Wednesday, January 25, 2012

Naing Oo Nyo - Poem

ဒေါင်းမျိုး ဒေါင်းနွယ်
နိုင်ဦးညို
ဇန်န၀ါရီ ၂၆၊ ၂၀၁၂



အမှန်အကန် ဒေါင်းတွေ တဖြတ်ဖြတ် ပျံသန်းနေဆဲမှာ
အကြံအဖန်ဒေါင်းတွေ တ၀ုန်းဝုန်း ပြေးလွှားနေကြတယ်
ဒေါင်းအမှန်တွေ လမ်းခုလတ်မှာ ထိခိုက် ကျိုးကျေခဲ့ပေမယ့်
ဒေါင်းအကြံတွေတော့ ပန်းပန်နေဆဲပေါ့ ...။

အကြံအဖန် ဒေါင်း
အမှန်အကန် ဒေါင်း
အတွင်းထဲက ဒေါင်း
ပြည်ပရောက် ဒေါင်း
ပြည်တော်ပြန် ဒေါင်း
အသွင်းပြောင်းတဲ့ ဒေါင်း
အယူသည်းတဲ့ ဒေါင်း
အပူမီးနဲ့ ဒေါင်း
ခါတော်မှီ ဒေါင်း
စည်းစိမ်ရစ်နေတဲ့ ဒေါင်း
လမ်းဘေးရောက်နေတဲ့ ဒေါင်း
အနားယူသွားတဲ့ ဒေါင်း
ဆက်သွားနေတဲ့ ဒေါင်း
ကတဲ့ ဒေါင်း
ခွပ်တဲ့ ဒေါင်း
အမြီးပြတ်သွားတဲ့ ဒေါင်း
ကျီးဖြစ်သွားတဲ့ ဒေါင်း
အမတ်ဖြစ်သွားတဲ့ ဒေါင်း
ဒေါင်းတကာဒေါင်းတွေ ဒေါင်းတကာဒေါင်းတွေ
ဘယ်ဒေါင်းယူမလဲ ကြိုက်တာရွေးယူ
ငွေပေါ် လျှော့ဈေးလည်း ရှိရဲ့
ကြိုက်ဈေးခေါ်သူလည်း ရှိရဲ့
အရှက်တကွဲ အကျိုးနည်းတဲ့သူလည်း ရှိရဲ့
အသက်နဲ့ လဲမယ့်သူလည်း ရှိရဲ့
အသက်နဲ့ လဲမယ့်သူလည်း ရှိရဲ့
အသက်နဲ့ လဲမယ့်သူလည်း ရှိရဲ့ ...။
ကျန်ကောင်း ကျန်ပါသေးရဲ့ ...။

0 comments: