Friday, January 27, 2012

Law Eh Soe - To Our Country Heroes ...


သူရဲကောင်းတို့အတွက်
လောအယ်စိုး၊ ဇန်န၀ါရီ ၂၈၊ ၂၀၁၂
(၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံတွင်းက စစ်အစိုးရဖမ်းဆီးမှုကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသည့် ဓာတ်ပုံဆရာတဦးဖြစ်သူ ကိုလောအယ်စိုးက မကြာသေးမီကလွတ်မြောက်လာသော ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ရဟန်းသံဃာတော်များ၊ တိုင်းရင်းသားများနှင့် ကျောင်းသားလူငယ်များကို အလေးပြုရေးသားလိုက်သော စာကလေးကို မိုးမခက အမှတ်တရတင်ဆက်ပေးလိုက်သည်)
ကြီးမားသောသမိုင်းပြောင်းလဲမှုအတွက် ၄င်းတို့သည် တန်ဖိုးကြိးသောပေးဆပ်မှုများကို အမိနိုင်ငံတော်အတွက် ပေးဆပ်ခဲ့ကြသည်။ တချို့က ဆယ်စုနှစ် နှစ်စုကျော်ကျော် တချို့ ဆယ်စုနှစ်တစ်ခုကျော်ကျော် ကျဉ်းမြောင်းလှသော အခန်းများထဲတွင် အကျဉ်းချခြင်းခံခဲ့ရသည်။ သူတိ့တတွေ၏ခန္ဓာအား ဖမ်းဆီးအကျဉ်းချနိုင်စေခဲ့ကာမူ ၄င်းတို့၏ ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်၊ ဆုံးဖြတ်ချက်နှင့် ၀ိဥာဉ်လွတ်လပ်မှုတို့ကိုကား စစ်အစိုးရသည် ဘယ်လိုမျှ ချေဖျက်၊ အကျဉ်းချ၍မရနိုင်ခဲ့။
    နောက်ဆုံး..... အာဏာရှင်တို့ သူတို့အား လက်မြှောက်အရှုံးပေးလိုက်ရသည်။
အကျဉ်းချခံစဉ် နှိုပ်စက်ညှင်းပန်းမှုဒဏ်များကြောင့် အသက်ပေးသွားခဲ့သော အညတရသူရဲကောင်း အာဇာနည်များတို့အတွက် အမိမြန်မာနိုင်ငံသည် ကြေကွဲစေကာမူ မျက်ရည်ကျရင်း ရင်ကိုကော့၍ ဂုဏ်ယူနေမည်သာ။
ထိုအကျဉ်းခန်းများတွင် အနှိပ်စက်ခံကာ အဖိနှိပ်ခံ၊ လွတ်လပ်မှုကင်းမဲ့နေသည့် အကျဉ်းကျ အမိမြန်မာပြည်အတွက် သူတို့သတ္တိပြောင်းမြောက်စွာ တိတ်ဆိတ်သော နှလုံးရည်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။
အကျဉ်းထောင်သည်ပင် သူတို့အတွက် သတ်ကွင်းပြောင်းသွားသော စစ်မြေပြင်သစ်များ ဖြစ်သွားခဲ့ရသည်။ ထိုတိုက်ပွဲများတွင် သူတို့သည် ပြည်သူများကို ကိုယ်စားပြု၍ အနိုင်ယူ အောင်ပွဲခံခဲ့လေသည်။ သူတို့သည် ပြင်းထန်သော မုန်တိုင်းဒဏ်ကို အံကြိုတ်၍ ရင်ဆိုင်ပြီး လက်ချင်းချိတ်ဆက်ကာ နုညံ့အေးမြသော လေပြည်လေညှင်းကို အမိမြန်မာနိုင်ငံအတွက် ဆောင်ကျဉ်းပေးသောသူများဖြစ်သည်။
(သူ့အကြောင်း ကရင်သတင်းစဉ်က မေးမြန်းထားသည့် အင်တာဗျူးကို သည်မှာ ဖတ်နိုင်ပြီ။)

0 comments: