစ္စကို တရားစွဲမယ်လို့ ပြင်နေလေရဲ့။
မဲစာရင်းမှာ မပါလို့ လူ(၃၀၀)လောက်က မဲရုံက မပြန်ဘဲ ဖြစ်နေတာကို သွားရောက်ဖြေရှင်းရာမှာ
စကားအခြေအတင် များကြတယ်ထင်ပါတယ်။ ဒီလောက်တောင် မဲစာရင်းမှာ လိမ်ညာမှုတွေ ရှိရက်နဲ့ ပြည်ခိုင်ဖြိုး
မကွေးမှာ ဘာကြောင့် ရှုံးသလဲလို့ ၀ါရင့်ပုဂ္ဂိုလ်တွေကို ချဉ်းကပ်မေးကြည့်တော့ တစ်ခွန်းတည်းပဲ
ပြန်ပြောခံရပါတယ်။
''သောက်ညင်ကပ်လို့ဟေ့၊
ပြည်သူက မုန်းလို့ '' တဲ့။
သေချာလေ့လာကြည့်တော့
ပြည်သူကို စည်းရုံးရေးဆင်းရာမှာ အထက်စီးလေသံနဲ့ပြောတာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို
လက်ကိုင်ထား ညစ်မယ်ဆိုတာတွေ၊ ၀န်ထမ်းတွေကို ခြိမ်းခြောက် အနိုင်ယူတာတွေ၊ အဆိုးဆုံးက
အာဏာနဲ့မဲရအောင်လုပ်မယ်ဆိုတာတွေက ပြည်ခိုင်ဖြိုးအထူးသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့
ထီမထင်တဲ့ အပြုအမူတွေက ပြည်သူရဲ့မျက်မုန်းကျိုးခြင်းကို ပိုခံရတာပါပဲ။ ရရှိထားတဲ့
အမိန့်အာဏာနဲ့ ယာမြေကွက်တွေကို အပိုင်ဝယ်သိမ်းတာကအစ မလိုအပ်ပဲ ၀န်ကြီးချုပ်အားရစေမယ့်
လုပ်ရပ်မှန်သမျှ လုပ်ဆောင်ပေးတာက ပိုဆိုးပါတယ်။
ဝန်ကြီးချုပ်ကလည်း
ဒီနေရာမှာ ငါဘုရင်၊ ငါထင်တာလုပ်မယ်။ ည (၁၀) နာရီဆို ဆိုင်တွေပိတ်။ မအိပ်ရင် မှောင်ရိပ်ခိုမှုနဲ့ဆွဲထည့်။
အနောက်ဖက်ကမ်းက ''စိန်လင်း” ဆိုတဲ့ လူမိုက်နဲ့ပေါင်း (စိန်လင်းကလည်း သူ့ကိုအပိုင်ကိုင်ထားတဲ့
movie ခွေရှိတယ်လေ - ဦးနဲ့သမီး ချစ်ရည်လူးနေတဲ့ movie ပါ)။
ပညာရေးကောလိပ်အရှေ့ဘက်မှာ
ဧကအကျယ်ကြီး ယာပိုင်ရှင်ကို ဖိအားပေးပြီး မရောင်းရောင်းအောင် တစ်ဧက (၄)သိန်းနဲ့ ၀ယ်ထားတာ၊
သံပြားအပြာကြီးတွေကာထားတာ။ မကွေးကိုရောက်ဖူးတဲ့သူတိုင်း တွေ့မှာပါ။ ဒါကို ကောင်းမွန်စိန်ဌေးက
ပဲပိုင်လေဟန် လေသံတွေ ပစ်ထားတာ ကြာပါပြီကော။ ဘယ်သူ့ဟာလဲ။ ဘာလုပ်မှာလဲ။ ဘာ ... ဘာ
... ဘာ တွေ ထပ်နေအောင် မေးရတဲ့ ခြံကြီးပါ။
တစ်ခါ စစ်ဆေးရေးစစ်တာ
ဘီလျံ ၅၀ လောက် စာရင်းမပြနိုင်လို့ စိန်ဌေး (ကောင်းမွန်) အခက်တွေ့နေတာ။ တကယ်ဖြေရှင်းလိုက်တော့
နိုင်ငံတော်ကို သိန်းသုံးသောင်း ဒဏ်ရိုက်ခံလိုက်တာနဲ့ ပြီးသွားတယ်ဆိုလား။ ပျင်းတောင်ပျင်းသေးတယ်ဟေ့။
သိန်းသုံးသောင်းလောက်ကတော့။
လာပြန်ပြီ
အခုတစ်ခါ။ တိုင်စာတွေ တစ်ပွေ့ကြီးနဲ့။ ကံဖယ်ရင် ကံဆည်တာတောင် မရဘူးနော်။ အခက်တွေ့တော့ ယတြာချေ။ သူ့အိမ်ရှင်မ မြသလွန်ဘုရား အင်္ဂါထောင့်မှာ
တစ်ယောက်တည်း။ လုံခြုံရေးတွေချ။ ဆုတောင်းခဲ့တယ်။ ကန်သာကန်ကြီးကို ဘူဒိုဇာစက်ကြီးတွေနဲ့
တစ်ကန်လုံးရှင်းနေတာ။ ဆရာတော်တွေကတော့ သာသနာ့ဗိမာန်အတွက်ထင်လို့ ၀မ်းသာနေရဲ့။
အဟတ် ဟတ်
ဟား ... ဟား ... ဘယ်ဟုတ်ပ့ါမလဲ။ ကံဆင့်တာတဲ့လေ။ သနားလိုက်ပါဘိ။
ကျွတ်
... ကျွတ် ... ကျွတ် ... သူမသိတာက ကံဆည်တယ် ဆိုတာ ကိုယ်တိုင်ကိုယ်ကျ တူး၊ ဆယ်၊ ဖို့
ရတာ။ သူ့ယတြာကပဲ စွမ်းလို့လားတော့ မသိဘူး။ အဲဒါလည်း လုပ်လိုက်ရော ဒေါ်စုတစ်ယောက် မကွေးကိုတောင်
ရောက်မလာနိုင်တော့ဘူး။
ကောင်းလိုက်တဲ့
ယတြာအစွမ်း။ ညနေချမ်းမှာ ဂေါက်ကွင်းလာသမျှ ဘီယာချကြဟေ့ဆိုပြီး ဒကာခံကာ အောင်ပွဲကျင်းပတယ်တဲ့လေ။
ကဲ … ဒီတော့
အစတုန်းက ပြည်ခိုင်ဖြိုးကို မချစ်သော်လည်း အောင့်ကာနမ်း၊ ပိုက်ဆံချေးတာတွေ လမ်းဖောက်ပေးတာတွေ၊
ရှင်ပြုပွဲလုပ်ပေးတာတွေ (ဒါတွေကလည်း ပြည်သူတွေ မသိသေးတာပါ။ တကယ်တော့ ဒါတွေဟာ နိုင်ငံတော်က
ငွေတွေနဲ့လုပ်နေတာပါ။) ရှိစေတော့ … အားနာပါနာ။ ဧပြီ(၁)ရက်လည်းရောက်ရော အစိမ်းရောင်က
အနီရောင်ဖြစ်။ ခြစ်လိုက်ကြတဲ့ အမှန် ခွပ်ဒေါင်း ခွပ်ဒေါင်း ဖြစ်ကုန်တာပေါ့။
စေတနာစကားနဲ့
သေချာပါးလိုက်ရရင် ပြည်သူကို တကယ်စေတနာထား၊ အကောင်းအဆိုးကို အကြောင်းအကျိုးနဲ့ဆင်ခြင်၊
အမြင်မှန်သဘောပေါက်၊ စကောလောက်မှ စောက်မနက် အကြံပက်စက်တဲ့ ခွေးကောင် မဖြစ်စေနဲ့။ အရွေးချယ်ခံဘ၀ဆိုတာ
အသွေးအမွေးလှမှ အရေးကောင်းချင်ရင် စိတ်ထား ပြောင်းဘို့လိုမယ်ဆိုတာ သေချာမှတ်ထားလိုက်ပါလို့
။ ။
Comments