former political prisoners host reunion event near Rangoon University

နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party
တာရာဝေယံ။ ရန်ကုန်၊ ၃၁၊ဇန်န၀ါရီ၊၂ဝ၁၂

ဒီနေ့ညနေက ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြည်ဥယျာဉ် မြက်ခင်းပြင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သရက်ထောင်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်ရဲ့စာ သူ့ဆီကို မကြာမီကမှ ရောက်လာကြောင်း၊ ထိုကဲ့သို့ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားကို အမြန်ဆုံး လွှတ်ပေးရန်လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
 
       Gathering Party ကို ဒီနေ့ညနေ ၅းဝဝ နာရီမှ ၈းဝဝနာရီအထိ ကျင်းပခဲ့တာပါ။ ဒီပွဲကို Self-help program,Yangon by Ex-political prisoner  က ဦးစီး ကျင်းပခဲ့တာဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုဌေြးွကွယ် အပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင် စတဲ့ ဗကသအဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။


       ဒီအခမ်းအနားမှာ ဗကသအဖွဲ့ဝင်များ၊ ပွဲစီစဉ်သူများ၊ ကိုရဲလွင်၊ ကိုနေဝင်း၊ လင်းလင်း အစရှိတဲ့ အနုပညာရှင်များက ကြွရောက်လာကြတဲ့ ဧည့်သည်တွေကို တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ပရိသတ်ရဲ့တောင်းဆိုချက်အရ သရက်ထောင်ထဲမှာ ရေးစပ်ခဲ့တဲ့ သူ့ရဲ့ သီချင်းတစ်ပုဒ်ကို ညီမဖြစ်သူ မသန္တာ၊ ဗကသအဖွဲ့ဝင်များ၊ GW အဖွဲ့ဝင်များနဲ့အတူ သီဆိုပြခဲ့ပါတယ်။

   ပွဲစီစဉ်သူများက မြစ်ဆုံဒေသမပျက်စီးမီက ဓာတ်ပုံကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များထံပေးအပ်ခဲ့ရာ ကိုကိုကြီးက ကျေးဇူးတင်စကားနဲ့ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းစစ်ကြောင့် ပြည်သူများ ဒုက္ခရောက်ရတဲ့အတွက် စိတ်ထိခိုက်ရပုံကို ပြောကြားသွားခဲ့ပါတယ်။ 


 ဒီနောက်မှာ ကဗျာရွတ်ဆိုခြင်း၊ ဗကသ သီချင်းများသီဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန်အတွက် အင်းလျားရေပြင်မှာ ဖယောင်းတိုင်မီးများမျှောပြီး ဆုတောင်းကာ အခမ်းအနားကို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများနဲ့ ည ၈းဝဝနာရီမှာ အဆုံးသတ်ခဲ့ပါတယ်။
 ဦးမြင့်ဆွေ၊ ဒေါ်ငယ်မမသန်း၊ မမာမာဦး၊ မနှင်းနှင်းမွှေး၊ ကိုမင်းကိုနိုင်
အဆိုတော် လင်းလင်း
 မနီလာသိန်း၊ ဒေါ်အေးမြင့်သန်း၊ မနိုဘယ်အေး
 ကိုဇေယျနဲ့ ဧည့်သည်များ
ကိုမင်းဇေယျာ
 ကိုမင်းကိုနိုင်
 
 ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်များ
 

Comments