သရက်ထောင်တွင်း
လူ့အခွင့်အရေးချို်းဖောက်မှုများ ဆိုးဝါး
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
မိုးမခ၊
နိုဝင်ဘာ ၁၊ ၂၀၁၁
သရက်ထောင်အတွင်း
အကျဉ်းသားအချို့ အဓမ္မရိုက်နှက်ခံရမှုများရှိနေခြင်းနှင့် အကျဉ်းသားများ၏ အထွေထွေလိုအပ်ချက်များအား
ထောင်အာဏာပိုင်များမှ လစ်လျူရှုနေခြင်း သရက်အကျဉ်းထောင်တွင် ပြီးခဲ့တဲ့ အောက်တိုဘာ(၄)ရက်
၊ အင်္ဂါနေ့ညနေ ၅း၃၀လောက်က မိန်းဂျေးလ် ထောင်မှူး ဦးထိန်ဝင်းနှင့် တပ်ကြပ်ကြီးစောပတီးတို့က
အပြင်ဘုတ်အကျဉ်းသား ဇော်မင်းလတ်ထံမှ ဆေးလိပ် (၁၅)လိပ်ရှာဖွေတွေ့ရှိခဲ့လို့ ၀မ်းလျားမှောက်ခိုင်းပြီး
ပေါင်၊ခါးနှင့် ကျောကုန်းတို့အား ၀ါးစစ်ပိတ် တုတ်များဖြင့် အချက်(၂၅)ချက်ကျော် ပြင်းထန်စွာရိုက်နှက်ခဲ့ပြီး
ညစ်ညမ်းစွာအော်ဟစ်ဆဲဆိုခဲ့ပါတယ်။
ဒါ့အပြင်
“မင်းတို့အကျဉ်းသားတွေကို ရိုက်လို့မရတော့ဘူးလို့ ဘယ်ကောင်တွေပြောတာလဲ၊ ရိုက်လို့ရလို့ရိုက်တယ်ကွာ“ဆိုပြီး
ဆက်လက်ရိုက်နှက်ခဲ့ပါတယ်။
လက်မရွံ့ ထောင်ဝန်ထမ်း
အာဏာရှင်များ
တပ်ကြပ်ကြီးစောပတီိးဟာ
ထောင်ပိုင်အဆက်ဆက်အားကိုးရတဲ့ လက်မရွံ့တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အရက်သေစာ
သောက်စားမူးယစ်နေသူလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်အပေါ် အကျဉ်းသားများ မကျေမနပ်ဖြစ်နေကြပေမယ့်
ထောင်ပိုင် ဦးဝင်းနိုင်လင်းနဲ့ ထောင်ပိုင်လေးတို့က မသိကျိုးကျွံ ပြုနေခဲ့ပါတယ်။ ယခုလို
အကျဉ်းသားရဲ့ပြစ်မှုကိုအခြားနည်းနဲ့အရေးယူခြင်းမပြုဘဲ ပုံကြီးချဲ့ပြီး အငြိုးအတေးနဲ့ရိုက်နှက်ခဲ့မှုဟာ
ဒီတစ်ကြိမ်တည်းမဟုတ်ပါ။
ပြီးခဲ့တဲ့လများကလည်း
အကျဉ်းသားသန်းမင်းထွေးဆိုသူအား ၀န်ထမ်းကို မချေမငံပြန်ပြောလို့ဆိုပြီး
လက်ပြန်ကြိုးတုပ်၊ ခေါင်းကိုအ၀တ်အုပ်ပြီး
ထောင်မှူးကြီးဦးလှအေး၊ ထောင်မှူးဦးညိုဝင်း၊ ထောင်မှူး ဦးမောင်မောင်ဝင်းနဲ့ဝန်းထမ်း(၆)ယောက်ခန့်က
ဝိုင်းရိုက်ခဲ့ကြပါတယ်။ (ဤရိုက်မှုကို ဦးဆောင်ခဲ့တဲ့ ထောင်ပိုင်လေး ဦးဝင်းလှိုင်၊ ထောင်မှူးကြီးဦးလှအေးနှင့်
ထောင်မှူးဦးမောင်မောင်ဝင်း တို့မှာ ဒီဖြစ်ရပ်နောက်ပိုင်း
အခြားတာဝန်များဖြင့် ရဲဘက်စခန်း ၊ အခြားထောင်မျုားသို့ ပြောင်းရွေ့သွားကြပါပြီ) ။
ထို့အတူ
တံခါးကြီးတာဝန်ကျဝန်ထမ်း တပ်ကြပ်ကြီးအောင်တင်ဝင်းမှာ ကျသစ်များ (ယခုမှရောက်လာသည့် အကျဉ်းသားသစ်)
ရောက်လာပါက တံခါးကြီးရှာဖွေပြုလုပ်ရာတွင် အကျဉ်းသားသစ်များ၏ ကော်ဖီမစ်များဆယ်ထုပ်၊
အထုပ်နှစ်ဆယ်စသည့်ဖြင့် တခြားအစားအသောက်များကိုပါ နှိုက်ယူထားခြင်းများ ရှိနေပါသည်။
တာဝန်ခံ ထောင်အာဏာပိုင်မှ အရေးယူခြင်းမရှိပါ။
ဆက်လက်ပြီး
အသက်(၆၀)နီးပါးရှိ သက်ကြီးအကျဉ်းသား ဦးတင်မောင်ဦးကို ထောင်လှန့်သံချောင်းခေါက်ခါနီး
စားဖိုဆောင်တွင် ရေနွေးသွားယူလို့ဆိုပြီး ယခင်ထောင်မှူး ဦးမောင်မောင်ဝင်း နဲ့ တပ်သားဇော်ငြိမ်းအေး
(ယခုနှတ်ထွက်သွားသူ) တို့က ပါးရိုက်ပြီး ထိုးကျိတ်ခဲ့ကြပါတယ်။ သူ့မိသားစု ထောင်ဝင်စာ
လာတွေ့ခါနီးတွင် ကိုယ့်ဘာသာလဲကျလို့ မျက်နှာမှာ ဒဏ်ရာရကြောင်း ပြောဆိုရန် ထောင်ပိုင်ကြီး
ဦးဝင်းနိုင်လင်းက အထက်ပါဥပဒေမဲ့ လူသားချင်း
မစာနာပဲရိုက်နှက်ခဲ့မှုများ(၅)ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။ သို့သော် မည့်သည့် အမှုထမ်း၊ အရာထမ်း မှ အရေးယူခံရခြင်း
မရှိခဲ့ပါ။
သရက်ထောင်မှ ငရဲခန်းများ
သရက်အကျဉ်းထောင်သည်
အစဉ်အဆက်မှ ယနေ့တိုင် နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ထောင်ဖြစ်ပါတယ်။ သရက်အကျဉ်းထောင်တွင်
အကျဉ်းသားအများစုမှာ ထောင်ဝင်စာ မလာနိုင်သူများ ဖြစ်ပါတယ်။ ထောင်မှကျွေးသော ထမင်းတွင်
မကြာခဏ ကျောက်ခဲများပါရှိခြင်း၊ ပဲဟင်းများအရည်ကျဲခြင်း၊ တစ်ပတ်နှစ်ကြိမ်ကျွေးသော အသားတုံးမှာသေုးငယ်ပြီး
အလေးချိန် မပြည့်သည့် အပြင် ချက်ပြုတ်ကျွေးမွေးရာမှာလည်း လုံလောက်သည့်အဟာရမပါရှိပါ။
ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးဝါး မလုံလောက်ခြင်း၊ ကျန်းမာရေးမကောင်းသူများအတွက်
ဘာမီတွန်နှင့် ပါရာစီတမောပင် မလုံလောက်ခြင်း၊ မရရှိခြင်းတို့ကြုံတွေ့နေရပြီး ထောင်ဆေးရုံတွင်လည်းး
ဆေးဝါးနဲ့အဟာရချို့တဲ့မှုကြောင့် အကျဉ်းသားအချို့ မကြာခဏ သေဆုံးမှုများရှိနေပါတယ်။
အဓိကပြသနာမှာ
ထောင်ဆရာဝန်သည် အပြင်၌ ဖွင့်လှစ်ထားသည့် ဆေးခန်းတွင်သာ အချိန်များနေပြီး ထောင်တွင်းလူနာများအတွက်
နေ့စဉ်နံနက်(၈)မှ(၁၀)နာရီ အထိသာ စစ်ဆေးပေးသည့်အတွက် များပြားလှတဲ့ အကျဉ်းသားလူနာများမှာ
အခက်ကြုံနေကြရပါသည်။ ဆေးဖိုးမတတ်နိုင်သည့်လူနာများအားထောင်မှစိုက်ထုတ်ကုသပေးခြင်းမပြုလို့
ကျန်းမာရေး မကောင်းသူများ၊ ရောဂါပိုမို ဆိုးရွားသူများ တစ်နေ့တစ်ခြားတိုးပွားနေပါတယ်။
ထောင်တွင်း အကျင့်ပျက်၊
ခြစားနဲ့ ပျက်စီးမှုများ
အကျဉ်းသားများ၏
ဂုဏ်သိက္ခာလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားသောက်မှု ရပိုင်ခွင့်စကေးများအား
တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာသော်လည်း ထောင်အရာရှိများမှာ တစ်နေ့တခြား ၀င်ငွေတိုးရန်
အချင်းချင်း စားကျက်လုမှုများ၊ ဘောက်ချာ (ပိုက်ဆံရှိ ကျ/ သစ် အကျဉ်းသား) လုမှုများ ၊
ငွေစာရင်းအင်းအတိုး အလျှော့ပြုလုပ်နေမှုများ၊ အကျဉ်းသားရိက္ခာထဲမှ ကိုယ်ကျိုးအတွက်နှုတ်ယူမှုများ
စတဲ့လျှို့ဝှက်ကိစ္စများကို အထက်က မရိပ်မိ မသိရှိစေရန် နည်းမျိုးစုံ သုံးလျှက် နိုင်ငံရေးအကျဉ်းသားများနှင့်
အခြား အကျဉ်းသားများကို ရန်တိုက်ပေးခြင်း၊
အထင်အမြင်လွဲမှားစေရန် ကောလဟာလများ ထုတ်လွင့်ခြင်း
ပြဿနာများတစ်ခုပြီးတစ်ခုဖန်တီးကာ အာရုံလွဲစေခဲ့ပါတယ်။
ထောင်ပိုင်ကြီးဦးဝင်းနိုင်လင်းဟာ
စစ်တပ်မှလာသူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ အပေါ်သဘောထားတင်းမာသူဖြစ်ပါတယ်။ အကျဉ်းထောင်ကိုလည်း
စစ်တပ်ပုံစံအတိုင်း အုပ်ချုပ်လိုသူဖြစ်ပြီး အကျဉ်းသားများ၏ တင်ပြချက် မှန်တမျှ စောဒကတက်သည်ဟု
မှတ်ယူလေ့ရှိသူဖြစ်သည်။
“ဘာမှအခက်အခဲမရှိ အားလုံးကောင်းပါသည်” ဟုပြောစေချင်သူဖြစ်သည်။
သရက်အကျဉ်းထောင်တွင်
ယနေ့တိုင် ကိုလိုနီစရိုက်ဖြင့်အုပ်ချုပ်နေခြင်း၊ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့နေခြင်း။
အကျဉ်းသားတို၏ လူဂုဏ်သိက္ခာကို စော်ကားနေခြင်း၊ လူသားတို့၏ တန်ဘိုးများကို နှိမ့်ချနေခြင်းတို့ကြောင့်
“အကျင့်စာရိတ္တသင်တန်းကျောင်းကြီးပမာဖြစ်ရေး” ဆိုသည့်အစိုးရသစ်၏ ရည်ရွယ်ချက်မှာ မည်သည့်အခါမှ
အောင်မြင်မည်မဟုတ်ပါ။
သရက်ထောင်အကျဉ်းသားများ (သရက်အကျဉ်းထောင်)
အောက်တိုဘာ ၂၀၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်။
သတင်နှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၃၁-၁၀-၂၀၁၁)
မှတ်ချက်။ ။ သရက်အကျဉ်းထောင်အတွင်းရှိ
အကျဉ်းသားများ၏ လက်ရှိ သရက်ထောင်တွင်း
ဖိနှိပ်ခံရမှုများအား
ထုတ်ဖော်တင်ပြထားသည့် စာဖြစ်ပါသည်။

1 comments:
တရုတ်နိုင်ငံအတွင်း မြန်မာထောက်လှမ်းရေး၏ အဖမ်းခံခဲ့ရသူ
ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ)
သရက်ထောင်ထဲမှာ နေရထိုင်ရတာ အခြေအနေ ဘယ်လိုရှိလဲ။
“ထောင်ပိုင်အပေါ် မူတည်တယ်ဗျ။ ထောင်ပိုင်ရဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီးတော့ နေရထိုင်ရတာပေါ့ဗျာ။ လောလော ဆယ် အနေအထားကတော့ ဆေးဝါး ကုသခွင့်ကလည်း ထောင်ပိုင်ကြီး ကိုယ်တိုင်ပေးတာ ကုတာတွေ ရှိတယ်။ စာအုပ်နဲ့ ပတ်သက်လို့ကတော့ ဂျာနယ်တွေဘာတွေ ဝယ်ဖတ်မယ်ဆိုရင် ရပါတယ်။ TV လည်း ကျနော်တို့ အခန်း ထဲကို သွင်းတယ်။ ဒီနှစ် နှစ်စပိုင်းကစပြီး ကြည့်ခွင့်ရတယ်။ စနေ၊ တနင်္ဂနွေ ဆိုရင်တော့ အောက်စက်နဲ့ပေါ့ ဗီဒိယို ကြည့်လို့ ရပါတယ်။ မနက် ၆ နာရီကနေ ၁၂ နာရီအထိ ဖွင့်တယ်။ ၁၂ နာရီ ကနေ ၂ နာရီထိ ပိတ်တယ်။ ၂ နာရီ
ကနေ ညနေ ၅ နာရီအထိဖွင့်တယ်။ ၅ နာရီကစပြီး ပြန်ပိတ် တာပေါ့။”
ဒီနှစ် နှစ်ဆန်းမှ ပြန်ကောင်းလာတာဆိုတော့ သရက်ကို စဝင်ကာစကရော ဘယ်လိုလဲ။
“စဝင်ကာစ အဲဒီ ထောင်ပိုင်ကတော့ ကြမ်းတယ်ဗျ။ တော်တော် ကျပ်ကျပ် တည်းတည်းကို နေရတဲ့ အခြေအနေ။ နာမည်က ခေါင်းထဲမှာ မပေါ်ဘူး ဖြစ်နေတယ်။ သူလည်း အခု ထောင်ကျသွားပြီလို့ ကြားပါတယ်။ စားသောက်တာ များလို့ ကျသွားတယ်ကြားတယ်။ အခန်းတွေဘာတွေ မဆေးရ မပြုရတာ ရှိတာပေါ့။ ICRC လာပြီးတဲ့ နောက်ပိုင်းမှာ
တော့ ထောင်အခြေအနေက ကောင်းသွားပါတယ်။ လမ်းလျှောက်ခွင့်တွေ ကောင်းကောင်း ရလာတယ်။ စာအုပ် သွင်းခွင့် ဖတ်ခွင့်ရလာတာပေါ့။”
အခုကောင်းတယ်ဆိုတဲ့ ထောင်ပိုင် နာမည်မှတ်မိလား။
“ဦးဝင်းနိုင်လင်းဗျ။”
Post a Comment