ကလေး လူငယ်များရဲ့
ကဗျာနဲ့ စာစီစာကုံးပြိုင်ပွဲ မြင်ကွင်း
ဆန်ဖရန်ဘေးဧရိယာ
၁၂ကြိမ်မြောက် စာပေဟောပြောပွဲ
မိုးမခ ရုပ်သံ၊
အောက်တိုဘာ ၁၉ ၊ ၂၀၁၁
ဘေးဧရိယာရဲ့ စာပေချစ်သူများနဲ့
(BADA) အဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ ၁၂ကြိမ်မြောက် စာပေဟောပြောပွဲမှာ
မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေက
ကဗျာရွတ်ဆိုပြိုင်ပွဲနဲ့ အလွတ်တန်း စာစီစာကုံးပြိုင်ပွဲ မှာ
ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။ အဲသည်က မြင်ကွင်းကို တင်ဆက်လိုက်ပါတယ်။
ရေခြား မြေခြားမှာ
မိဘတွေကိုယ်တိုင် သင်ကြားပေးတဲ့ မြန်မာစာနဲ့ မြန်မာစကားကို ကြိုးစားပြီး
ပြောဆို ပြိုင်ပွဲဝင်နေကြတာဟာ ကြည်နူးစရာမြင်ကွင်းပါ။ အထူးသဖြင့်ကတော့ တိုင်းရင်းသားမြန်မာမိသားစုတွေ
စုဝေးနေထိုင်တဲ့ ဥက္ကလံမြို့က ကလေးသူငယ်တွေအတွက် စုဝေး စည်းရုံးလုပ်ဆောင်ပေးခဲ့တဲ့
ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းကိုလည်းက ဆရာ၊ ဒကာ မိသားစုများကိုလည်း
ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
Comments