journal pieces on Jan 13

သတင်းကောင်း သိထားရအောင်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၁၃၊ ၂၀၁၁



7DAY NEWS ဂျာနယ် (ဇန်န၀ါရီ ၁၃)
သတင်းကောင်း
ခုခံကျရောဂါကူးစက်နှုန်း ကျလာတယ် ဆိုတော့ သတင်းကောင်းပေါ့။ ကူးစက်နှုန်းက တရက်ကို လူ ၄၀ ပဲ ရှိတော့တယ် တဲ့။
ဒီသတင်းအတွက် 7DAY ကို ကျေးဇူးတင်ပါတယ်။ ကော်လံ အကျယ်ကြီးနဲ့ စာစီထားတာကတော့ စိတ်ညစ်စရာ။


စစ်တွေက အနှိပ်ခန်း

အနှိပ်ခန်းတွေကို ပိတ်လိုက်တဲ့ သတင်း။ ၀န်ထမ်းတွေကို အိမ်ပြန်ပို့တယ် တဲ့။ သတင်းထဲမှာ ရေးထားသလို ဆိုရင် စစ်တွေမှာ ၇ ခန်းပဲ ရှိတယ်ပေါ့။ ရန်ကုန်မှာတော့ အင်း - များမှ များ။ ရန်ကုန် အနှိပ်ခန်းတွေ အကြောင်း ဟောဒီလင့် moemaka.com/in မှာ ရှိပါကြောင်း။



ကိုယ်ဝန်သည် အစွမ်းပြတဲ့ ရေကူးပြိုင်ပွဲ

အထက်က သတင်းကိုသာ ဖတ်ပါလေ။

လွှတ်တော်များ တည်ဆောက်ဆဲ

မြန်မာပြည် အနှံ့အပြားက လွှတ်တော်အဆောက်အအုံတွေ ဆောက်နေတုန်း ဆိုပဲ။ ဒါက အရေးမကြီးပါဘူးလေ။ ဘောလုံးကွင်းထဲ စုဝေးကြလည်း ရတာပဲ မဟုတ်လား။ အင်း - စစ်ဗိုလ် တမတ်သား နဲ့ ကြံ့ဖွတ် ငါးဆယ်သားမက ပါတယ် ဆိုတော့ ဖွတ်ဗိုလ်လွှတ်တော်တွေလို့ ခေါ်ကြတော့မှာပဲ။



အင်းလေး ဒေသ လျှပ်စစ်မီး
မီးလင်းမယ်၊ သို့ပေမယ့် ကိုယ်တိုင်ကျဲနေရသတဲ့။ ဒါပေါ့၊ အင်းသားတွေလည်း လူပဲ၊ လျှပ်စစ်မီး လိုအပ်တာပေါ့။ ဒါမျိုး ကိစ္စတွေမှာ သကောင့်သား “နိုင်ငံတော်” ဆိုတဲ့ ငနဲ ဘယ်ပြေးနေပါလိမ့်။



ထမင်းဝိုင်းမှာ ငရုပ်သီးမပါလို့ ဇနီးကို ထင်းချောင်းနဲ့ ရိုက်သတ်သတဲ့

ဟုတ်ပါတယ်။ မြန်မာပြည်မှာပါ။ ဒါမျိုးအမှုတွေ အကြောင်း ရေးထားတဲ့ ဆောင်းပါး။ အချိန်မရသူများအတွက် စာပိုဒ်တချို့ ကို အနီရောင်အမှတ်အသား ပေးလိုက်ပါတယ်။
ဒီလို ပြဿနာမျိုးတွေ ဘယ်လို ရှင်းကြမလဲ၊ အရင်က ဘယ်လို ဖြေရှင်းခဲ့ကြသလဲ၊ တခြားနိုင်ငံတွေမှာရော ဘယ်လို ရှင်းကြသလဲ သိချင်လိုက်တာ။

ဘုရားပွဲနဲ့ မရှိမဖြစ်
ဒီသတင်းကလည်း ပြဿနာတခု အကြောင်း တို့ထားတယ်။ ဘုရားပွဲမှာ လောင်းကစားဝိုင်း ထည့်ဖို့ “အထူး အလေးထား ဆောင်ရွက်သွားမည်” ဆိုပဲ။ “မ” တလုံး ပြုတ်ကျသွားတာလားတော့ မသိဘူး။ ဘုရားပွဲတွေမှာတော့ ဒီလိုဝိုင်းတွေ အမြဲ ရှိတတ်တော့ စာစီစာရိုက်အမှားတော့ ဖြစ်ဟန် မတူလို့ ထင်ရမလိုပါပဲဗျာ။


ကချင်ပြည်၊ အညာသား နဲ့ တောင်ဖြိုလုပ်ငန်း

ကျောက်စိမ်းဒေသအကြောင်း ဆောင်းပါး။ ဒီဒေသ၊ ဒီဒေသရောက် အညာသားတို့အကြောင်းကို တပုဒ်ထဲနဲ့ အများကြီး တွေ့နိုင်ပါတယ်ခင်ဗျာ။


လာမယ့် အိုလံပစ်အတွက် မြန်မာအမျိုးသမီးတို့ ကြိုးပမ်းပုံ

ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စု ကကြီး ၅ နိုင်ငံထဲမှာ မြန်မာ ပါတယ်။ ဒီထဲက ၂ သင်း ဒုတိယအဆင့် ခြေစစ်ပွဲ ၀င်ရဦးမယ် တဲ့။ ဒုအဆင့်ပြီးရင် ဘယ်အဆင့် ကျန်းသေးလဲ မသိ။ အင်း - အိုလံပစ် ရောက်ရှိရေးက မလွယ်ပါလားခင်ဗျာ။

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ အုပ်စုထဲမှာ မြန်မာအသင်းထက် အားနည်းတာ ဟောင်ကောင်ကိုပဲ တွေ့ရပါတယ်။

ထိုင်း (ကမ္ဘာ့အဆင့်) ၃၃
ဗီယက်နမ် ၃၄
တိုင်ဝမ် ၃၆
မြန်မာ ၄၄
ဟောင်ကောင် ၆၇

မြန်မာ အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၄၄ ရှိတယ် ဆိုတော့ ချီးကျူးရမယ်။ မြန်မာ အမျိုးသားအသင်းက အဆင့် ၁၄၉ တဲ့။


မြန်မာပြည်မှာ ဖွင့်ချင်တဲ့ နိုင်ငံတကာ ကျောင်းများ
နိုင်ငံတကာ တက္ကသိုလ်ကောလိပ်တချို့  မြန်မာပြည်မှာ ဖွင့်ဖို့ ကြိုးစားပေမယ့် နောက်ဆုတ်သွားတဲ့ သတင်း။ နာမည်တွေတော့ ထည့်မရေးထားပါ။
အမေရိကန် တက္ကသိုလ်တွေ ဖြစ်တဲ့ Stamford နဲ့ Webster ကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျောင်းခွဲတွေဖွင့်ထားတယ်။


လူကြားထဲ ဆေးလိပ်မသောက်ရ
ဒီသတင်းကိုတော့ စာမျက်နှာ ၁၄ မှာရော ၃၇ မှာပါ တွေ့ရတယ်။ အမှားကောင်း ဆိုပါတော့။


News Watch ဂျာနယ် (ဇန်န၀ါရီ ၅)

သိထားရအောင်
ပြေတီဦးတို့ မင်္ဂလာပွဲနဲ့ အချိန်ကိုက်ပြီးရေးပါတယ် လို့များ ပြောကြမလားဘဲ…။ ပုဆိုးတန်းတင် တဲ့ မြန်မာမှု ဆောင်းပါးလေး… အလွမ်းပြေ ပေါ့။

ဘယ်သူတွေ သွေးလှူကြသလဲ
ဘယ်လိုဘဲ မမြင်နိုင်အောင် ပိတ်ကာထားပေမဲ့ မြန်မာလူငယ်တွေ မျက်လုံး ပွင့်လာတာကတော့ အံ့မခန်းပါဘဲ…။ လျှော့ကို မတွက်ရဲသလောက်…။ ခုလဲ ကြည့်လေ… သွေးလှူတာ လူငယ် အများဆုံး တဲ့။ နိုင်ငံရေး၊ လူမှုရေး အမြင်တွေ…ပွင့်လင်းလာကြတဲ့ သက်သေ…။ နောင်တခေတ်ရဲ့ ခေါင်းဆောင်လောင်းတွေ…။


လူကုန်ကူးမှုသတင်း ရေးသားခြင်း
လူကုန်ကူးတယ် ဆိုတဲ့စကားက မြန်မာပြည်မှာဖြင့် … နောက်ဆုံးပေါ် အဟော့ဆုံး ဝေါဟာရဖြစ်လာပါပြီ…။ အမှုတွေကလည်း မနည်းမနောကိုး…။ စိနတိုင်းသားတို့ မွေးလာမှာ … မိန်းကလေးလို့ ကြားတာနဲ့ ဖျက်ချ… ကျိတ်ပြီး သတ်ပစ်ကြ လုပ်ခဲ့ကြသမျှ… ခုတော့ သတို့သမီးရှားတဲ့ဒုက္ခ လှလှကြီးတွေ့နေကြသတဲ့…။ ဖြေစရာ ဖျောက်စရာကတော့ ကိုယ်တို့ ဆီက မသိနားမလည်ရှာတဲ့ ချစ်စဖွယ် လုံမကြီး… လုံမငယ်လေးတွေပေါ့လေ…။ နှမချင်း သားသမီးချင်း မစာနာသူ တွေက… ကိုယ့်လူမျိုး အချင်းချင်း… နည်းအမျိုးမျိးနဲ့ သိမ်းသွင်းတာ ခံလာကြရရှာပါတယ်။

ခုတော့… ဖမ်းကြဆီးကြ… အရေးယူကြနဲ့…အတော်လေး ဆူညံလာပါပြီ။ ဖြစ်သမျှအမှုတွေကို… လိုက်ကြတဲ့ မီဒီယာလောကသားတွေကလဲ လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်နေပြန်တော့… မေးသင့်မှန်း ပြောသင့်မှန်းမသိ စာနာမှုကင်းကင်းနဲ့ ကိုယ်သတင်းရရေးကို ရှေ့ရှုလာပြီ ဆိုမှဖြင့်… နစ်နာရသူတွေကတော့ ကာယကံရှင် တွေ ဖြစ်ကြတဲ့ လူကုန်ကူးခံရသူလေးတွေ နဲ့ သူတို့ရဲ့ မိသားစုဝင် တွေပါဘဲ…။

ဒီတော့ကာ… ဘယ်လို အကြောင်း နောက်ခံဘဲ ရှိပါစေ… သတင်းသမား ကျင့်ဝတ်ကို ဖြင့်… ဇစ်ဇစ်မြစ်မြစ် လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့ အကြောင်း ရေးထားတာလေးများ… သိစေချင်လို့ပါ ခင်ဗျာ…။




Messenger ဂျာနယ် (ဇန်န၀ါရီ ၃)
လက်ကမြင်းတာ သူတို့မှန်း သေချာပြီလား
ဒါလည်း သတင်းသမား ကျင့်ဝတ် အကြောင်း ပြောချင်တာကြောင့် ထည့်ပေးလိုက်တယ်။ မှုခင်းသတင်းတွေ ဆိုရင် ရဲတွေဆီက ရတဲ့ အချက်အလက်တွေထဲက စကားလုံးတွေအတိုင်း ရေးထားတာ ကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ။ အမှုတွင် တရားခံဟုစွပ်စွဲခံရသူ ဆိုတဲ့ စကားလုံးမျိုးကို သုံးသင့်တယ်။

စာနယ်ဇင်းသင်တန်းတွေမှာ ဒီလို အခြေခံကျင့်ဝတ်တွေ သင်ပေးသင့်တယ်။ သင်တန်း တက်ဖို့ အခြေအနေ မပေးဘူး၊ မတက်ချင်ဘူး ဆိုရင်လည်း ရန်ကုန်မှာ ထုတ်တဲ့ Crime ဂျာနယ် ဆိုတာကို ၀ယ်ဖတ်သင့်တယ်။ ဈေးတော့ နည်းနည်း များမယ်။ ဒါပေမယ့် တစောင်လောက် ၀ယ်ဖတ်ရင်ကို ပညာတွေ အများကြီး ရပါတယ်လေ။

သတင်းထောက်တွေလည်း ဖတ်သင့်သလို အယ်ဒီတာတွေလည်း ဖတ်သင့်ပါတယ်။ တော်ကြာ သတင်းထောက်က ကျင့်ဝတ်နဲ့အညီ ရေးထားတာကို အယ်ဒီတာက “ဟေ့ကောင်၊ ရဲစခန်းကတောင် ဒီကောင့်ကို တရားခံလို့ ပြောနေပြီ၊ ခိုးတာ သတ်တာ ဒီကောင် တဲ့။ မင်းက ဘာတွေ သံသယရှိသူ ဆိုတဲ့ စကားလုံးတွေနဲ့ ကဗျာဆန်ချင်ရတာလဲ” ဆိုပြီး ဟောက်စား လုပ်လို့ သတင်းက လှေကြီးထိုးရိုးရိုးစာနယ်ဇင်းကပ်ကျေးစာ မိအုံးမယ်။

ကဲ ကဲ သတင်းအကြောင်း ဆက်ရရင် မကြာသေးဘူးခင်ဗျ… ကားတွေကို ခဲနဲ့ပစ်တဲ့သတင်း…။ အခု… ဖတ်ကြည့်ပါဦး… တဖွဲ့တော့ မိပါပေါ့ ဆိုပဲ… ခရီးသွားများ ခပ်အေးအေးနေလို့တော့ မရဘူးနော့… ။ သတိနဲ့ စောင့်ကြည့်ရဦးမှာပါ…။


ဖတ်စရာတွေ ထပ်လာမယ် တဲ့
ဂျာနယ်…မဂ္ဂဇင်း အသစ်တွေ… ၁၉ စောင်တောင် ထပ်ထွက်ခွင့်ရပြီ…။ သို့သော် အကုန်တော့ ထွက်လာပါ့မလား… မျှော်ကြစို့ရဲ့။ နာမည်တွေက မြန်မာလို ပေးမထားကြပေမယ့် မြန်မာလို ရေးသား ထုတ်ဝေကြမယ်လို့တော့ ယူဆရပါတယ်။


ငလျင် ထောက်လှမ်းရေး
တကမ္ဘာလုံး … ၂၀၁၂ အဖျားရောဂါ (2012 Fever) နဲ့ အလှန့်ခံထားရချိန်မှာ… မုန်တိုင်းတွေ၊ မီးတောင် ပေါက်ကွဲတာတွေ…၊ ငလျင်တွေ…၊ ဆူနာမီတွေ… တွေ နဲ့ တကယ်လား ထင်မှတ်ရအောင်… ထပ်ထပ်ကြမ်းအောင်… အမွှေခံနေရပါတယ်။ မြန်မာပြည်လဲ မပြေးသာတဲ့ထဲ ပါပါရဲ့…။ စစ်ကိုင်းပြတ်ရွေ့ ကြီးက တကတည်း ကြောက်စရာပါဘဲ…။

အခု GPS နဲ့ စောင့်ကြည့်မယ်တဲ့လေ…။ အင်မတန်ကောင်းတဲ့ အစီအစဉ်ပါ ခင်ဗျာ။ ဖတ်သင့်တာလေးပေါ့။ တခုဘဲ ပြောစရာရှိပါရဲ့…။ ငလျင်လာတဲ့သတင်းကို အချိန်တိုအတွင်း ဘယ်လိုများ အသိပေးနိုင်မလဲ ဆိုတာပါ။ အသေအချာထည့်သွင်း စဉ်းစားရမှာပါ။ အဆင့်ဆင့် သတင်းပို့ကောင်း နေတုန်း… ၀ုန်းဆို ငလျင်ကြီး လာလိုက်ရင်တော့…။ အင်း…


မြန်မာစာဆရာ
ဂုဏ်ထူးဦးသိန်းနိုင် ဆိုရင် လေးဆယ်ကျော်တန်းက စပြီး ရင်းနှီးကြပြီးသား ဖြစ်မှာပါ…။ သူပြောထားတဲ့ သူ့အကြောင်း စိတ်ဝင်စားကြမယ် ထင်လို့ ထည့်ပေးပါတယ်…။ နည်းနည်းတော့ ရှည်သလားလို့…။


ထီ ထိုးသူများ၊ မထိုးသူများ ဖတ်ဖို့
ထီထိုးပြီး စိတ်ကူးနဲ့ရူးသူတွေ… ထီပေါက်ပြီး… မြောက်တက်သွားတဲ့သူတွေနဲ့… အစီအရီ ရှိတဲ့ဇာတ်လမ်းလေးတွေ ခဏခဏ ကြားနေရပါတယ်…။ ခုလဲဘဲ… ထီအကြောင်း… ဆောင်းပါးလေး ကောင်းသဗျ…။



Comments