Sunday, July 31, 2011

artist Yar Huu Lar passes away

ပန်းချီဆရာ ရာဟုလာ နေအိမ်တွင် ကွယ်လွန်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၁၁

ပန်းချီဆရာ ရာဟုလာသည် မင်းကွန်းရှိ သူ၏ နေအိမ်တွင် ယနေ့ ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ် ရှိပြီဟု သိရသည်။



အထက်ပါပုံများမှာ ဦးကျော်သူ နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပန်းချီသင်တန်းတခုမှ ကလေးငယ်များ ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ Morekha Art Gallery ရှိ ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက် လေ့လာစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။ ပန်းချီဆရာကြီး ရာဟုလာက သူ့လက်ရာတချို့အကြောင်း ရှင်းပြနေပုံများ ဖြစ်သည်။

သူကွယ်ခြင်းနှင့် ပတ်သက်ပြီး သတင်းသမားတဦးက Facebook တွင် အောက်ပါအတိုင်း ရေးသားထားသည်။

"ကိုကိုးကျွန်းထောင် ဖျက်သိမ်းခဲ့တဲ့ နှစ်လေးဆယ်မြောက် ကျရောက်တဲ့ ဒီနေ့ (၃၁.၇.၂၀၁၁) မှာ ကိုကိုးကျွန်းထောင်မှ အကျဉ်းကျဖူးခဲ့တဲ့ မင်းကွန်းက နာမည်ကြီး ပန်းချီဆရာ ရာဟုလာ ၁၂ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်ပါတယ်။

ကိုကိုးကျွန်းထောင်ဟာ နိုင်ငံရေးသမားတွေကို ထောင်ချတဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပါတယ်။
ပန်းချီဆရာ ရာဟုလာ ဟာ လူပျိုအရွယ်မှာ နိုင်ငံရေးအမှုနဲ့ ထောင် ရ နှစ်ခွဲ ခန့်ကို အင်းစိန်ထောင်၊ ကသာထောင်၊ ကိုကိုးကျွန်းထောင်တို့မှာ အကျဉ်းကျခံခံရပြီး မကွယ်လွန်မီ နောက်ဆုံးရေးဆွဲနေတဲ့ ပန်းချီကားက ကိုကိုးကျွန်းမှာ ဖြစ်ခဲ့တဲ့ အလောင်းလုပွဲ မြင်ကွင်း ပန်းချီကားပဲဖြစ်ပါတယ်"

0 comments: