Ko Phoe Phyu and farmers freed

့်
ကိုဖိုးဖြူနှင့် ဆန္ဒပြသူများ အာမခံဖြင့် ပြန်လွတ်ပြီ
ထွန်းနေအောင် (မြစ်မခ) Myit Makha Mediagroup
အောက်တိုဘာ ၂၉၊ ၂၀၁၁

အောက်တိုဘာ ၂၇ ရက်နေ့ ဆန္ဒပြသည့်နေရာတွင် တွေ့ရသော ကိုဖိုးဖြူ (ဓာတ်ပုံ - popular news)

၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၂၇ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် ၁၉၅၃ ခုနှစ်တွင်ပြဋ္ဌာန်း ထားခဲ့သော `လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ´ အားဖျက် သိမ်းပေးရန်တောင်းဆိုရာတွင် ပါဝင်ခဲ့သော အထိန်းသိမ်းခံ ၇ ဦးအား အာမခံဖြင့် ဖြစ်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

ယင်းတောင်းဆိုမှုပြုလုပ်ခဲ့သော အဖွဲ့ဝင်များအား သတင်းရဲတပ်ဖွဲ့မှရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမေးမြန်းမူများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုတောင်းဆိုမှုကြောင့် အထိန်းသိမ်းခံ (၇)ဦးအား ဗိုလ်တထောင် ရဲစခန်းတွင် အချုပ်ဖြင့် တစ်ညတာ ထိန်းသိမ်းထားပြီးနောက် လယ်သမား ၁၂ဦးမှ အောက်တိုဘာ ၂၈ ရက်နေ့တွင် ကျပ်ငွေ သိန်း ၅၀ ဖြင့် အာမခံပေးခဲ့ခြင်းကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

ပြန်လွတ်မြောက်လာသူများမှာ ရှေ့နေ ကိုဖိုးဖြူ၊ ဒဂုံမြို့သစ်တောင်ပိုင်း ကျီစုကျေးရွာမှ လယ်သမားများဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်းကျောင်းဆရာ ဦးသီအောင်တို့ ဖြစ်ကြောင်း သိရှိရသည်။

ထို (၇)ဦးအား ရဲမှဥပဒေမဲ့ လူစုလူဝေး ပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ တို့ဖြင့် တရားစွဲဆိုထားပြီး ဗိုလ်တထောင်မြို့နယ်ရှိတရားရုံးတွင် ၂၀၁၁ခုနှစ်၊နိုဝင်ဘာ၊ ၁၁ ရက်နေ့၌ ရုံးချိန်းဖြစ်သတ်မှတ်ထားကြောင်း သိရှိရသည်။

Comments