Thursday, January 26, 2012

Letter to MoeMaka

မိုး မ ခ သို့ေ ပး စာ ...
ဇန်န၀ါရီ ၂၆၊ ၂၀၁၂



သို့
အယ်ဒီတာရှင့် ....
အကြောင်းအရာ ။ ။ မြ၀တီမြို့မှ ရွှေမြန်မာကားအဖွဲ့ မတရားငွေတောင်း ညစ်ပတ်မှု

မြ၀တီမှ မဲဆောက်သို့ တံတားဖြတ်ကူးသော ခရီးသည်တင် တောင်းအေ့ခ် ရွှေမြန်မာမှ အိမ်စီးကားများအားလုံးကို ၎င်းတို့အဖွဲ့အား ကျပ်ငွေ ၁၀ သိန်းပေးမှ တံတားပေါ်မှ ဖြတ်ခွင့်ပြုမည်ဟု ပြော၍ ကိုယ်ပိုင်အိမ်စီး တောင်းအေ့ခ် များကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေပါသည်။ ငွေးပေး၍ အသင်းမ၀င်သော အိမ်စီးကားတောင့်အေ့ခ်များကို ယာဉ်မောင်တဦးသာ သွားခွင့်ပြုပြီး ကျန်အိမ်သားနှင့် ဧည့်သည်များကို ကားပေါ်မှဆွဲချ၍ ၎င်းတို့၏ကားများဖြင့်သာ သွားရမည်ဟု သရုပ်ပျက်စွာ ညစ်ပတ်နေပါ သည်။

ထိုငွေ ၁၀ သိန်းမှာ ခရက ဥက္ကဌအတွက် ကောက်ခံသည်ဟု သိရပါသည်။ ခရကဥက္ကဌ ကောက်ခံ၍ မည်သည့်နေရာတွင် သုံးစွဲနေသည်ကို စုံစမ်းပေးစေလိုပါသည်။ ၁၀ သိန်းဆိုသော ငွေမှာ မြန်မာနိုင်ငံသားများအတွက် ကြီးမားသော ပမာဏဖြစ်သည့်အပြင် ၎င်းငွေကြေးမှာ ခရက ရန်ပုံငွေဟုပြောပါသောကြောင့် နိုင်ငံတော်မှ သိစေရန် တင်ပြအပ်ပါသည်။ နိုင်ငံတော်သမတကြီးနှင့်တကွ တာဝန်ရှိသော လူကြီးများ မှ ယခုကိစ္စကို စုံစမ်းစစ်ဆေးပေးစေလိုပါသည်။ ယခု သန့်ရှင်းသောအစိုးရလက်ထက်တွင် ယခင်အစိုးရလက်ထက်ကဲ့သို့ ရန်ပုံငွေရှာ ငွေညှစ်နေမှုများမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် သမတကြီး၏ ဂုဏ်သိက္ခာ အလွန်ထိခိုက်ပါသဖြင့် တာဝန်သိ ပြည်သူတစ်ဦးအနေဖြင့် နိုင်ငံတော်သို့ တင်ပြအပ်ပါသည်။

ကိုယ်တွေ့မျက်မြင်ကြံခဲ့ရသူ

0 comments: