Sunday, January 29, 2012

Zarganar @ SF Bay - 19th Feb 2012 Sunday


ကိုဇာဂနာနှင့် မြန်မာမိသားစုတို့တွေ့ဆုံပွဲ ဆန်ဖရန်ဘေးဧရိယာ၊ ဖေဖော်ဝါရီ ၁၉ ၊ ချာဘိုးကောလိပ်၊ ဟေးဝဒ်မြို့မှာ ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၂
မြန်မာပြည်မှ အမေရိကန်ပြည်ထောင်စုသို့ တလ တာ လာရောက်မည့် နိုင်ငံရေးအကျဉ်းသားဟောင်း၊ စွယ်စုံရအနုပညာရှင် ကိုဇာဂနာ၏ အနုပညာပွဲတော်နှင့် ဟောပြောပွဲကို လာမည့် ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၂ တနင်္ဂနွေနေ့တွင် ချဘိုးကောလိပ်မှာ နေ့ခင်း ၁၁ နာရီ မှ ၃ နာရီ အထိ ဈေးရောင်းပွဲတော်များ၊ တီရှပ်ရောင်းချခြင်း၊ စသည့် ရန်ပုံငွေ လှုပ်ရှားမှု ပြုလုပ်မှာ ဖြစ်ပါသည်။
ကိုဇာဂနာ၏ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ သွားဆရာဝန် ဒေါက်တာ မောင်မောင်သော်က အလှူငွေ ဒေါ်လာ ၂ထောင် ကို ပွဲတော်ကျင်းပရေးအတွက် မတည်လှူဒါန်းကြောင်း ကြားသိရပါသည်.။ ဇာဂနာ၏ “ရှေ့လုပ်ငန်းစဉ်” များအတွက် လှူဒါန်းလိုသူများနှင့် Sponsor လုပ်ငန်းရှင်များ၊ အစားအသောက် ရောင်းချလိုသူများ ဆက်သွယ်နိုင်ပါကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

0 comments: