Internet in Burma slow and sluggish as ever

တိုင်းပြည်ကြီး ခေတ်ပြောင်းမည်ဆိုသော်လည်း အင်တာနက်ကား မပြောင်း၊ ပိုတောင်ဆိုးဦးမည်
မိုးမခအထောက်တော် (မရမ်းကုန်း)၊ အောက်တိုဘာ ၁၈၊ ၂၀၁၁
ရတနာပုံတယ်လီပို့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းက ပင်လယ်ရေအောက်ဆက်ကြောင်းများ ချို့ယွင်းနေသဖြင့် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများ အောက်တိုဘာ ၁၇ က စတင်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ၎င်းတို့ဝက်ဆိုက်တွင် ထုတ်ပြန်ထားသည်။
အင်တာနက်ဝက်ဆိုက်များ ပိတ်ဆို့ထားခြင်းကို ဖွင့်ပေးပြီးနောက်ပိုင်း ပရိသတ်မှာ အင်တာနက်နှေးကွေးမှုများ ပိုမိုဆိုးဝါးနေသဖြင့် ထူးထူးခြားခြား မသိသာဟု ဖွင့်ဟပြောဆိုကြသည်။ ပိတ်ပိတ် ပွင့်ပွင့် နှေးကွေးလေးလံနေသဖြင့် အီးမေးနှင့် ဖေ့စ်ဘွတ်လောက်သာ ဖွင့်ပြီး ခေတ်နှင့်အဆက်မပြတ်ရုံသာ ရှိကြောင်း မိုးမခပရိသတ်တဦးက စာရေးသားထားသည်။

Comments