Burma stops snake smuggling attempt ‎

တရုတ်နှစ်ကူးဟင်းအိုးထဲရောက်မည့်မြွေများ မေမြို့တွင် ကယ်တင်ခံရ
မိုးမခအထောက်တော် အမှတ် ၀၁၂
ဇန်န၀ါရီ ၂၁၊ ၂ဝ၁၂

တရုတ်နိုင်ငံ စားသောက်ဆိုင်တခုမှ မြွေသားဟင်းလျာ

တရုတ်နိုင်ငံသို့ ကုန်ကား ၂ စီးဖြင့် သွားကြမည့် ထောင်နှင့်ချီသော မြွေများကို မေမြို့အနီးစခန်းတွင် ၁၂ ရက်နေ့က တွေ့ရသည်ဟု မြန်မာပြည်မှ လာသော သတင်းများတွင် ရေးသားထားသည်။

ကုန်ကား ၂ စီးရှိ သေတ္တာ အလုံး ၄၀၀ ထဲတွင် လင်းမြွေ၊ မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား စသည့် မြွေများ ပါဝင်သည်ဟု ယမန်နေ့က ကြေးမုံ သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ကောင်ရေ တသောင်းနီးပါး ရှိသည်ဟု မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြကြောင်း AP သတင်းတပုဒ်တွင် ဆိုထားသည်။

တွင်းအောင်းတိရိစ္ဆာန်တို့ကို တရားမ၀င် ခိုးထုတ်ရောင်းဝယ်မှုကို သတင်းရသဖြင့် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာတွင် ရေးသားဖော်ပြထားသည်။

တရုတ်နှစ်သစ်ကူးပွဲတော်အမီ မန္တလေး လားရှိုးကားလမ်းမှတဆင့် ပြည်ပ တင်ပို့စဉ် ဖမ်းဆီးခဲ့သည်ဟု ရေးထားသည်။

မြွေသားဟင်းကို တရုတ်ပြည်တွင် နည်းမျိုးစုံ ချက်ပြုတ် စားသောက်ကြသည်။

“ဘယ်လိုချက်ချက် ရတယ်၊ အကောင်းဆုံးကတော့ ငရုပ်ကောင်း၊ ဆားတို့နဲ့ နယ်ပြီး ကြော်တာ အကောင်းဆုံးပဲ” ဟု ရှန်ဟဲမြို့ ပင်လယ်စာရောင်းသည့်ဈေးမှ အလုပ်သမားတဦးကို ကိုးကားပြီး CNN Go ဘလော့တွင် ရေးထားသည်။

Comments

မောင်ေ၇ခဲ said…
မောင်ေ၇ခဲ
အဲ့ဒီလောက်အစားသောင်းကျန်းတဲ့တ၇ုတ်တွေကြတော့ ဘယ်မြွေဆိပ်မှ မသင့်ပါလားနော်။အံ့သြစ၇ာပဲဗျာ။ အဲ့လောက်တောင်ဖြစ်နေကြ၇င်လဲ ကိုယ့်တ၇ုတ်လူမျိုးချင်းပဲ ပြန်ချက်စားကြပါလို့အကြံပေးလိုက်ပါတယ်။