journal pieces on Jan 26

နန်းဆု၊ အမေရိကန် ဟန်းနီးမွန်း၊ ရခိုင် ဓာတ်ငွေ့မြေ
နွားကျောင်းသား ကိုဝင်း

ဇန်န၀ါရီ ၂၆၊ ၂၀၁၁


မြန်မာပို့စ် ဂျာနယ် (ဇန်န၀ါရီ ၂၆)
သတင်းကောင်း
စိတ်ညစ်စရာတွေ ပြည့်နေတဲ့ ကာလမှာ ဒါမျိုးတွေ ဖတ်ရလို့ တော်သေးတာပေါ့။ နွမ်းပါးသူတွေအတွက် ဆေးခန်း ဖွင့်သတဲ့။
အစအဆုံး ဖတ်သင့်၊ မိတ်ဆွေတွေကို လက်ဆင့်ကမ်းသင့်တဲ့ အင်တာဗျူးတိုတိုလေးပါ။


ပညာပေးဖို့ လိုသေးတယ် တဲ့
အောက်က ကျန်းမာရေး သတင်းမှာ စဉ်းစားစရာ၊ ရေးချင်စရာတွေ အများကြီး ပါနေပါတယ်။ ကျနော်တို့တွေ မသိသေးတာ တပုံကြီးပါလား ဆိုပြီး ၀မ်းနည်းမိမယ် ထင်တယ်။ ထင်ပေါ်ကျော်ကြားတဲ့ ဆရာဝန်တွေ ပြောရင်တော့ လူတွေက နားထောင်ကြမှာပါလေ။

နောက်ထပ် သတင်းကောင်း
အင်းလေးက ကျောင်းသားတွေ၊ ဆရာဆရာမတွေ အတွက် သတင်းဆိုး ဖြစ်ချင် ဖြစ်မယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသူများကတော့ ၀မ်းသာအားရ ကြိုဆိုမယ့် သတင်း ဖြစ်မယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းနည်း ဘာသာရပ် ဆိုပဲ။



True News ဂျာနယ် (ဇန်န၀ါရီ ၂၁)
ရခိုင်ဓာတ်ငွေ့မြေသတင်း
ရခိုင်ဒေသ ဓာတ်ငွေ့ထွက်တဲ့နေရာမှာ မြေဈေး ၁၀ ဆ တက်တယ် ဆိုပဲ။ ပိုက်လိုင်းနဲ့ ငြိတဲ့ မြေတွေအတွက် ပေါက်ဈေးအတိုင်း လျော်ကြေးပေးတယ်လို့ ရွာသားတယောက် ဆိုသူကို ကိုးကားပြီး သတင်းထဲမှာ ခပ်တည်တည် ရေးထားတယ်။ ဗိုလ်ချုပ်ကြီးများ တယ် သဘောကောင်းပါလားလို့ ထင်စရာ။ များများ ရေးခွင့် မရသေးပေမယ့်လည်း သတင်းသမားတွေ များများဖတ်၊ များများ နားထောင်ဖို့ လိုနေပါပြီ။


ဒေါက်တာခင်မောင်ညို ပြောပြတဲ့ ဒိုင်းနမိုက် နောက်ဆက်တွဲ
ခေါင်းစဉ်က နည်းနည်း ထူးနေပေမယ့် ရေးထားတာ သိပ်ထူးခြားမယ် မထင်ဘူးလို့ ထင်စရာပါ။ အဲဒီလိုထင်ရင် မမှန်ပါဘူး။ ဆောင်းပါး အဆုံးသတ်ခါနီးလေ စိတ်ဝင်စားစရာ ပိုကောင်းလာလေ ဆိုတာ တွေ့ရပါလိမ့်မယ်။


တရုတ်ပြည်သွားမယ့် ဓာတ်ငွေ့
ကိုရီးယား၊ အိန္ဒိယ၊ မြန်မာတို့ ဖက်စပ် တူးကြမယ့် ဓာတ်ငွေ့တွေ တရုတ်ပြည်ကို နှစ်ပေါင်း ၃၀ ပို့မယ် တဲ့။



အမေရိကန် ဟန်းနီးမွန်း
အကယ်ဒမီ ဆင်ဆာထိတယ် ဆိုတဲ့ အိန္ဒြာကျော်ဇင်က အမေရိကန်အနှံ့ ပျားရည်ဆမ်းခရီးဆန့်မယ် ဆိုပဲ။ မိုးမခ ဌာနချုပ်ကိုလည်း သွားမယ် ထင်တယ်။


မမှန်မကန် ရေးသားခံရတဲ့ နန်းဆု
မိုဒယ်၊ အဆိုတော်၊ မင်းသမီး၊ လုပ်ငန်းရှင် နန်းဆု တယ်လီဖုန်း ပျောက်တယ်၊ ပြန်ပေးရင် ကျေးဇူး ဆပ်မယ် တဲ့။ အင်း - ဒီဖုန်း ကောက်ရရင် ကောင်းမှာပဲ။

နာမည် နည်းနည်း မှားနေတယ်။ တော်ကြာ သူ့နာမည်တောင် မှားရေးတယ် - ဒီသတင်းက ဘယ်လောက်ထိ မှန်မလဲ လို့ သံသယ ရှိနေကြဦးမယ်။

အသက် ၂၄ နှစ်အရွယ် ချစ်နှမငယ် နန်းဆု အခုလောက်ဆို ဖုန်းအသစ်တလုံး ၀ယ်ပြီးလောက်ရောပေါ့။


ပြင်မယ် တဲ့
စိတ်ဝင်စားသူ ရှိမယ် ထင်လို့ တင်ပေးလိုက်ပါတယ်။
ဒီခေတ်မှာ ပြင်တိုင်း ကောင်းတာမဟုတ်။ ဒီတန်ဆောင်းကို ဘယ်လို ပြင်ကြမယ် မသိ။
တန်ဆောင်းက နှစ် ၁၀၀ ကျော်ပြီ ဆိုပဲ။
အံ့သြစရာ ကောင်းတာက တည်ဆောက်ပြုပြင်အတွက် "တန်ဆောင်း၏ မူလအလှူရှင်များကို အကြောင်းကြားလျက်ရှိကြောင်း" ဆိုတာပါပဲ ပရိသတ်ရေ။ ဂေါပက လူကြီးရဲ့ စကားပါ။ တန်ဆောင်းက အသက် ၁၀၀ ကျော်ပြီ ဆိုတော့   အလှူရှင်ကြီးများလည်း တမလွန် ရောက်နေရောပေါ့။ ရွှေတိဂုံ ဂေါပကအဖွဲ့ကြီးက အဲဒီ အလှူရှင်တွေဆီကို ဘယ်လို ဆက်သွယ်သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ တကယ်ဆိုရင် ဒီသတင်းက မျက်နှာဖုံးသတင်း ဖြစ်သင့်ပေတာပေါ့။
(နောက်တာပါဗျာ။ ပျော်စေပျက်စေ။ မျက်နှာဖုံးတော့ မတင်လိုက်ပါနဲ့။)


ရွှေတိဂုံကို လာတဲ့ ပြည်ပ ခရီးသည်
ခရီးသည်တွေကြားထဲမှာ ပေါ်တူဂီတွေလည်း ပါတယ် ဆိုပဲ။ ခေါင်းလောင်း လာဖြုတ်တာလား၊ ကြုံလို့ ၀င်တာလား မသိဘူး။
ထိုင်းဧည့်သည် များတယ် ဆိုပေမယ့် အရေအတွက် ထည့်မထားတော့ ဘယ်လောက်များမှန်း မသိရဘူး။ ၅ ယောက်လား။ ငါးဆယ် လား။ ငါးရာ သို့မဟုတ် ငါးထောင်လား။


သရော်စာ တိုတို
ဖတ်လို့ ကောင်းတယ်။ တင်ပေးလိုက်ပါတယ်။ မွန်စီယာဆီညော် ဆိုတာ ဘယ်သူပါလိမ့်။


အကယ်ဒမီ ရင်ခုန်မှု
ရင်ခုန်တယ် တဲ့ အကယ်ဒမီကာလမှာ။ ခုန်မှာပေါ့။ အ၀တ်အစား စတိုင်တမျိုးနဲ့ လူလုံးပြနိုင်ကြတဲ့ပွဲ မဟုတ်လား။ သတင်းက ခုမှ တင်ဖြစ်တယ်။ ပွဲကတော့ ပြီးသွားပြီ။ ဒီသတင်းထဲ လူမင်းက ပြောထားတယ် - ထူးထူးဆန်းဆန်း ထွင်ပြီး ၀တ်ရဲတာကို သဘောမကျဘူး တဲ့။ အင်း - သူ မထွင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဖိနပ်ကို တိုက်ပုံနဲ့ ၀မ်းဆက် လုပ်ထားတာ တခုပါပဲ။ သူတို့လောကသား အများအပြား ဒီလို ၀မ်းဆက်ကြတာမို့ ထွင်တယ်လို့ မယူဆပုံ ရပါတယ်။

ခေတ်ဆန်းချိန်
ဒီစာစုလေးက အရမ်း ကောင်းတာပဲ။ စကားလုံးတွေလည်း ကောင်းတယ်။ ငါ တယ်ဟုတ်ပါလား ဆိုသူတွေကအစ ဝေဖန်ရေးသမားတွေအဆုံး ဖတ်သင့်ပါတယ်။ ၂ ခါပြန်တောင် ဖတ်သင့်တယ်။ ဟုတ်ကဲ့ - သတင်းသမားတွေလည်း ပါတာပေါ့။ ဆင်ခြင် မှတ်သားစရာ၊ ဘရိတ်အုပ်ချင်စရာတွေ ပါပါတယ်။
အင်း - ဘရိတ်အုပ်အုံးမှ၊ အင်း ----။


သက်ကြီးစကား
ဒီတခေါက် နောက်ဆုံး တင်ပေးလိုက်တာကတော့ ၀ါရင့် သတင်းစာဆရာ ပြောပြတဲ့ စိတ်ဝင်စားစရာ အတွေ့အကြုံတွေပါ။ လွှတ်တော် ဆွေးနွေးချက်တွေကို မြန်မာ့အသံကတောင် လွှင့်ပေးဖူးသတဲ့။ ဟိုခေတ်က သတင်းသမားတွေ လွှတ်တော်ဝင်ဖို့ တံခါးမရှိ ဓားမရှိ ဆိုပဲ။ ရက်ပိုင်းအတွင်း ခေါ်တော့မယ် လွှတ်တော် ဆိုတာအတွက် သတင်းသမားတွေ မောင်းတင်ထားဖို့ လူထုစိန်ဝင်းက ပြောနေသလိုပါပဲ။ မောင်းတင်ထားပြီး လက်ညှိုးလေး ကွေးခွင့် မရကြရင်တော့ ခက်ပြီ။

Comments

Anonymous said…
Initially reading the article of Lumbini Clinic, I felt the idea was to give free medical treatment for the poor and marginalized but it turns out to be another marketing ploy to get attention...
There seems to be really no such thing as a free lunch after all!!!!