ဥက္ကလံမြို့ မြန်မာမိသားစုများသင်္ကြန်ပွဲတွင် အကျဉ်းသားလွတ်မြောက်ရေး ပန်ကြားလွှာ လက်မှတ်ထိုး
မိုးမခဓာတ်ပုံသတင်း
မေ ၁၊ ၂၀၁၁
ယမန်နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့ မြန်မာမိသားစုများ၏ ရိုးရာသင်္ကြန်ပွဲတော်တွင် မြန်မာပြည်သူတို့၏ ပန်ကြားလွှာ လက်မှတ်များ စုပေါင်း ရေးထိုးသည့် အစီအစဉ်ကို ထည့်သွင်းကျင်းပခဲ့သည်ကို တွေ့ရသည်။ ဆန်ဖရန်ဘေးဧရိယာအခြေစိုက် အဖွဲ့အစည်းများက ၀ိုင်းဝန်း ပံ့ပိုးကူညီကြသည့် အဆိုပါလှုပ်ရှားမှုတွင် မြန်မာပြည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူ မြန်မာမိသားစုများက မြန်မာပြည်သူတို့နှင့်အတူ ရပ်တည်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
လက်ရှိပွဲတော်လာ ဧည့်ပရိသတ်များအတွင်းက မြန်မာအရေးစိတ်ဝင်စားသူ၊ လှုပ်ရှားသူ ဦးရေ ၂၀၀ နီးပါးက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု စီစဉ်သူတဥိးက ပြောကြားသည်။ အင်န်အယ်ဒီပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမောင်မောင်လတ်နှင့် ဦးဝင်းလှိုင်တို့ကလည်း လူထုနှင့်အတူ ရပ်တည်အားပေးမှုများ ပြုခဲ့ကြသည်ဟု ဆိုသည်။
(ဓာတ်ပုံများ - ပွဲတော်တွင် မြင်တွေ့ရသည် မြန်မာများနှင့် လှုပ်ရှားမှုများ)
0 comments:
Post a Comment