Monday, February 20, 2012

Zarganar in SF Community Event a great success

 ကိုဇာဂနာနဲ့ ဆန်ဖရန်မြန်မာမိသားစုများ တွေ့ဆုံပွဲစည်ကားသိုက်မြိုက်
ဓာတ်ပုံသတင်း၊(Media Credit - ကိုဒေါ်နယ်၊ ကိုမိုက်မင်းမင်း) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂
ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ ချာဘိုးကောလိပ်ခန်းမမှာ ဇာဂနာနဲ့ မြန်မာမိသားစုများ မိတ်ဆုံပွဲတော်ကို ကျင်းပရာ ဘေးဧရိယာရောက် မြန်မာမိသားစုဧည့်ပရိသတ် ၁၀၀၀ နီးပါး တက်ရောက် အားပေးကြပါတယ်။
စွယ်စုံရ လူရွှင်တော်၊ အနုပညာရှင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာ မြန်မာမိသားစုများနဲ့ မိတ်ဆက်ဟောပြောမှုများအပြင် ၂၀၁၂ ဇန်န၀ါရီ ၄ ရက် ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာလွတ်လပ်ရေးနေ့ ရုပ်ရှင်ပွဲတော်က ဇာတ်ကားများ၊ ဆုရဒါရိုက်တာများရဲ့ ကားသစ်များနဲ့ ၈၈ မျိုးဆက်တို့ရဲ့ နှုတ်ခွန်းဆက်စကားတို့ကို တင်ဆက်ပြသခဲ့တာကိုတွေ့ရပါတယ်။ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုများ စောင့်ရှောက်ကူညီရေး၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးတင်ဆက်ပြသရေး လုပ်ငန်းများ လုပ်ကိုင်နေတဲ့ ကိုဇာဂနာကို ပြည်ပရောက် မြန်မာများက သောင်းသောင်းဖြဖြ ကြိုဆိုထောက်ခံ အားပေးမှုများ ပြုလုပ်ကြတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။


ကိုမိုက်မင်းမင်းရဲ့ Eagel Vidoe Production က မေတ္တာနဲ့ ရိုက်ကူးပြီး ယူကျုကနေ တင်ဆက်ပြသပေးမယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံများကိုတော့ ကိုဒေါ်နယ်ရှူးက ရိုက်ကူးမျှဝေပေးတာ ဖြစ်ပါတယ်။
Post a Comment