journal pieces on Jan 8


၁၀ နှစ်သမီး ဟစ်ဟော့ ဘာကြောင့် ရယ်သလဲ
အဝေးကြည့် မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၈၊ ၂၀၁၁
The Voice ဂျာနယ် (ဇန်န၀ါရီ ၁၀)
အခွန်ဆောင်သူ ရာနှုန်း
မြန်မာပြည်မှာ အခွန်ဆောင်သူ ဘယ်လောက် များသလဲ ဖတ်ကြည့်ပါအုံး။ သတင်း အဆုံးသတ်ပုံလေးကလည်း သဘော ကျစရာ။



နေတိုး
မင်းသား နေတိုး စာအုပ် ထုတ်ပြီ တဲ့။ မင်းသားတွေ စာရေးတော့ ကိုယ်တို့ စာရေးဆရာတွေက ရုပ်ရှင်ရိုက်ရတော့မလို ဖြစ်နေပြီ။
နေတိုးက ၂၀၀၉ အတွက် မကြာခင် ပေးဖွယ်ရှိတဲ့ အကယ်ဒမီပွဲမှာ ဆုရဖို့ မှန်းထားတယ်လို့ ဆိုတယ်။



အလင်းတန်းဂျာနယ် (ဇန်န၀ါရီ ၃)

အဆဲ ဆာနေသလား
ပုံမှန် အခြေအနေမှာတော့… ခုသတင်းလေးက အလွန်အမင်း… ကျေနပ်စရာလေးပေါ့…။ ခုတော့… တမင် ထွင်ထားတဲ့ DDOS ပက်ကျိ အင်တာပျက်ကြီးနဲ့… စိတ်ပျက်စရာ ကာလမှာမှ အွန်လိုင်းပေါ်မှာ ကျင်းပမဲ့ ကုန်စည်ပြပွဲတဲ့လေ…။ ဆဲချင်စရာပါဘဲ…။ ဆဲနေကြမဲ့သူက အတော်ကို များမှာပါ။ ကိုယ်က ရှေ့ဆုံးက…။ အင်တာနက်ဆိုင်ကနေ နေ့တိုင်း ကျိန်စာ တိုက်နေမိတယ်။


ကိုင်း… ပြည်ပက မိတ်ဆွေများ www…myanmarexpo…net က တဆင့်ဝင်ပြီး ကိုယ်စား ဆဲပေးကြပါခင်ဗျာ…။

၁၀ နှစ်သမီး ဟစ်ဟော့
ခရစ်စမတ်ကာလမှာ ကျင်းပသွားခဲ့တဲ့ “ဟစ်ဟော့ ၁၀ နှစ်ပြည့်” ပွဲကလေး… ဘယ်လိုရှိပါသလဲ သိချင်တယ်ဆိုရင် ဟောဒီမှာ ကြည့်ပါခင်ဗျား…။


ပြေတီဦး၊ အူဝဲ တို့ကို ရိုက်မယ်

Photo essay ဆိုပြီး… မြန်မာမီဒီယာ ဓါတ်ပုံဆရာ တပ်ဖွဲ့ကြီးရဲ့တစိတ်တပိုင်းကို မြင်ရမယ်ဗျ…။


True News ဂျာနယ် (ဇန်န၀ါရီ ၄)
စိတ်ဝင်စားစရာ ဆောင်းပါး
ဟုတ်ကဲ့… လူထုဦးစိန်ဝင်းပါဘဲ…။ မြန်မာတွေက အနှစ်သာရကို တန်ဖိုးထား ဆိုတဲ့ မှတ်သားစရာ ဆောင်းပါးလေးပါ။ ဖတ်စရာ မှတ်စရာလေးတွေလဲ ပါတော့ ဖတ်သင့်တယ် ထင်လို့ပါ။

ဘာကြောင့် ရယ်ရသလဲ
တချို့က သရော်စာ (satire ) ကို ဒီလိုရေးသဗျ…။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့… ။ ဆွဲဆန့်ထားသလို ခံစားရတာတော့
အမှန်ပါဘဲ…။ မြည်းကြည့်ဖို့ပါ…။


မော်နီတာဂျာနယ် (ဇန်န၀ါရီ ၂)
ကင်မရာရှေ့ မင်္ဂလာယူသူများ
ကြိုးနီစနစ် အကြောင်း ရေးထားတဲ့ သူ့ရဲ့သရော်စာနဲ့ဆက်စပ်ပြီး… စာရေးဆရာချစ်စံဝင်း အကြောင်း ခုတလော လူပြောများနေပါတယ်…။ တိုက်တိုက်ဆိုင်ဆိုင်… သူရေးထားတဲ့ဆောင်းပါးဟောင်းလေး ပါလာပြန်တော့ ဖတ်ကြည့်မိပြန်ပါတယ်…။ လုပ်ကြံထားတဲ့ ဓါတ်ပုံများ ဆိုပဲ …။ ဆက်ကာ စပ်ကာသာ တွေးကြည့်ကြပါတော့ခင်ဗျာ။ ဒီခေတ်နဲ့လဲ ဟပ်နေတာပါဘဲလား…။

ကံချွန် အမှတ်တရ
ဆရာကံချွန်ရဲ့ ဟာသတိုလေးတွေပါ… အငြီးပြေပေါ့နော်…။
ကောင်းလိုက်တဲ့ ခေါင်းစဉ်
အမျိုးစုံ ခိုးနေကြတဲ့ ခေတ်ဆိုးကြီးထဲမှာ… ဒီနည်းကလည်း ခုထိတော့ မရိုးသေးဘူးဗျ…။ လီတာ မပြည့်ဘူး တဲ့…။


ရှေးဖြစ်ဟောင်း နဲ့ လက်ရှိ

သားထုတ်တဲ့ ဂျာနယ်မှာ အဖေကို အိတ်ဖွင့်ပေးစာ ပေးတယ် တဲ့…။ အကြောင်းအရာကလည်း ကြည့်လိုက်ပါဦး… သတင်းထောက်တွေ… သတင်းစာဆရာတွေ… အကျင့်ပျက်ပုံ… အလုံးစုံ…။ အိုးဝေ ဦးညိုမြရဲ့ ဆောင်းပါးဟောင်းကို ပြန်တင် ပေးထားတာပါ…။ ဖတ်လို့တော့ ကောင်းမှကောင်း…။

မော်နီတာဂျာနယ်က ဘာကို ပြောချင်နေတာပါလိမ့်… …။

Comments

Anonymous said…
ကိုယ့်ရှူးကိုယ့်ပတ် … ဆိုတာမျိုးလဲ ဖြစ်နေ ပါဦးမယ်… ခိုင်သားအဖတို့ရယ်… လုံအောင် ထိုင်ကြပါဦးကွယ်…။