Witthmoe (Singapore) - Articles

ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး
ဝတ်မှုန် (စင်ကာပူ)
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂

ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဘာသာရေးတရားဟောဆရာလည်း မဟုတ်ပါဘူး။ သို့သော် နိုင်ငံကိုကောင်းစေချင်တဲ့ ခရစ်ယာန် ဘာသာရေးမီဒီယာလုပ်ငန်းလုပ်ပါတယ်။

အင်တာနက်မှာ 5-Feb-2012 YouTube ခရစ်ယာန်တစ်ဦးရဲ့ဘ၀အကြောင်းကို နားထောင်လိုက်ရတဲ့အချိန်မှာ၊ သူပြောသလို သူနဲ့ကိုယ်က RIT ဘွဲ့ရချင်းအတူတူ၊ ခရစ်ယာန်လည်းတူ ..ဆိုတော့ အလွန်စိတ်ဝင်စားမိတယ်။ အံ့သြလွန်းလို့ တခြား RIT နဲ့ဆက်နွယ် သူတွေကိုမေး ကြည့်တော့ ဟုတ်လားလို့ပဲ ပြန်မေးခံရတယ်။

ဇတ်လမ်းကတော့ ... အသက် (၇) နှစ်အရွယ် သူရိန်ထွန်း ဆိုသူ မိဘ ၂ ပါးနဲ့၊ သူ့ညီမလေးရယ် သထုံဖက်၊ ကားနဲ့ခရီးထွက်စဉ် စစ်တပ်က အမေ့ကို မုဒိမ်းကျင့်၊ အဖေ့ကိုဘက်နက်နဲ့ထိုးသတ်၊ ကားနဲ့အလောင်း ဓါတ်ဆီလောင်းမီးရှို့ပြီး၊ မောင်နှမ ၂ ယောက်ကျန်ရစ်ခဲ့တယ်။ နောက်ပိုင်း ပဲခူးမှာ ၁၀ တန်းအောင်၊ သူက RIT ပြီးတယ်။ ညီမက MBBS ပြီးတယ်။ မိဘသတ်သူကိုလက်စားခြေဖို့ တောထဲဝင်မယ်ကြံတုန်း ပဲခူးဘုန်းကြီးက သံ ဃာဝတ်ခိုင်းရာမှ ဘုန်းကြီး (၉) ဘွဲ့ရတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က သူ့ကို ပြည်ပပညာသင်ပို့တယ်။ အိန္ဒိယက M.A Buddhism, သီရိလင်္ကာက Ph.D ရခဲ့တယ်။ မြန်မာပြည်မှာမြှောက်စားခံရပြီး နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးစောမောင်သွား တဲ့နိုင်ငံတွေကို လိုက်ရတယ်။ နောက် နှလုံးကင်ဆာရောဂါရပြီး သေနေ့စောင့်နေချိန် ခရစ်ယာန်တရားကြားပြီး၊ ခရစ်ယာန်ဖြစ်တယ်။ ဘုန်းကြီးလူထွက်ပြီး၊ ကချင်ပြည်ရောက်တယ်။ ပြည်မပြန်လာပြီး ခရစ်ယာန်သာသာနာပြုချိန် အဖမ်းခံ၊ ထောင်ကျ၊ နှိပ်စက်ခံရပေမဲ့ ပန်းပန် လျှက်ပါပဲလို့ အလွန်ဘုရားရဲ့စောင့်ရှောက်မှုခံရကြောင်း ပြောပါတယ်။ မေတ္တာတရားလည်း ရရှိကြောင်းကို သူ့မိဘသတ်သွားသူ အသက် ၈၀ အရွယ်ပြန်တွေ့ပြီး၊ ခွင့်လွှတ်နိုင်ကြောင်း၊ ဘုရားမေတ္တာကြီးမားလှကြောင်း စသဖြင့်ပေါ့။ ပါဠိစကားတွေ၊ စာအုပ်တွေ ညှပ်ပြောတော့ ... ကျွန်တော်နားမလည်ပေမဲ့၊ သူ့ရဲ့အသံကြားပြီး ယုံလိုက်မိပါတယ်။

အံ့သြစရာကြီးပေါ့။ ဘုရားသခင်လုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုပြီး အချက်အလက် အနည်းအကျဉ်းစုံစမ်းတယ်။ RIT ဘွဲ့ရသူငယ်ချင်း များကလည်း မသိဘူး၊ ဟုတ်လားလို့ပဲ ပြောတယ်။ ဘယ်သူမှ မကန့်ကွက်ရဲဘူး။ Data မှမရှိပဲကိုး။ အဲဒီ တနာရီကြာတဲ့ YouTube ဟာ အင်တာနက်မှာ ၄ ရက်အတွင်း အကြိမ် တစ်သောင်းငါးထောင်ကျော် (15,000) count ဖြစ်သွားတယ်။ ကွန်မင့်တွေအများကြီးပေးကြပေမဲ့ သူပြောတဲ့အကြောင်းတွေကို Data နဲ့ ကန့်ကွက်မဲ့လူမရှိဘူး။

အဲဒီလူက တဆင့်တိုးပြီး ဗုဒ္ဓဘာသာတွေကို တိုက်ရိုက်ဘုန်းကြီးအသံ၊ ပါဠိစာလုံးတွေနဲ့ ခရစ်ယာန်တရား ၂ ခုထုတ်လိုက်တာ၊ နာရီပိုင်း အ တွင်း အပြင်အထန်တိုက်ခိုက်မှုကိုခံရပြီး၊ ခရစ်ယာန်အချင်းချင်းကလည်း ဒီလူလိမ်ဖြစ်တယ်ဆိုတာကို သက်သေများနဲ့ပြောလာတာကြောင့် YouTube ကနေ ဖြုတ်ချလိုက်ပါတယ်။

ကျွန်တော်တို့ RIT ကျောင်းဆင်းတဲ့။ ပဲခူးမြို့က အင်ဂျင်နီယာတွေက မဖြစ်နိုင်ဘူး။ ဒါလောက်နာမည်ကြီးတာတောင် မကြားဖူး။ ပြီးတော့ 1982 B.E Civil ဘွဲ့ရသူ ၁၆၀ ဦးမှာ သူရိန်ထွန်းဆိုတာမပါဘူး။ RIT 1980-1984 အင်ဂျင်နီယာဘွဲ့အားလုံးရသွားသူစာရင်းမှာလည်း သူရိန်ထွန်းဆိုတာ မတွေ့ဘူး။ အဲဒီလူကို ဘန်ကောက်ကမိတ်ဆွေတွေက အင်တာဗျူးတဲ့အသံဖိုင်ကို နားထောင်ပြီးချိန် ဒီလူ RIT ကျောင်းမတက်ဖူးဘူးဆိုတာ သေချာပေါက် သိသွားပါတယ်။ ဒီတချက်နဲ့ပဲ သူကို Reject လုပ်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေလည်း တခါတလေ သတင်းထူးပဲဆိုပြီး၊ ယုံလို့ အေပရယ်ဖူးနေ့များမှာ အင်တာနက်၊ ယုံချင်စရာများ တင်ပြ လေ့ရှိတယ်။ အခုကိစ္စတော့ ခရစ်ယာန်မီဒီယာလောကအတွက် အရှိုက်ကိုထိုးခံရတဲ့ လိမ်လည်မှုကြီးပါ။ ဒီလူ ဘာသာရေးဘန်းပြ လိမ်စား နေတာ အခုချိန်မသိရင် နောက်နောင်ပိုဆိုးလာမလားမသိ။ မြန်မာပြည်မှာ ၁၅ နှစ်လောက် ဘုန်းကြီးလူထွက်၊ ခရစ်ယန်ဘာသာဝင်ပြီး မြန်မာပြည်တွင်းမှာလိမ်လို့ အဆင်မပြေတော့၊ အခု ပြည်ပထွက်လာပြီး လိမ်ပြန်တယ်။ ပြည်ပကျတော့ လိမ်လို့မရတော့ဘူး။ မိသွား ရှာတယ်။

● လင်္ကာအရှင်ရဲ့ဖေ့စ်ဘုတ်
13-Feb-2012 မှာတင်ထားတဲ့ အချက်အလက်မှာ၊ သီရိလင်္ကာ ကိုလံဗုဒ္ဓတိသရဏယူနီဗာစတီက Ph.D ရသွားတာဆိုတာ
၁။ ၂၀၀၈ ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊
၂။ ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ
၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါ တယ်ဆိုတာ Data ရအောင်ရှာပြီး၊ ဒီလူဟာ လူလိမ်ဖြစ်ကြောင်း ချေပနိုင်ပါတယ်။

RIT ဘွဲ့ရမဟုတ်ကြောင်း၊ Ph.D ဘွဲ့ရမဟုတ်ကြောင်း ဒီ (၂) ချက်ရဖို့ ၇ ရက်တောင် ကြာမြင့်ပါတယ်။ နောက်ပိုင်းတော့ အဲဒီခရစ်ယာန် ဘုန်းတော်အတုရဲ့ လိမ်တဲ့အချက်တွေ တခုပြီးတခုပေါ်လာတော့မှာပါ။

ဒါ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အလွန့် အလွန် အရေးကြီးပါတယ်။

အင်တာနက်ခေတ်ကြီးမှာ ခရက်တစ်ကပ်၊ အိုင်စီပျောက်လို့ ရဲ၊ ဘဏ်ကို သတင်းမပို့ခင် နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းနဲ့ ငွေထုတ်သွားနိုင် တဲ့ခေတ်ကြီးမှာ၊ ဒေတာ (အချက်အလက်) အလွယ်တကူမရနိုင်တဲ့ မြန်မာလူမျိုးများအတွက် လူလိမ်များရန် ကာကွယ်ဖို့ခက်ခဲလှပါတယ်။ ဘယ်သူ့ကိုယုံရမလဲ။ မြန်မာသံရုံးတွေကကော ..ယုံရပြီလား။

● လူလိမ်ကြီးများကြီးစိုးနေသော မြန်မာနိုင်ငံ
မြန်မာပြည် စစ်အစိုးရခေါင်းဆောင်များဟာ ဟိုးယခင်က ရိုးသား၊ အမိန့်နာခံမှုနဲ့ လုပ်သူများဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ သူတို့ မှာပညာမရှိတော့ နိုင်ငံရေးလိမ်မာပါးနပ်စွာလုပ်စားနေရင်းကနေ စစ်တပ်အာဏာသိမ်းပြီး၊ နောက်ပိုင်းမှာ ပညာတတ်ရင်၊ လုပ်စားလို့မရတဲ့ အထိဖြစ်သွားပါတယ်။ ဥပဒေအားလုံးကို နှုတ်ဥပဒေ (တနည်းအားဖြင့် စစ်ဥပဒေနဲ့) တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ် ၅၀ အတွင်း ဒီလိုဖြစ်သွား တာကို အားလုံးသိပြီးဖြစ်ပါတယ်။

အခု ဒီဘာသာရေးလူလိမ်အကြောင်းကို ဆက်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ဘာမှယုံကြည်မှုမရှိပဲ၊ နှစ်ပေါက်တပေါက်၊ အပွကြံ၊ တနပ် စားတွေဖြစ်ပြီး၊ တရုတ်ကြီးရဲ့ဝါးမြိုမှုတွေကိုမြင်ပြီး ပြုပြင်ပြောင်းလဲရေးအစိုးရသစ် ၂၀၁၁ မှာစတင်ခဲ့တာ တနှစ်ရှိပါပြီ။ မြန်မာအစိုးရသစ်ရဲ့လုပ်ဆောင်မှုတွေကတော့ တနှစ်အတွင်းမှာ အံ့သြဘွယ်လုပ်ပြခဲ့ပါတယ်။

အခုရေးလိုတာကတော့ လူလိမ်များ၊ ပြည်တွင်းမှာ ဆက်လိမ်လို့ လုံးဝမရသူများ၊ ပြည်ပထွက်ပြီးလိမ်တာတွေ များနေပါတယ်။ မြန်မာပြည်ပြု ပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်းမှာ ဆက်လိမ်လို့မရတော့သူတွေ ပြည်ပထွက်လိမ်ရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြည် ပရောက်မြန်မာများ အထူးသတိထားစေလိုပါတယ်။ သန့်ရှင်းမြင့်မြတ်ပါတယ်ဆိုတဲ့ ဘာသာရေးလောကထဲအထိ အတုအယောင်တွေ ၀င်လာကြတာ ကိုယ့်ဘုန်းကြီးကလိမ်တော့၊ လူမသိတိတ်တိတ်ကလေး၊ ဖြေရှင်းလိုက်ကြတာများပေမဲ့ အခု အင်တာနက် ယူကျူ့အထိ တက်ပြီးလိမ်တာကတော့ အကောင်းမြင်ဖက်ကကြည့်ရင် ဒီခရစ်ယာန်ဘုန်းကြီးအတု ဆက်လိမ်လို့မရတော့ဘူး။ နောက်မြန်မာလူမျိုးတွေ လည်း သတိထားပေတော့လို့ မှတ်ယူလိုက်ပါတယ်။


● ပြည်ပငွေလိမ်သတင်းကြီး ၂ ခု
၁။ December 2012, စင်ကာပူနိုင်ငံ၊ ရွှေရတနာဆိုတဲ့ ဆိုင်ပိုင်ရှင် စင်ကာပူနိုင်ငံသားခံယူထားတဲ့ မြန်မာပြည်ကအမျိုးသမီးက မြန်မာပြည်မှာအတိုးပိုရတယ်ဆိုပြီး သူ့ဆီအပ်ထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ခပ်တည်တည်နဲ့လိမ်သွားတယ်။ ဆိုင်ကို ခဲနဲ့ပေါက်မဲ့ အလုပ်သမား ငွေလွှဲသူများကိုတော့ သူတို့လွှဲတဲ့ငွေတွေ ပြန်ပေးတယ်။ ဒေါ်လာသိန်းချီပြီး အပ်ထားသူများရဲ့ ငွေကိုတော့ ပြန်မပေးပဲ ပျောက်ဆုံးနေပါတယ်။ ထို့အတူ လွိုင်ဟိန်းဆိုတဲ့ဆိုင်ကလည်း တခြားမြန်မာဆိုင်အငယ်များက အလုပ်သမားများလွှဲငွေများကို ထပ်မံလိမ်ယူ၊ ထွက်ပြေးပျောက် ဆုံးသွားပါတယ်တဲ့။ အဲဒီလူတွေလည်း မကြာခင် စင်ကာပူပြန်လာကြမလားမသိဘူး။

၂။ January 2012, ကိုရီးယားဝမ်ငွေ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာပြည်သို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော နိုင်သားလေး (ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင်.montharlay@gmail.com) ဆိုသူသည် မြန်မာပြည်သို့ငွေလွှဲရန် မြန်မာအလုပ်သမားများအပ်နှံထားသော ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါသည်။ ၎င်းကိုင်ဆောင်သောဖုန်းနှင့် ဂျီမေးအကောင့်ကို လည်း လုံးဝပိတ်ထားလိုက်ပါသည်။ ကိုသစ်ထူးလွင်မှ သတင်းအဖြစ် နောက်ထပ် အလုပ်သမားများ ကျွန်တော်တို့လို အလိမ်မခံရရေး အတွက် အသိပေးစေလိုပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအသင်းအကြီးအကဲ ဦးဝိုင်းထံသို့မေးမြန်းနိုင်ပါသည်။ (ဖုန်း ၈၂ ၁၀၂ ၃၃၁၂၄၅၇) လို့ပါတဲ့အတွက် ဦးဝိုင်းကိုဖုန်းခေါ်ပါတယ်။ ဦးဝိုင်းဖြေကြားချက်က - အဲဒီလူငယ် ထိုင်းနိုင်ငံကနေ သူ့ဆီကိုဖုန်းဆက်တယ်။ သူကိုးရီးယားရောက်လာတာ ၆ နှစ်ရှိပြီ။ ဆိုင်ထောင်တယ်။ မကိုက်လို့ ဆိုင်ကိုသူများလွှဲလိုက်ပြီး ငွေလွှဲတာပဲလုပ်တယ်။ အကျပ်အတည်း တွေ့လို့ တခြားနိုင်ငံရှောင်သွားတယ်။ အခု ငွေပြန်လည်ပြီမို့ လွှဲငွေအားလုံးကို ပြန်ပေးပြီးတဲ့အတွက် သစ်ထူးလွှင်က ဒီသတင်းပြန်ဖြုတ်ပေးဖို့ ပြောပေးပါဆိုပဲ။

ဒီလူတွေလည်း မြန်မာပြည်ကလူလိမ်များလို ဥပဒေအရတရားစွဲလို့လဲမရနဲ့၊ လိမ်လည်မှုဖိုးတွန်တီးဆိုတော့ တော်တော်ခက်ပါတယ်။ ခပ် တည်တည် ဆိုင်ပြန်ဖွင့်နေနိုင်တာပဲ။ အံ့သြမိတယ်။

● ဆောင်းပါးနိဂုံး
ဒါကြောင့်ပဲ ပိုက်ဆံလိမ်ပြီး ပြည်ပထွက်ပြေးလာသူ မြန်မာများစွာ တတိယနိုင်ငံတွေမှာ ဒုက္ခသယ်အဖြစ်ငွေပေးပြီး၊ ရီဂျစ်စတာလုပ်လို့ အမေရိကား၊ သြစတြေးလျှားမှာ ငွေထုပ်ကြီးနဲ့ရောက်သွားသူများစွာ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့် အနားပေးလိုက်ကတည်းကပါပဲ။ အဲဒီလူများ ဟာ ဒုက္ခသည်အတုများဖြစ်ပါတယ်။ ဟိုလူ..သည်လူ .. ဒုက္ခသည်အတုလို့ပြောနေမဲ့အစား ကိုယ်တိုင်ပဲ၊ လမ်းမှားကနေ - လမ်းမှန်ကို လျှောက်ပြီး၊ မိမိ မိသားစုဂုဏ်ကို မြှင့်တင်နိုင်သူများဘ၀ ပြန်ရောက်စေဖို့ မျှော်လင့်ပါတယ်။

အကောင်းမြင်ဖက်ကကြည့်ရင် မြန်မာပြည်တွင်းမှာလိမ်မရတဲ့လူများ ပြည်ပရောက် ရိုးရိုးအေးအေးနေတဲ့၊ မြန်မာလူမျိုးတွေလည်း သတိ ထားပေတော့လို့။

Comments

Unknown said…
ပြသနာရဲ့ဇစ်မြစ်က သီရိလင်္ကာ ကိုလံ ဗုဒ္ဓတိသရဏ ယူနီဗာစတီက PhD ရသွားတာဆိုတာကနေ စတော့တာပဲ

သီရိလင်္ကာပညာတော်သင်တွေထဲက ဒေါက်တာဘွဲ့ရတာက ယခုတိုင်သုံးပါးသာရှိသေးတာ ယင်းသုံးပါးထဲလည်း သူ့နာမည်မပါဘူးလို့ သတင်းတွေကထွက်လာတယ်လေ -ဘာလို့လည်းဆိုတော့ သီရိလင်္ကာမှာ အမ်အေတက်ပြီး နောက်နိုင်ငံဗဟုသုတလည်းရ အချိန်တိုတွင်းလည်း ဒေါက်တာဘွဲ့ပြီးကြအောင် အိန္ဒိယကိုကြွရောက် ပညာသင်ကြားကြလို့ သီရိလင်္ကာဒေါက်တာသုံးပါးသာပေါ်ထွက်ခဲ့ရခြင်းဖြစ်ပါါတယ် ။ ယင်း ဒေါက်တာသုံးပါးကတော့

၁။(၂၀၀၈)ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊

၂။ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ

၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိ ဆိုတဲ့ အရှင်သုံးပါးသာ
Anonymous said…
http://www.dhammaflavour.net/2012/02/revtpetersgum-aung-professor.html
thang said…
သူများအကြောင်းကို ပြောပြီးတော့ ကိုယ့်နာမည်တောင်မပြောရဲတာ အဲ့ဒါ မီဒီယာ လား