Ban That Scen Video popular on Youtube & Facebook


'ဆင်ဆာဖြတ်ကြမယ်' ယူကျုဗီဒီယိုခေတ်စားနေ
မိုးမခအညွန်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၁
ဒါရိုက်တာ ၀ိုင်း၊ Our Production နဲ့ ပြည်တွင်းက ရုပ်ရှင်သရုပ်ဆောင်ပေါင်းများစွာပါဝင်တဲ့ "အဲဒီအခန်းဖြတ်" ဆိုတဲ့အမည်နဲ့ လက်ရှိမြန်မာအာဏာပိုင်တွေရဲ့ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို သရော်တဲ့ဇာတ်ကားတိုလေးတခု ယူကျုပေါ်မှာ ခေတ်စားနေတာကို ညွန်းလိုက်ပါရစေ။
အမေရိကန်ပြည်ကို ရောက်ရှိနေတဲ့ ဒါရိုက်တာချိုတူးဇော်ကတော့ အဲသည်ဇာတ်ကားတိုလေး ပေါ်ထွန်းလာခြင်းကို ချီးကျုးထားပါတယ်။ သူက ဖေ့စ်ဘွတ်မှာ
“ဒီအခန်းဖြတ်” ကို ကြိုဆို ဂုဏ်ပြု လေးစားပါတယ်ဗျာ...
ကျနော်ဖြင့် စ ခဲ့ရ၊ စောင့်ခဲ့ရတာ ကြာပါပြီ။ ရုပ်ရှင်တော်လှန်ရေး၊ အနုပညာတော်လှန်ရေး၊ အနုပညာအုံကြွမှုကိုပါ။ နှစ် ၅၀ ကျော်ခဲ့ပါပြီ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာမှန်သမျှကို ပိတ်ဆို့ဖိနှိပ်ခဲ့တာ။  ခေတ်တခေတ်ရဲ့ အနုပညာဆိုတာ.. အဲဒီခေတ်ကာလမှာ ဖြတ်သန်းနေတဲ့ အဲဒီအနုပညာပေါက်ဖွားရာ လူ့အဖွဲ့အစည်းရဲ့ကြေးမုံပါ။ ပြည်သူငိုရင်ငို၊ ပြည်သူရယ်ရင်ရယ်တဲ့ အနုပညာသမားတွေ
က ပြည်သူတွေတွေ့ထိခံစားနေရတာတွေကို ဖန်တီးခွင့်မရပဲ၊ ရုပ်ရှင်ထဲ လုပ်ချင်သလိုလုပ်ပြနေ ကြတာ၊ နေကြရတာ.. စိတ်ပျက်စရာကောင်းလှပါတယ်။
ခု အဲဒီ “ဒီအခန်းဖြတ်” ရုပ်ရှင်တိုလေးကို မြင်ရတော့ ထိလွန်း၊ မိလွန်း၊ ကောင်းလွန်း လို့ အထူးသဖြင့် တသက်လုံး ငြိမ်ဝပ်ပိပြားစွာနေခဲ့တဲ့ ကျနော့်အမျိုး ရုပ်ရှင်သရုပ်ဆောင်တချို့လည်း သတ္တိရှိရှိ သဏ္ဍန်လုပ်သရုပ်ဆောင်ကြတာကို မြင်ရလို့ ပီတိသောမနဿတွေ ပွားရ၊
ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
ဖန်တီးသူကိုရော၊ ပါဝင်သရုပ်ဆောင်သူကိုရော လေးစားချီးကျူးမိပါတယ်။ …
ကျနော်တို့ လမ်းပေါ်ထွက်စရာလည်းမလို၊ သေနတ်ကိုင်စရာလည်းမလို၊ ကိုယ့်အနုပညာပေါ်ကိုယ် သစ္စာရှိမယ်၊ နယ်ပယ်အသီးသီးမှာ.. ကိုယ့်ကျင့်ဝတ်ကိုယ် စောင့်ထိန်းကြမယ်၊ အဂတိမှုတွေ ရှောင်ရှားကြမယ်ဆို မြန်မာပြည် အာဏာရှင်စနစ်၊ အာဏာရှင်စိတ်ဓါတ် ပျောက်ကွယ်ပြီး ဒီမိုကရေစီ ထွန်းကားလာပါလိမ့်မယ်။ …"
လို့ ရေးထားပါတယ်။
လက်ရှိမှာတော့ သူရိုက်ကူးခဲ့တဲ့ ၁၉၈၇၊ ၁၉၈၈ အရေးတော်ပုံနဲ့ တက္ကသိုလ်ကျောင်းနောက်ခံ ဗီဒီယိုဇာတ်ကားဖြစ်တဲ့ "လွမ်းစိမ့်" ကတော့ ခုချိန်ထိ မြန်မာရုပ်ရှင်ဆင်ဆာက တားမြစ်ထားလို့ ပြသခွင့်မရသေးပါဘူး။
"(အဲဒီအခန်းဖြတ်) ဇာတ်ကားတိုကို '(မဖြတ်နဲ့)' လို့ ခွင်ြ့ပုလိုက်လို့များ လွတ်မြောက်လာလေသလားလို့ တွေးမိတယ်" လို့ ဖေ့စ်ဘွတ်စာဖတ်သူတဦးက ရယ်သွမ်းသွေးထားပါတယ်။

Comments