Tuesday, May 31, 2011

Street Vendors restricted from the streets again ...

မြို့တွင်း လမ်းဘေးပလက်ဖောင်းဈေးသည်များ ရှင်းလင်းပြန်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၊ ၂၀၁၁
မကြာခဏ လမ်းဘေးဈေးသည်များအား အချိန်ကန့်သတ်ခြင်း၊ နေရာကန့်သတ်ခြင်းတို့ ပြုလုပ်ခဲ့ရာမှ အစိုးရသစ်တာဝန်ယူပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းဘေးဈေးသည်များအား ဆိုင်ခင်းချိန်ကန့်သတ်ချက် ထွက်ပေါ်လာသည်။
ဇွန်လ ၁ ရက်နေ့မှစပြီး ရန်ကုန်မြို့တွင်း မြို့နယ်များရှိ လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းဈေးသည်များ ညနေ ၃ နာရီကျော်မှ စတင်ရောင်းခွင့်ပြုမည်ဟု အသိပေးထားပြီး ယနေ့နံနက် ရန်ကုန်မြို့တွင်းရှိ လမ်းများတွင် ရှင်းလင်းလျက်ရှိသည်ကိုတွေ့ရသည်။
ဧပြီလ အစိုးရသစ်အာဏာလွဲယူပြီးနောက် ရန်ကုန်မြို့တော်ဝန် ရာထူးကိုလည်း ဦးအောင်သိန်းလင်းမှ ဦးလှမြင့် (အငြိမ်းစား ဗိုလ်မှူးချုပ် ) အားတာဝန်ယူစေခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တွင်လည်း ယခင် ကစထမှူးဟောင်း ဦးမြင့်ဆွေ ( အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) က ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
လမ်းဘေး ဈေးသည်များ မိုးလင်းမှ ညမိုးချုပ်ထိ လမ်းဘေး ပလက်ဖောင်းများတွင် ရောင်းချခြင်းကြောင့် လမ်းသွားလမ်းလာများအနေဖြင့် ကားလမ်းမပေါ် တက်လျှောက်ရပြီး ယာဉ်အန္တရာယ်ဖြစ်စေခြင်း၊ လမ်းဘေး ဈေးသည်များမှ စွန့်ပြစ်သည့် အမှိုက်များကြောင့်လည်း ပတ်ဝန်းကျင် သန့်ရှင်းရေးထိခိုက်စေသည့် အကျိုးဆက်များ ဖြစ်ပေါ်စေသည်ဟု စည်ပင်သာယာရေးနှင့် အုပ်ချုပ်သူ အာဏာပိုင်များက ပြောသည်။
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် မဟာဗန္ဓုလလမ်းတွင် ဒီဗီဒီ ရုပ်ရှင်ခွေရောင်းသူက
“ညနေ ၃ နာရီမှရောင်းရမယ်ဆိုတော့ ၀င်ငွေတော့လျော့သွားမှာပေါ့၊ လုံးဝမရောင်းရတာနဲ့ စာလျင်တော့ တော်သေးတယ်လို့ ဆိုရမယ်”
ဟုပြောသလို ထိုလမ်းပေါ်တွင် ဂျာနယ်ရောင်းသူတစ်ဦးကတော့
“ကျွန်တော်တို့ ဂျာနယ်ရောင်းတဲ့သူက ညနေ ၃ နာရီဆို အဆင်မပြေဘူး။ မနက်ပိုင်းတော့ လမ်းကြားထဲဝင်ရောင်းပြီး အဲဒီအချိန်ကျမှ လမ်းမကိုထွက်ရမယ် ထင်တယ်၊ အစိုးရအသစ်က လမ်းဘေးဈေးသည်တွေကို ပေးတဲ့ လက်ဆောင်ပေါ့”
ဟုပြောသည်။
ယခုကန့်သတ်ချက်ကို ရန်ကုန်စည်မြို့တော်စည်ပင်သာယာရေး ကော်မီတီသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်စေခဲ့ခြင်းဖြစ်သည်။ ယခင်လည်း အချိန်ကန့်သတ်ချက် အနေဖြင့် ညနေ ၃ နာရီ၊ ညနေ ၆ နာရီစသဖြင့် ထုတ်ပြန်လေ့ရှိခဲ့ပြီး ကြာရှည်လိုက်နာရန် မထိန်းသိမ်းနိုင်ခြင်း၊ ထောင်နှင့်ချီသည့် လမ်းဘေးဈေးသည်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးပေးနိုင်ခြင်းတို့ကြောင့် မအောင်မြင်ခဲ့ကြောင်း ရန်ကုန်မြို့မှ သတင်းအယ်ဒီတာ တဦးကပြောသည်။
လမ်းဘေး ဈေးသည်ပြဿနာမှာ ယခုမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်တစ်ခုမဟုတ်ပဲ ယခင် အစိုးရ ၂ ဆက် ၃ ဆက်ကတည်းက ရန်ကုန်မြို့တွင်း လူစည်ကားရာ လမ်းမကြီးများတွင် လမ်းဘေး ဈေးရောင်းသူများ ရှိခဲ့ပြီး ယခုနောက်ပိုင်း အမိုးနှင့် နေရာသတ်မှတ်ပေးပြီး အခွန်အခကောက်ခံသည့် မြို့နယ်များ စသဖြင့် အတည်တကျဈေးတန်းသဖွယ်ပေါ်ပေါက်လာကာ လမ်းသွားလမ်းလာများ အားအနှောင့်အယှက်ဖြစ် သည်အထိ တိုးပွားလာခဲ့သည်။ အဆိုပါ ပြဿနာ၏ အကြောင်းရင်းခံ အချက်များတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းသည်လည်း အဓိကကျသည့် အချက်တစ်ချက်ဖြစ်သည်ဟု အဆိုပါ အယ်ဒီတာကပင် သုံးသပ်ပြောဆိုသည်။
လမ်းဘေး ဈေးသည်များ မွန်းလွဲ ၃နာရီမတိုင်မီ ဈေးမရောင်းရ ကန့်သတ်ချက် စတင်သည့် ဇွန်လ ၁ ရက်နေ့နံနက်တွင် တွေ့မြင်ရသည့် မဟာဗန္ဓုလလမ်း မြင်ကွင်း

don't forget the monks in Burmese prisons

အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့
အရှင်ပညာနန္ဒ
ဇွန် ၁၊ ၂၀၁၁

“---ဗုဒ္ဓဘာသာဝင် ထောင်ဝန်ထမ်းတွေ ကိုယ်တိုင်က ဆရာတော်ကြီးတွေကို ရိုက်တာပါ---”

ခုတလော ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် ဦးဂမ္ဘီရဟာ ကလေးမြို့ အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ သတင်းတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေတဲ့ အကြောင်း သတင်းတွေ နေ့စဉ် နားထောင်နေရလို သနားစိတ်တွေ ဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်နေခဲ့ရပါတယ်။

လွန်ခဲ့တဲ့ (၈)နှစ်လောက်က ထင်ပါရဲ့ RFAက အပတ်စဉ် ထုတ်လွင့်ခဲ့တဲ့ အကျဉ်းသားတွေ အကြောင်း ပြန်ပြောတဲ့ အထဲက ဖြစ်ရပ်တခုကို သွားပြီး သတိရမိတယ်။ ထောင်က လွတ်လာတဲ့ အကျဉ်းသားတယောက်ဟာ သူ့အရင် ထောင်ကလွတ်သွားတဲ့ ဆရာတော်ကြီးတပါးကို သတိတရ သွားရောက် ကန်တော့တဲ့ အကြောင်းလေးပါ။

Shwe Zee Gwet - Satisfaction in Life

ကျေနပ်မိပါပြီ
ရွှေဇီးကွက်
ဇွန် ၁၊ ၂၀၁၁

ကျွန်မငယ်ငယ်ကတည်းက ရုပ်ရှင်မကြည့်တတ်ခဲ့ပါ။ တနှစ်နေလို့ တခေါက်ရုပ်ရှင်ရုံကို မရောက်ခဲ့ပါဘူး။ ရှင်းရှင်းဝန်ခံရရင် ကျွန်မ ရုပ်ရှင် လုံးဝ မကြိုက်ခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ရယ်လို့ ဖြစ်လာမယ့် ကျွန်မခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့စဉ်ကလည်း သူဟာ ရုပ်ရှင်သရုပ်ဆောင်တယောက် မဟုတ်သေးပါဘူး။ တက္ကသိုလ်ကျောင်းသားလေး မောင်ကျော်ဝင်း (ခ) မောင်မောင်ပါ။ သို့သော်လည်း ဘဝကံ အကျိုးပေးကြောင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ဇနီးအဖြစ် နဲ့ ဘဝလမ်းကို လျှောက်လှမ်းခဲ့ရပါတော့တယ်။

Cartoon Win Pe - funny guarantee



ကာတွန်း ၀င်းဖေ - ချစ်အာမခံ
ဇွန် ၁၊ ၂၀၁၁

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121

MoeMaKa Interview with U Win Tin - 21 year of election denial

၉၀ ရွေးကောက်ပွဲ နှစ်လည်နဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုကြိုဆိုတဲ့ ဦးဝင်းတင်စကား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၁၊ ၂၀၁၁
လွန်ခဲ့တဲ့ အပတ် ၁၉၉၀ ရွေးကောက်ပွဲ နှစ်လည် မေ ၂၇ မတိုင်ခင်မှာ အင်န်အယ်ဒီရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် ကျန်းမာရေးချို့ယွင်းပြီး ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါတယ်။ ထို့အတွက် မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလမ်းကြောင်းကို ဦးတည်ရန် ကြိုးပမ်းခဲ့တဲ့ သမိုင်းမှတ်တိုင် တခုဖြစ်တဲ့ ၁၉၉၀ပြည့် ပါတီစုံရွေးကောက်ပွဲ ၂၁ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ဆရာတက်ရောက်ခွင့် မရလိုက်ပါဘူး။
၁၉၉၀ခုနှစ်တုန်းက ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့စဉ်မှာ ယခုပါတီရဲ့ အတိုက်အခံခေါင်းဆောင်ကြီးများဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီး အကျဉ်းချခြင်းကို ခံခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်။ အဲသည်လို ဖိနှိပ်ကန့်သတ်ထားတဲ့ အတားအဆီး ဖိနှိပ်မှု ဥပဒေမဲ့ မတရားမှုတွေကြားထဲကပဲ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရရှိခဲ့တယ်။ မြန်မာပြည်သူတွေက အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံ အားပေးခဲ့ကြလို့ ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံပါတီကြီးအဖြစ် သမိုင်းမှတ်တိုင် စိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲသည်တုန်းက ၉၀ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီကို ဦးဆောင်ခဲ့သူ အတိုက်အခံပါတီခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခဲ့ပြီး ယခုပြန်လည်လွတ်မြောက်လာသူ ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်ကြီးများ၊ ပါတီဝင်များက အခမ်းအနားပြုလုပ်ကြတာဖြစ်လို့ ဆရာဦးဝင်းတင်က သည်အခမ်းအနားကို တက်ရောက် အလေးအနက်ပြုချင်တာကို ကျနော်တို့ နားလည် ခံစားနိုင်ပါတယ်။
အဲသည်အတွက် အဲသည်အခမ်းအနားမှာ ဆရာပြောဆိုတင်ပြခွင့် မရလိုက်တဲ့ အခမ်းအနားအတွက် အမှာစကားကို မိုးမခက ထပ်ဆင့်ပြန်လည် မေးမြန်းပြီး တင်ဆက်လိုက်ပါတယ်။
"ဟုတ်ကဲ့ပါဆရာ။ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်မှာ ဆရာအမှတ်တရ ပြောချင်တာ ဘာများ ရှိသလဲဆရာ။ ပြန်ပြောပြနိုင်ရင်ပြောပါဦး။ ခုချိန်မှာ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲတခုကို ဒီမိုကရေစီနည်းမကျဘဲ ကျင်းပထားပြီးပြီ၊ အဲသည်ရဲ့ ရွေးကောက်ပွဲရလဒ်တွေကလည်း ပြည်သူလူထုဆန္ဒနဲ့ ဒီမိုကရေစီနည်းမကျသော်လည်း စစ်အုပ်စုက တဖက်သတ် အတည်ပြုလက်ခံပြီး သူတို့လက်ဝေခံ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်တွေ ထူထောင်ပေးခဲ့ပြီးပြီ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူလူထုတွေ အားလုံးကို ဆန့်ကျင် ဆောင်ရွက်နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုနောက်လိုက်တွေရဲ့ သမိုင်းကို ဖျောက်ဖျက် မျက်ကွယ်ပြုနေတဲ့ နှစ်ပတ်လည်မှာ ဆရာ ဘာများ ပြောချင်သလဲ"
"ကျနော်အခု ဆေးရုံပေါ်ကနေ သည်စကားတွေကို ပြောနေတာ ဖြစ်ပါတယ်။ ကျနော်ဟာ အိုတဲ့ စခန်းကနေ နာတဲ့ စခန်းကို ရောက်နေပြီ ဖြစ်တယ်။ နောက်ဆုံးပိတ်ကျတော့လည်း သေရမှာပဲပေါ့။ အဲသည်လိုအချိန်မျိုးမှာ ကျနော်တို့ပါတီရဲ့ အခြေအနေကလည်း ကြီးပြင်းလာတယ်။ အသက်အရွယ်ရလာတယ်။ ဆိုတော့ ကျနော်တို့ပါတီလည်း အိုပြီ ဆိုရင်တောင်မှ ဇရာကနေပြီတော့ ဗြာဓိတို့ မရဏကိန်းတို့တော့ မဆိုက်ပါစေနဲ့။ ပါတီကို ပြန်ပြီး ရှင်သန်အောင်၊ လန်းဆန်းအောင်၊ တက်ကြွ နိုးကြားနေအောင် လုပ်ကြပါလို့ တိုက်တွန်းပါတယ်။ ဒါကို ပြောချင်တယ် တချက်ပေါ့ကွာ ဟုတ်လား။"
ဟုတ်ကဲ့ပါ ဆရာ။
" နောက်တချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ကွာ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကျနော်တို့တွေ ဆက်လက်ပြီး ၀ိုင်းဝန်း တောင်းဆိုနေကြတယ်။ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ဟာ မလွတ်မြောက်သေးဘူး။ ကျနော်တို့ ဆက်လက်ပြီး သူတို့လွတ်မြောက်အောင် ကြိုးစားသွားကြရမယ်။ ကြိုးစားတဲ့နေရာမှာ ထောင်ပြင်မှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကလည်း ကွန်ယက်သဖွယ် စုစည်းကြသလိုမျိုး၊ ထောင်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ကွယ်ယက်သဘောမျူိုး ထောင်အချင်းချင်း ချိတ်ဆက်ပြီးတော့ စုစည်းနိုင်ရမယ်။
အကျဉ်းသားတွေကိုယ်၌ကလည်း ကိုယ်ထူကိုယ်ထအနေနဲ့ ကိုယ့်အရေးကိစ္စကို တိုက်ပွဲလို သဘောထားပြီး တိုက်ပွဲဝင်နေကြရမယ်။ ဘယ်လိုမျိုး တိုက်ရမယ်ဆိုတာ ကျနော်တို့က အပြင်ကနေပြီးတော့ ပြောလည်း မပြောလိုဘူး။ ပြောလည်း မပြောသင့်ဘူး။ ပြောလည်း မပြောကောင်းပါဘူး။ ဒါပေမယ့် မိမိတို့ လက်ရှိ အသီးသီးအနေအထားနဲ့ မိမိတို့ တောင်းဆိုချက်တွေကို မိမိတို့ အခွင့်အရေးတွေကို အမြဲတောင်းဆိုနေရမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံရေးကိစ္စတွေ ပါရင်လည်းပါမယ်။ တခြားလူ့အခွင့်အရေးကိစ္စတွေ ပါချင်လည်း ပါနိုင်တယ်။ အဲဒါတွေက မိမိတို့ အခြေအနေနဲ့ သဘောထားပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒါကို ကျနော်က တချက်အဖြစ် ပြောတယ်။"
ဟုတ်ကဲ့ပါဆရာ။
"နောက်တချက် ကျနော်ပြောတာကတော့ အခု အစိုးရအသစ်ပြောင်းလာတဲ့အခါမှာ လူတချို့က အခြေအနေတွေ အပြောင်းအလဲတွေ ပေါ်လာမယ်လို့ ယူဆနေကြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လူတွေက ပြောဆိုသုံးသပ်တာက မြွေအရေခွံလဲတယ်လို့ ပြောဆိုလာကြတယ်။ ကျနော်ကတော့ အဲသလို မမြင်ဘူး။ မြွေအရေခွံလဲတာ မဟုတ်ဘူး။ သူတို့တွေက ခြင်္သေအရေခွံခြုံထားတဲ့ မြေခွေးတွေဖြစ်တယ်။ အခု ခြင်္သေ့အရေခွံခြုံထားရာကနေပြီးတော့ ကျားအရေခွံ ခြုံချင် ခြုံမယ်၊ ကြောင်အရေခွံ ခြုံချင်ခြုံမယ်။ ဘာတွေပဲ ပြောင်းခြုံခြုံ သူတို့ဟာ မြေခွေးတွေပဲ။ စစ်အာဏာရှင်တွေဆိုတာ ကြီးကြီး ငယ်ငယ် ဘာအရွယ်တွေဖြစ်ဖြစ် မြေခွေးတွေပဲ။ ဒီအရေခွံတွေကို ပြပြပြီးတော့ ပြောင်းပြောင်းပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက်နေတာ၊ ဖိနှိပ်နေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က မြေခွေးတွေကို မောင်းထုတ်ရမယ်။ အဲဒါပါပဲ။"
(ဓာတ်ပုံ ခရက်ဒစ် - James Mackay ENIGMA IMAGES/www.enigmaimages.net )

Cartoon Maung Yit – Burmese Regime does not have Democracy so You cannot ask from them

ကာတွန်းမောင်ရစ် - စစ်အာဏာရှင်ဆီမှာ ဒီမိုကရေစီဆိုတာ မရှိပါ
Cartoon Maung Yit – Burmese Regime does not have Democracy so You cannot ask from them
1st June 2010

Kan Tun Thit - Country of people who don't read

ကံထွန်းသစ်က စာမဖတ်ကြသူများ အကြောင်းဟောပြောချက်
မိုးမခ၊ ဇွန် ၁၊ ၂၀၁၁
အမေရိကန်ပြည်ကိုရောက်ရှိနေတဲ့ စာရေးဆရာ ကံထွန်းသစ် (ရဟန်းဘွဲ့ ဦးဇာဂရ) က လွန်ခဲ့တဲ့ ၂၀၁၀ ဇွန်လခန့်က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်မှာ မြန်မာစာဖတ်ပရိသတ်နဲ့ တွေ့ဆုံစဉ်က "စာမဖတ်သူကြများ" ခေါင်းစဉ်နဲ့ ဟောပြောပွဲ ပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။
မြန်မာပြည်မှာ စာမဖတ်ကြသူတွေဆိုတာ တိုင်းပြည်အုပ်ချူပ်မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အာစရိယတွေအပြင် တိုင်းပြည်ပြုမယ့် သူတွေကိုယ်တိုင်ဖြစ်နေတယ်လို့ ဆရာကံထွန်းသစ်က ဟောပြောသွားပါတယ်။ ရှုစားတော်မူကြပါကုန်။

Monday, May 30, 2011

Tu Maung Nyo - There's no friends in politics but mutual interest

ထာဝရန်သူ၊ ထာဝရမိတ်ဆွေ၊ ထာဝရအကျိုးစီးပွားနဲ့ ခင်ဗျားတို့ ကျနော်တို့အရေး
 တူမောင်ညို
မေ ၃၁၊ ၂၀၁၁
ကျနော်တို့တိုင်းပြည်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း ၅ နိုင်ငံရှိပါတယ်။ မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ အရှေ့ ဘက်မှာ လောနဲ့ထိုင်း၊ အနောက်ဘက်မှာ အိန္ဒိယနဲ့ဘင်္ဂလားဒေရှ့်တို့ဖြစ်ပါတယ်။
 အာစီယံအဝန်းအဝိုင်းဆိုတဲ့ဘက်ကကြည့်ရင် အရှေ့ဘက်က လောနဲ့ထိုင်းဟာ အာစီယံအဖွဲ့ဝင်တွေဖြစ်တယ်။ မြန်မာ နိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ အာစီယံနိုင်ငံတွေ ထဲမှာ ထိုင်းနိုင်ငံဟာအများဆုံးရင်းနှီးမြှုပ်သူနိုင်ငံတွေထဲက တစ်နိုင်ငံ အပါ အဝင်ဖြစ်ပါတယ်။ အခြေခံအားဖြင့်မြန်မာနဲ့ထိုင်းရဲ့ ဆက်ဆံရေး ကတော့ “မုန်းတလှည့်ပြုံးတလှည့်” ဆက်ဆံရေးမျိုးလို့ဆိုရမှာပါ။
“ချစ်ကြည်ရေးတံတားကြီး” ပိတ်ထားပေမယ့် ကုန်စည်များက တံတားအောက်အလီလီ စီးဆင်းသွားနေမြဲသွားနေဆဲ။
တရုတ်နဲ့ဆက်ဆံရေးကလည်း အထူးသဖြင့် (မဆလ) ခေတ်ထက် ၁၉၉၀ ခုနောက်ပိုင်းမှာ ပိုမိုပြီးနီးကပ်လာတယ် လို့ ပြောရမှာပါ။ ၁၉၉၀ မှာ ဒီချုပ်ကရွေးကောက်ပွဲနိုင်တော့ တရုတ်သံအမတ်က ဒီချုပ်ကိုလာတွေ့တဲ့အထိ ခြေလှမ်းရှိဖူးတယ်။ ပထမဆုံး လာတွေ့တဲ့ နိုင်ငံခြားသံအမတ်ဖြစ်တယ်လို့လည်း ပြောစမှတ်ရှိတယ်။
 ဒါပေမယ့်  အဲဒီနောက်ပိုင်းက စလို့ တရုတ်ဟာ ပြည်တွင်းက ဘယ်ပါတီနဲ့မှ ဆက်စပ်ဖို့ကြိုးစားတာမတွေ့ရတော့ပါဘူး။
 ပြတ်ပြတ်သားသားပဲ (နဝတ-နအဖ)တို့၊ ကြံ့ဖွံ့(ယခင် USDA/ယခု USDP)တို့နဲ့ပဲ အစိုးရချင်း၊ ပါတီအဖွဲ့စည်းချင်း ဆက်ဆံ ပါတော့တယ်။ 
 Now-Detained Khin Nyunt & China
တရုတ်ဆက်ဆံပုံ ဆက်ဆံနည်းကလည်း ထူးခြားပါတယ် မြန်မာပြည်မှာအုပ်စိုးတဲ့ သူဟာ“ဖက်ဆစ်အစိုးရ”ဖြစ်နေပါစေ အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်အဖြစ်မိတ်ဝတ်မပျက်ဆက်ဆံသွားမယ်ဆိုတဲ့ သဘောထားပုံရပါတယ်။ တချို့က (နဝတ-နအဖ) စစ်အစိုးရ ကို“ပြည်တွင်းဖြစ်ဖက်ဆစ်” လို့ အကဲဖြတ်ပါတယ်။
(နအဖ-နဝတ) စစ်ကောင်စီက ၂၃ နှစ်အုပ်စိုးခဲ့ပြီး၊ ၁၂ နှစ်သာအုပ်စိုးခဲ့တဲ့ “တောင်လှန်ရေးကောင်စီ” ရဲ့စံချိန်ကို ချိုးခဲ့ တာပါ။ ၁၉၇၄ ဖွဲ့စည်းပုံနဲ့ (မဆလ) အစိုးရတော့ ၁၄ နှစ်အာဏာသက်ရှည်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ “သမ္မတ ဦးသိန်းစိန် အစိုးရ”က ဘယ်လောက်ကြာရှည်ခံမှာလဲ။ ၂၃ နှစ်အုပ်စိုးခဲ့တဲ့ ကာလတစ်လျှောက်မှာ တရုတ်က (နအဖ-နဝတ) စစ်ကောင်စီနဲ့ ဆွေမျိုး ပေါက်ဖော်ဆက်ဆံခဲ့တာပါ။ အားပေးကူညီခဲ့တာပါ။
 ယခုအခါ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ။
 ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံနီးပါး ရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း တရုတ်နိုင်ငံဟာမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့  နိုင်ငံများအနက် အများဆုံးရင်းနှီး မြှုပ်နှံတဲ့နိုင်ငံ၊  စုစုပေါင်း စီမံကိန်း ၇၂ ခုမှာ  အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံ ရင်းနှီး မြှုပ်နှံလျက်ရှိပါတယ်။ 
 Than Shwe & China
အခုလည်း “တရုတ်အစိုးရနဲ့သမ္မတဦးသိန်းစိန်အစိုးရ” ဆက်ဆံရေးအဆင့်ဟာ မေလ ၂၇ ရက်နေ့၊ ပေကျင်းမြို့မှာ ထုတ် ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်အရဆိုရင် “တရုတ်- မြန်မာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ” အဖြစ်သဘောတူညီကြတယ်လို့ဆိုထားပါတယ်။ အဲဒီပူးတွဲကြေညာချက်ထဲမှာပါတဲ့ အချက် (က) မှာဆိုရင် “လွှတ်တော်များ၊ အစိုးရ များ၊ တရားရေးဌာနများနဲ့ နိုင်ငံရေးပါတီများအကြား” အပြန်အလှန်ထိတွေ့ဆက်ဆံသွားကြမယ်ဆိုတာကိုဖေါ်ပြထားပါတယ်။
ကျနော်အဓိကပြောချင်တဲ့အချက်က အဲဒီပူးတွဲကြေညာချက် မှာဖေါ်ပြထားတဲ့ အချက် (င) နဲ့ပတ်သက်ပါတယ်။ အခုလို ရေးသားဖော်ပြထားပါတယ်။
 “နယ်စပ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ရန်၊ နယ်စပ်စီမံခန့်ခွဲရေးကိစ္စများကို အချိန် နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားရန်နှင့် နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန်”
အနှစ်သာရကတော့ နယ်စပ်စီမံမှုတွေနဲ့ပတ်သက်လာရင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့သဘောပါပဲ။ တစ်ဦးတည်း သဘောနဲ့ မဆောင်ရွက်ဖို့ဆိုလိုတာဖြစ်ပါတယ်။ ဆက်စပ်စဉ်းစားလိုက်တော့ တရုတ်နယ်စပ်မှာမေးတင်ထားကြတဲ့ အဖွဲ့အစည်း တွေဖြစ်တဲ့  (KIO) နဲ့ ယခင် (CPB) ခွဲထွက်တွေဖြစ်ကြတဲ့ (UWSP) နဲ့ (NDAA) အစရှိတဲ့အဖွဲ့တွေအရေးနဲ့ပတ်သက်လာရင်လည်း “အချိန်နဲ့တစ်ပြေးညီ” ပူးပေါင်း ဆက်သွယ်ဆောင်ရွက်သွားရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ 
 Thein Sein and China
ဒါ့အပြင် သမ္မတနှစ်ဦးတွေ့ဆုံပြောဆိုကြရာမှာ တရုတ်သမ္မတမစ္စတာ ဟူကျင်တောင်း က  “နယ်စပ်ဒေသ တည်ငြိမ် အေး ချမ်းရေး၊ နှစ်နိုင်ငံနယ်စပ်မှာ ကီလိုမီတာ၂၀၀၀ ကျော် ရှည်လျားပြီး နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးမှာ များစွာအရေးကြီးပါကြောင်း” ဆိုတာ အလေးထားထည့်သွင်းပြောကြားထားပါတယ်။ 
နယ်စပ်ကိစ္စကိုပဲ သမ္မတဦးသိန်းစိန်ကအခုလိုပြောပါတယ် “နှစ်နိုင်ငံနယ်စပ်ဒေသများ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအနေနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း” တဲ့။
တရားဥပဒေစိုးမိုးဖို့ဆိုရင်ပထမဆုံးခြေလှမ်းကကိုယ့်သဘောနဲ့ကိုယ်ဖွဲ့စည်းထားတဲ့တပ်တွေကို အသွင်ပြောင်းပစ်ရမှာပါ။  နယ်ခြားစောင့်တပ် (BGF) အတွေအဖြစ် အသွင်ပြောင်းရေးကိုစကိုင်ရမှာဖြစ်ပါတယ်။
ဒီတော့ တရုတ် - မြန်မာနယ်စပ်တည်ငြိမ်ရေးက နှစ်နိုင်ငံအကျိုးစီးပွား၊ နှစ်နိုင်ငံအလေးထားတဲ့ကိစ္စကြီးဖြစ်နေပါတယ်။
ဒီလိုတည်ငြိမ်မှလည်း “ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာရှိတဲ့  အထွေထွေကုန်ထုတ်လုပ်ရေး စီမံကိန်းတွေဟာ တည်ငြိမ်မှု နဲ့လုံခြုံမှုအာမခံချက်ရှိနိုင်မယ် မဟုတ်ပါလား။ နယ်စပ်မှာ သေနတ်သံပြန်ထွက်လာမှာကို တရုတ်ကလက်မခံနိုင်ဘူးဆိုတာ ရှင်းနေပါတယ်။ 
   Militant Nyan Win and China
ချုပ်လိုက်ရင် တရုတ်မြန်မာနယ်စပ်က အဖွဲ့အစည်းတွေရဲ့ကံကြမ္မာဟာသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လက်ထဲမှာ မရှိ တော့ဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။
 နယ်စပ်မှာ မေးတင်ထားကြတဲ့ အဖွဲ့အစည်းတွေဆိုတာ တစ်ဖက်နိုင်ငံကို အနည်းနဲ့အများဆိုသလို (လက်နက်ခဲယမ်း/ ရိက္ခာ/ငွေကြေး/ဆေးဝါး စသဖြင့်) မှီခိုနေရတာပဲမဟုတ်ပါလား။ ဒီတော့ တစ်ဖက်နိုင်ငံတွေရဲ့ပေါ်လစီသဘောထား အပြောင်းအလဲ ဟာ နယ်စပ်အဖွဲ့အစည်းတွေအပေါ် သက်ရောက်မြဲဖြစ်ပါတယ်။
ဒါပေမယ့် “ဖုန်ညီအစ်ကိုထွက်ပြေးရတဲ့ ကိုးကန့်အရေးအခင်း”လို“တရုတ်နယ်စပ်မှာ “ရွက်ဖျက်တဲပြာတွေ” ပေါ်လာရတဲ့ အခြေအနေတွေ ပေါက်ထွက်လာခဲ့ဖူးတာကိုလည်းကျနော်တို့ မမေ့ဖို့လို အပ်ပါတယ်။
အခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (အပစ်ရပ်/အပစ်မရပ်) အတွက် “ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊နဲ့ အခြားဖွံ့ဖြိုးရေးစီမံကိန်း”တွေဟာ မိမိနယ်မြေထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ စစ် တပ်တွေရဲ့ထိုးစစ်ဆင်မှုတွေလိုပါပဲ အခြားတစ်ဖက်ကနေ လက်တွေ့ရင်ဆိုင်တွန်းလှန်ရမယ့် ထိုးစစ်တွေဖြစ်ပါတယ်။အဲဒီထိုးစစ်တွေ ကို တရုတ်- မြန်မာနယ်စပ်ကအဖွဲ့အစည်းတွေရင်ဆိုင်နေရပါပြီ။ 
Late General Soe Win and China
သံလွင်မြစ်တစ်လျှောက် “ရေအားလျှပ်စစ်စီမံကိန်းတွေ၊ တာချီလိတ်- မယ်ဆိုင်၊ မြဝတီ - မဲဆောက်၊ ကော့သောင်း- ရနောင်းစတဲ့ မြို့ညီနောင်ဖွံ့ဖြိုးရေးစီမံကိန်း၊ စက်မှုဇုံစီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း”တွေဟာလည်း ထိုင်း- မြန်မာနယ် စပ်ဒေသတစ်လျှောက်မှာရှိတဲ့ အင်အားစုအားလုံးကို စိန်ခေါ်လာနိုင်ခြေရှိတဲ့အတွက် “မိုးပြိုခဲ့သော်” ဆိုတဲ့ စဉ်းစားချက်နဲ့ ကြိုတင် ပြင်ဆင်စဉ်းစားထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကတော့စတင်နေပါပြီ။
အာဏာရထားသူမည်သူမဆို “ထာဝရန်သူ ထာဝရမိတ်ဆွေဆိုတာမရှိဘူး၊ ထာဝရအကျိုးစီးပွားသာလျှင်ရှိတယ်”ဆိုတဲ့ အမှန်တရားကိုသာလက်ကိုင်ပြုကြစမြဲဖြစ်ပါတယ်။
  “လူတန်းစားစိတ်ဓါတ်/ဒီမိုကရေစီ/လူ့အခွင့်အရေး”တို့ဆိုတာတွေဟာ “အကျိုးစီးပွား” တည်းဟူသော ပင်မပင်စည် ပေါ် ကနေ အခြေအနေအချိန်အခါသင့်မှ ပေါ်ရပွင့်ရတဲ့ ခါတော်မီပန်းပွင့်များတူသည်ဟုယူဆရပါကြောင်း။

Ko Moe Pwint Thit - Foxlingo for Fox Users

မီးလျံမြေခွေးသမားတွေအတွက် တိုလီမိုလီလေးတွေ
ကိုမိုး၊ ပွင့်သစ်
မေ ၃၁၊ ၂၀၁၁
Firefox user တွေအသုံးတည့်မယ့် အခမဲ့ Add-on လေး ဝေငှချင်ပါတယ်။  Foxlingo – Translator/Dictionary 2.7.2  ပါ။ ကိုယ်သိချင်တဲ့ စကားလုံးအဓိပ္ပါယ်ကို ကီးဘုတ်ပေါ်က Ctrl နဲ့  mouse ကို right click  နှိပ်ရုံနဲ့  ဘာသာစကား (၇၄) မျိုးအထိ ဘာသာပြန်ပေးပါတယ်။ Dictionary စာအုပ်တွေ အမှိုက်ပုံးထဲ ထည့်လို့ ရပါပြီ။
ဒီ Add-on လေးက ဘာသာပြန်ပေးရုံမက Wikipedia English နဲ့ ပါ တွဲဖက်ပြီး စွယ်စုံကျမ်းအနက် အဓိပ္ပါယ်တွေပါ ရှာဖွေပေးပါတယ်။ ဘာသာ (၇၅) မျိုး ဘာသာပြန်ပေးတဲ့ Babylon software က တလ ကို $9.99 ဈေးခေါ်နေတဲ့ အချိန်မှာ ဒီ အခမဲ့ Add-on လေးက အဖိုးမဖြတ်နိုင်တဲ့ အဖွားပါပဲ။
 မြန်မာလို ဘာသာပြန်ပေးမဲ့ dictionary တော့ ဒီ Add-on မှာ လောလောဆယ် မတွေ့ မိသေးပါဘူး။ မကြာခင်မှာ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ (မြန်မာပြည်က ကွန်ပျူတာပညာရှင်တွေ Babylon software တွေထဲမှာ ပဒုမ္မာမြန်မာအွန်လိုင်းဒစ်ရှင်နာရီ ( Eng-Burmese dictionary) တီထွင်ထည့်သွင်းခဲ့ဖူးပါတယ်။) one time contribution ဆိုပြီး ၅ဒေါ်လာ အလှူခံပါတယ်။ မလှူချင်လဲရပါတယ်။ Babylon အသုံးပြုဖို့ crack တွေ patch တွေနဲ့  နပမ်းလုံးနေရသူတွေ အမောပြေစေမယ့် Add-on ပါ။
ဒီမှာ download လုပ်လို့ ရပါတယ်။

Maung Yit - Internet Activism in Burma and Challenges


မြန်မာပြည်က အင်တာနက်ထကြွ လှုံ့ဆော်မှု နဲ့ စိန်ခေါ်မှုများ
မောင်ရစ်
မေ ၃၁၊ ၂၀၁၁
(သတင်းအင်တာဗျူးတခုအတွက် ပြင်ဆက်ထားတဲ့ အင်္ဂလိပ်ဘာသာစာတန်းကို မြန်မာဘာသာအဖြစ် ပြန်လည်တင်ဆက်လိုက်ပါတယ်)
 မြန်မာပြည်မိတ်ဆက်
            မြန်မာပြည်ဟာ လူဦးရေ ၅၆ သန်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်နဲ့ အဖိနှိပ်ဆုံး၊ အနှိပ်စက်ဆုံးနဲ့ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့နည်းကို ကိုင်စွဲပြီးတော့ မိမိယုံကြည်ချက်တွေကို ဖော်ထုတ်ခြင်း၊ ကျင့်ကြံခြင်းတို့တွေ ဆောင်ရွက်တဲ့ဆီမှာ စစ်အာဏာပိုင်တွေနဲ့ သဘောထားခြင်း မတူညီတာနဲ့တင်ကို ထောင်ချတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အစီရင်ခံစာများရဲ့ ထုတ်ပြန်ချက်များအရ မြန်မာပြည်ဟာ ကမ္ဘာမှာ စာနယ်ဇင်း လွတ်လပ်ခွင့် အနိမ့်ဆုံးတိုင်းပြည် ဖြစ်တယ်။ ကမ္ဘာမှာ ဘလော့ဂါတွေ၊ စာနယ်ဇင်းသမားတွေကို ထောင်အချဆုံး တိုင်းပြည်ဖြစ်ပါတယ်။
ဥပမာအားဖြင့် - ကိုနေဖုန်းလတ်ကို ၂၀၀၈ ကတည်းက ထောင် ၁၂ နှစ်၊ ကိုသက်ဇော်ကို ၂၀၀၇ ကတည်း ထောင် ၆၅ နှစ်၊ ကိုဇာဂနာ ၂၀၀၈ ထောင် ၃၅ နှစ်၊ ကိုသားကြီးမောင်ဇေယျနဲ့ သား စည်သူဇေယျ ၂၀၁၀ ခုနှစ်၊ ထောင် ၁၃ နှစ်နဲ့ ၈ နှစ် အသီးသီး ပြီးတော့ ကိုနေမျိုးဇင်၊ ၂၀၁၁ မှာ ဖမ်းဆီးချုပ်နှောင်ခံရဆဲ ထောင်မချသေးတို့ ဖြစ်ပါတယ်။

Burmese journal pieces on May 31


မြန်မာပြည်မှာ ရွာမယ့် အက်ဆစ်မိုး နဲ့ ဂျာနယ်သတင်းများ
နွားကျောင်းသားကိုဝင်း
မေ ၃၁၊ ၂၀၁၁

မေလအတွင်း ထုတ်ခဲ့တဲ့ မြန်မာပို့စ်၊ ဗီးနပ်စ် ဂျာနယ်တွေထဲက ဖြတ်စတွေပါ။ နည်းနည်း ဟောင်းတာတွေလည်း ပါပါတယ်။

ဗီးနပ်စ် ဖြတ်စတချို့

ထိုင်းမှာ မြန်မာတွေကို နှစ်ပေါင်းများစွာ ပိတ်လှောင်ပြီး ခိုင်းစားတဲ့ သတင်းတွေ ဖတ်ဖူးမှာပါ။ ဒီသတင်းမှာ ခံရတဲ့ တယောက်ကတော့ တခြားနိုင်ငံခြားသား ပညာရှင် ဖြစ်ပါတယ်။ မြန်မာတွေ လက်တို့လို့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် ဗီးနပ်စ်မှာ ပါလာတာကို ဖတ်စေချင်လို့ တူးဆွလိုက်ပါတယ်။

Maung Lwan Ni - Sugar coated troubles (10)

ဒုက္ခကို ပျားရည်ဆမ်း၍ - ၁၀
မောင်လွမ်းဏီ
မေ ၃၁၊ ၂၀၁၁


အာအက်ဖ်အေ သောတရှင်များ ခင်ဗျား 

ကောက်နံ့လှိုင်နေတဲ့ ရိုးပြတ်ခင်းတွေရဲ့ ညီညာပြန့်ပြူးတဲ့ ကွင်းပြောင်ကြီးတွေထဲမှာ ကောက်ရိုးပုံကြီးတွေက ဟီးထမို့မောက်နေတာ တွေ့မြင်နိုင်ပါတယ်။ ရိုးပြတ်လယ်ကွင်းတွေက တမျှော်တခေါ် မျက်စေ့တဆုံး၊ ဟို့အဝေးမှာက ဆောင်းမြူလွှမ်းခြုံနေတဲ့ တောင်တန်းမှိုင်းမှိုင်း။ ပြောက်တိပြောက်ကျား ဆောက်လုပ်ထားတဲ့ လူနေတိုက်တာ ဖြူဖြူမြင့်မြင့်တွေနဲ့ အုတ်မိုးနီညိုရောင်တွေက ရိုးပြတ်ကွင်းတွေရဲ့ မနီးမဝေးတွေမှာ ထီးထီးမားမား။ ဆရာ ဒဂုန်တာရာ ရေးသားဖွဲ့သီခဲ့ဖူးတဲ့ စက်ရုံကျေးလက်ကဗျာ ရုပ်ပုံလွှာကို ပြန်ပြောင်းခံစားရမိသလိုပါပဲ။ 

ခြောက်သွေ့တင်းမာနေတဲ့ လယ်ကန်သင်းရိုးဘေးက ယာယီကားလမ်းလေးကတော့ ကောက်ကောက်ကွေ့ကွေ့နဲ့ပေါ့။ ကားလမ်းဆိုပေမယ့် ခါတော်မီ ထော်လာဂျီလမ်းလေးလို့ပြောရင် ရပါလိမ့်မယ်။ ခြွေထားတဲ့ စပါးပုံတွေကို အမိုးအကာအောက်ရောက်အောင် ထော်လာဂျီကားလေးတွေက သယ်ဆောင်မောင်းနှင်တဲ့ လမ်းကလေးမဟုတ်လား။

Daw Khin Hnin Yuu - Maung Swan Yi

ဒေါ်ခင်နှင်းယု (ခင်မင်ရပါတဲ့ မမစု)
မောင်စွမ်းရည်
မေ ၃၀၊ ၂၀၁၁



ခုတလော ၀တ္ထုတွေဖတ်ရတာ အားမရလှပါဘူး။ ၀တ္တုအသစ်တွေလဲ သိပ်မထွက်လှပါဘူး။ ထွက်သမျှကလဲ သိပ်ပြီးခံတွင်းမတွေ့လှပါဘူး။ စာပေဆုရ၀တ္တုတွေကလဲ သိပ်မဟန်ဘူး။ တချို့ကလဲ စာပေလွတ်လပ်ခွင့်မရှိ တာကိုပဲ ဆင်ခြေပေးလား ပေးကြရဲ့။ ဒါပေမယ့် ‘‘မစွမ်းရင်းကလဲရှိ ကန်းစွန်းခင်းကလည်းငြိ’’ ဆိုတဲ့စကားလိုပဲ ကိုယ်စွမ်းကိုယ်စနည်းတာလဲ ပါမှာပေါ့။ ပြည်မပမှာလွတ်လပ်နေတဲ့လူက ကိုယ်ချင်းမစာပြောတာမဟုတ်ပါဘူး။ ဒီနေရာမှာ ကဗျာဆရာတွေက တော်တော်လေး ပရိယာယ်ကြွယ်တာကို သတိပြုမိပါတယ်။ ပရိယာယ်ကြွယ် လွန်းတော့ ပဟေဠိဖက်ပြီး စကားထာဝှက်သလို ဖြစ်နေတာတွေလဲ ရှိရဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့ နည်းရှာကြရ မှာပေါ့။ မနှစ်တုန်းကတော့ ခင်ခင်ထူးရဲ့ ‘‘မအိမ်ကံ’’ ၀တ္တုကို ဖတ်လိုက်ရတော့ အတော်လေး သဘော ကျမိလိုက်ရဲ့။ သူ့ဘ၀ သူထင်ဟပ်တာဖြစ် မယ်ထင်ပါတယ်။ အညာကျေးလက် အထက်တန်းလွှာရဲ့ ဘ၀ကို ထပ်ဟပ်ထားတာပါ။ အထူးသဖြင့်တော့ ဝေါဟာရကြွယ်တာကို သတိထားလိုက်မိပါတယ်။

Sunday, May 29, 2011

29th May 2011 - MoeMaKa Radio

မေ ၂၉ ၊ ၂၀၁၁ - မိုးမခရေဒီယို
ဖန်တီးသူတို့ အပြုံးများ - ဂီတလုလင်မောင်ကိုကို
သတင်းတိုထွာ၊ သီချင်းပဒေသာ
၁၉ ၉ ၀ ရွေးကောက်ပွဲနဲ့ မြန်မာသံရုံးများအပေါ် ဒေါ်အောင်ဆန်းစုကြည်သဘောထား၊
မောင်စွမ်းရည်ကဗျာ - မိုးမခ၊ ဗီအိုကေ၊ ရွှေနန္ဒအီးမေး
ဇာဂနာဆုရသတင်းနဲ့ ဇာဂနာသီချင်း
မဂ္ဂဇင်း ဂျာနယ် ထုတ်ဝေရေးနဲ့ တီးတိုးငွေကြေး - မဇ္ဈိမ
သြစတြေးလျနိုင်ငံရောက် မလေးရှားဒုက္ခသည်များအရေး
အဓမ္မကြပ်ပြေးနေပြည်တော် မင်တြားကြီးကြောက်စာ - ဂျော်ဒီး၊ မိုးမခ
ဓမ္မဂီတပူဇော်သူများအတွက် သီတဂူဆရာတော်စကားမှတ်သားစရာ - ၂၀၀၈ နာဂစ်ရေဘေးအလှူ၊ ဆစ်ဒနီ
စီစဉ်သူများ - ဦးပန်တျာ၊ နန်းဖောဆေးဝါး

Kyaw Thu - FFSS Yangon Activity (29th May 2011)

ဘုရားသော်မှ ငြင်းမရ
ကျော်သူ
မေ ၃၀၊ ၂၀၁၁

၂၉.၅.၂၀၁၁ တနင်္ဂနွေနေ့ နေ့လည် ၁း၀၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင် စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ၏ အန္တိမဈာပန အခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်အထူးယာဉ်ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီ ဖေးမခဲ့ကြသည်။

Cartoon Saw Ngo - Daw suu will soon travel to areas outside Rangoon

ကာတွန်း စောငို - ခရီးထွက်မယ်
မေ ၃၀၊ ၂၀၁၁

Shwe Zigwe - Beauty of oneself

ခန္ဓာများနှင့် ကျွန်မ
ရွှေဇီးကွက်
မေ ၃၀၊ ၂၀၁၁


မိန်းမချော မိန်းမလှစာရင်းထဲမှာ ကျွန်မ မပါပါ။ မျက်နှာပေါက် မလှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်မကောင်းပါ။ ဒါပေမယ့် မိန်းမသားစစ်စစ်လည်းဖြစ်၊ ပုထုဇဉ် စစ်စစ်လည်းဖြစ်တဲ့ကျွန်မ အလွန်ပဲ လှချင်ပချင် ခဲ့ပါတယ်။ မိန်းကလေးများ လှချင်ပချင်လာတတ်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ကျွန်မကိုယ် ကျွန်မ လှအောင်ပအောင် အမျိုးမျိုး ကြိုးစားပြင်ဆင်ခဲ့ပါသည်။ 

အိမ်ထောင်ကျပြီးမှ ပိုဆိုးလာပါတယ်။ ကျွန်မရဲ့ အိမ်ထောင်ဖက်ဟာ အချောဆုံး၊ အလှဆုံးဆိုတဲ့ မင်းသမီးတွေနဲ့ တွဲဖက် သရုပ်ဆောင်နေရတဲ့ နှုတ်ခမ်းနီ၊ ပါးနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်တဦးဖြစ်လာတော့ ကျွန်မလည်း ကျွန်မရဲ့အိမ်ထောင်ဖက်နဲ့ လိုက်ဖက်ညီအောင် ပိုပြီးလှချင်ပချင်ခဲ့ပါတယ်။ ကလေးနှစ်ယောက် မိခင်တဦးအနေနဲ့ ပုံပျက်ပန်းပျက် ဖြစ်မသွားအောင် ကျွန်မကိုယ် ကျွန်မ အထူးဂရုစိုက်ပြုပြင်ခဲ့ပါတယ်။ 

2011, May 27th - Q & A With Suu

လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်
မေ ၂၇၊ ၂၀၁၁
အာရ်အက်ဖ်အေအသံလွှင့်အစီအစဉ်


● မေးသူ ။ ။ ဒေါ်နီလာစိန် (ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု)
● မေးခွန်း ။ ။ ဟလို ... ဒေါ်အောင်ဆန်းစုကြည်... ကျမ နီလာစိန်ပါ။ အမေရိကန်နိုင်ငံ၊ လောအိန်ဂျလိမြို့ အခြေစိုက် ရတနာပုံနေပြည်တော် သတင်းစာက သတင်းထောက်ပါရှင်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန် မာနိုင်ငံ သူနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်။ ကျမမေးချင်တဲ့မေး ခွန်းလေးကတော့ မြန်မာနိုင်ငံရဲ့တရားဝင်အမည်ကို လွတ်လပ်ရေးရတဲ့အချိန်ကစပြီး Union of Burma ဆိုပြီးေ တာ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂမှာ အင်္ဂလိပ်လို ခေါ်ဝေါ်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခု စစ်အစိုး ရက မြန်မာဆိုပြီးတော့ နာမည်ကိုပြောင်းခဲ့ပါတယ်။ ဒီနေ့အထိ Burma ဆိုပြီး ခေါ်ဆိုနေတဲ့နိုင်ငံတွေ အများကြီး ရှိပါတယ်။ အမေရိကန်နိုင်ငံ မှာလည်း သာမန်လူတွေရော ရုံးဌာနတွေမှာ Burma လို့ပြောမှ ပိုပြီး သိတဲ့လူတွေ ပိုများပါတယ်ရှင်။ အဲဒါကြောင့် မြန်မာနိုင်ငံ ရဲ့တရားဝင် အမည်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အင်္ဂလိပ်လို မြန်မာ ဒါမှမဟုတ်လို့ရှိရင် Burma လို့သုံးတာ ဘယ်ဟာက ပိုပြီးတော့ သင့်တော်မယ် ဆိုတာ ကို ဖြေကြားပေးစေလိုပါတယ်ရှင်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ဆက်လက်ပြီးတော့ လှုပ်ရှားနိုင်ပါစေလို့ ကျမတို့ ဆုတောင်းပါတယ်ရှင်။

Quotes in May by Moemaka



မိုးမခ၏ မေလ စာကိုး စကားကိုး
မေ ၂၉၊ ၂၀၁၁



အရင်တုန်းက ဧရာဝတီမြစ်ရေက စိမ်းပြီး ကြည်နေတာ။ အခုကတော့ ရေတွေက နုံးတွေ အနည်တွေနဲ့ ရေတွေက နီနေပြီ။
ဦးစိုးညွန့်၊ မြန်မာနိုင်ငံငှက်ဝါသနာရှင်အသင်း ဥက္ကဋ္ဌ

မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်၊ မေ ၆

ပိတ်ဆို့မှု ဆိုတာက သူပိတ်ဆို့တာလည်း မကောင်းဘူး၊ ကိုယ်ပိတ်ဆို့တာလည်း မကောင်းဘူး။

ဦးဝင်းမြင့်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး
မြန်မာပို့စ် ဂျာနယ်၊ မေ ၎

Aung Way - Letters from Michigan - 69

မစ်ရှီဂန်ကပေးတဲ့စာ - ၆၉
အောင်ဝေး
မေ ၂၉၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း ..

ကျန်းခံ့များလည်းသာပါစ။ ဥတုရာသီများလည်းသာပါစ။ ဒီမှာတော့ ဒီရက်ထဲ၊ သူများတကာတွေရဲ့ အမျိုးသား စိတ်၊ အမျိုးသားမာန်တွေ ကိုကြည့်ရင်း ငေးရင်းပဲ၊ ကိုယ်တွေရဲ့ အမျိုးသားစိတ်၊ အမျိုးသားမာန်အကြောင်း ကိုစဉ်းစားေ နခဲ့မိတယ်ကိုဒေါင်းရေ ...။ ကိုယ့်ရေ ကိုယ့်မြေ၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးရဲ့ ဇာတိပုည ဂုဏ်မာနကို၊ ပြန်လည်တမ်းတအောက်မေ့နေမိတာလို့ ဆိုရင်လည်းမမှားဘူးပေါ့ ဗျာ။

ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ်က ထွက်ပေါ်ခဲ့တဲ့၊ ၀ိုင်အမ်ဘီသခင်တင်ရဲ့ ‘‘တို့ဗမာ”သီချင်း ကနေစပြီး၊ ဒီကနေ့ခေတ် ထူးအိမ်သင်ရဲ့ ‘‘ရာဇ၀င်များရဲ့သတို့သမီး”သီချင်းအထိ၊ အဲဒီလို ဂီတအနုပညာေ တွထဲ ကနေ၊ ကျနော်တို့ လူမျိုးရဲ့ဇာတိသွေး၊ ဇာတိမာန်တွေ ကိုကြက်သီးဖြန်းဖြန်းထခံစားရမယ် ကိုဒေါင်း။

Cartoon Win Pe - a real drinker



ကာတွန်း ၀င်းဖေ - အမှန်တကယ် သောက်စားသူ
မေ ၂၉၊ ၂၀၁၁

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121