many burmese go to HumanRightsLogo.net


လူ့အခွင့်အရေး တံဆိပ် ပြိုင်ပွဲတွင် မြန်မာပြည်သား များစွာ ပါဝင်ဆင်နွဲ
မိုးမခအထောက်တော် အမှတ် ၀၀၃
ဇွန် ၁၈၊ ၂၀၁၁


ယခုနှစ်အတွင်း ကမ္ဘာက ရွေးချယ်မည့် လူ့အခွင့်အရေး လိုဂိုဒီဇိုင်း ဖန်တီးသူမှာ မြန်မာပြည်သားတဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဂျာမနီက မေလဆန်းတွင် ဦးဆောင်ကျင်းပသော လူ့အခွင့်အရေး လိုဂို ဖန်တီးမှု ပြိုင်ပွဲသို့ မြန်မာပြည်သား အများအပြား၏ လက်ရာများ ရောက်ရှိနေသည်။

အကဲဖြတ်ဒိုင်များအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင် နိုင်ငံတကာမှ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဒီဇိုင်းပညာရှင်များက ဆောင်ရွက်ရန် အသင့် ဖြစ်နေသည်။

နိုင်ငံတကာမှ စိတ်ဝင်စားသူအများအပြားက ထောင်နှင့်ချီသော ဒီဇိုင်းများကို ပေးပို့ ယှဉ်ပြိုင်နေကြသည်။ ရွှေတို့၏ လက်ရာစုံကို ဤလိပ်စာတို့တွင် တွေ့နိုင်သည်။

http://humanrightslogo.net/community/MiTay4
http://humanrightslogo.net/community/Htay
http://humanrightslogo.net/community/tinaungzaw
http://humanrightslogo.net/community/thant
http://humanrightslogo.net/community/gondoothit
http://humanrightslogo.net/community/zawhtetkoko
http://humanrightslogo.net/community/bakaung
http://humanrightslogo.net/community/mmlwin75
http://humanrightslogo.net/community/aung
http://humanrightslogo.net/community/zalat
http://humanrightslogo.net/community/cetthtun

လိုဂိုအတွက် HumanRightsLogo.net တွင် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း၊ ဖန်တီးလိုက်သည့် လိုဂို နောက်ဆုံးထားပြီး ပေးပို့ရမည့် နေ့မှာ ဇူလိုင် ၃၁ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လတွင် ဒိုင်လူကြီးများက အကောင်းဆုံး လိုဂို ၁၀ ခုကို ရွေးမည် ဖြစ်သည်။

ထိုသို့ ရွေးလိုက်သော ၁၀ ခုကို အင်တာနက်တွင် ကမ္ဘာ့ပြည်သူတို့ မဲပေး ရွေးချယ်ကြမည်ဟု ဆိုသည်။ မဲပေးရမည့် ကာလမှာ သြဂုတ် ၆ မှ ၂၁ အတွင်းဟု သတ်မှတ်ထားသည်။

ပေးအပ်မည့် ဆု ၃ ခု ရှိရာ ပထမဆု ယူရိုငွေ ငါးထောင် (ဒေါ်လာ ၇၀၀၀ ခန့်)၊ ဒုတိယဆု ယူရို သုံးထောင်၊ တတိယဆု ယူရို တထောင် ဟု သတ်မှတ်ထားသည်။

Comments