Tuesday, August 31, 2010

Kyaw Thu doesn't put Saw Wai in prison

ကျော်သူက စောဝေကို အင်းစိန်သို့ မပို့
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၊ ၂ဝ၁ဝ
ကျော်သူ နှင့် ဇနီး ရွှေဇီးကွက်တို့၏ အိမ်ထောင်သက် ၂၉ နှစ်မြောက် အစီအစဉ်သို့ ရောက်လာသော ကဗျာဆရာ စောဝေ၏ လက်ဆောင်။
ထိုကဗျာကို ကျော်သူက သူ၏ facebook တွင် ၀မ်းမြောက်ဝမ်းသာ ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုပုံစံအတိုင်း ကဗျာ၏ ပထမဆုံး စာလုံးများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည် ပေါ်လွင်စေရန် စပ်ဆိုခဲ့သည့် စောဝေ၏ ကဗျာတပုဒ် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်လာသည်။ သို့သော်လည်း ကိုယ်ပိုင် facebook အကောင့် မရှိသော ဗိုလ်ချုပ်မှူးကြီးက ထိုကဗျာကို မည်သည့်နေရာတွင် သိမ်းဆည်းထားကြောင်း သတင်းများ ထွက်ပေါ် မလာသေးပေ။
ထိုကဗျာကြောင့် ကဗျာဆရာ ၂ နှစ်ကျော် အကျဉ်းချခံခဲ့ရသည်။

Halfmoonbay Burmese Monastery - Nibban Zay - success

ဓမ္မနန္ဒ၀ိဟာရ နိဗ္ဗာန်ဈေးပွဲတော် စည်ကား
မိုးမခ ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၊ ၂၀၁၀
သြဂုတ်လ ၂၉က ကယ်လီဖိုးနီးယားပြည်၊ ဆန်ဖရန်ဘေးဧရိယာအနီးက ဟပ်ဖ်မွန်ဘေးမြို့ရှိ  မြန်မာဘုန်းတော်ကြီးကျောင်း - မေတ္တာနန္ဒ၀ိဟာရကျောင်းရဲ့  နှစ်စဉ် ကျင်းပနေကြ နိဗ္ဗာန်ဈေးအလှူပွဲတော်မှာ အရင်းအမြတ် လှူဒါန်းသူ ဈေးဆိုင်ပေါင်း ၃၀ ကျော် ၄၀ နီးပါး၊ ကုသိုလ်ပြုသူ ပရိသတ် ၁ ထောင် နီးပါး လာရောက်ကြတယ်လို့ သိရပါတယ်။ ဒီနေရာကနေ ဒကာ၊ ဒကာမများ ရိုက်ကူး မျှဝေတဲ့ ပီကာစာ ဓာတ်ပုံအယ်လ်ဘန်များကို ကြည့်ရှူ အားပေးကြပါ။




U Kyaw Thu and Daw Myint Myint Khin Pe


မောင်တထမ်း + မယ်တရွက် = ၂၉
ကျော်သူ
စက်တင်ဘာ ၁၊ ၂၀၁၀

၃၁.၈.၂၀၁၀ (အင်္ဂါ) နေ့ရက်သည် မြတ်ဗုဒ္ဓအလိုကျ ဗြဟ္မစိုရ်နှလုံးသားနှင့် လူမှုခရီးသွားနေကြသော နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာခရီး ၂၉ နှစ်မြောက် အချိန်ကာလဖြစ်သည်။

ယင်းနေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် ဝန်ထမ်းများ၊ လုပ်အားပေး အသင်းသူ/သားများ၊ ဖိတ်ကြားထားသော အနုပညာသမားများ၊ ဧည့်သည်တော်များ၊ အလှူရှင်များကို သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ရေခဲမုန့်၊ အချိုရည်တို့ဖြင့် ဧည့်ခံကျွေးမွေး ဒါနပြုလုပ်ခဲ့သည်။

အသင်းသူ/သားများမှလည်း တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ဧည့်ခံကြိုဆိုခြင်း၊ အစားအသောက်များကို တည်ခင်း ဧည့်ခံပေးခြင်း၊ ပန်းကန် ခွက်ယောက်များကို ဆေးကြောသန့်စင်ပေးခြင်းတို့ကို လူမှုရေးစိတ်ဓာတ် အပြည့်အဝဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသည်။

ထိုအခမ်းအနားတွင် ဦးကျော်သူ၏ မိခင်ဖြစ်သူ ဒေါ်မြသန်းမှလည်း ဆုတောင်းမေတ္တာပို့ စကားပြောကြားကာ အလုပ်အမှုဆောင်အဖွဲ့၊ အသင်းသူ/သားများ၊ ပန်းချီဆရာများ၊ ဧည့်သည်တော်များထဲမှ တဦးချင်း မင်္ဂလာဆုတောင်း စကားများကိုပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပေးအပ်ကြသည်။


ထို့ပြင် အလုပ်မအားလပ်၍ မလာနိုင်သော ကဗျာဆရာ ကိုစောဝေက ပန်းချီကားချပ်နှင့် “မောင်တထမ်း+မယ်တရွက်=၂၉” ကဗျာအား အမှတ်တရ ရေးသားပေးပို့လိုက်ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ရွတ်ဆိုပေးခဲ့ပါသည်။



ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့ကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာတွင် ဦးကျော်သူက “ယခုကဲ့သို့ မိမိတို့၏ မင်္ဂလာ ၂၉ နှစ်မြောက်ကို ကြွရာက်အားပေး ချီးမြှင့်ခြင်းကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မိမိတို့သည် ဤလူမှုရေးလုပ်ငန်းကို အများပြည်သူတို့ လှူဒါန်းငွေတို့ဖြင့် ဒုက္ခရောက်နေသော အများပြည်သူတို့အား ပံ့ပိုးကူညီ ဖေးမပေးဆပ်ခြင်း ဖြစ်ပါကြောင်း၊ မိမိမှာ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရသည်မှာ ၃ နှစ်ရှိပြီဖြစ်ပါ၍ မိမိကိုယ်ပိုင်ဝင်ငွေ မရှိပါကြောင်း၊ သို့သော် မိမိတို့ အလှူပွဲများ၊ ဧည့်ခံပွဲများ ယနေ့တိုင်ပြုလုပ် လှူဒါန်းနိုင်သည်မှာ ကျွန်တော်တို့၏ မိဘများ အားကိုးနှင့်သာ လှူဒါန်းနိုင်ခြင်းသာ ဖြစ်ကြောင်း၊ ဒီနေ့ ကျွန်တော်တို့ရဲ့ ၂၉ နှစ်မြောက် အခမ်းအနားကိုလည်း ကျွန်တော်၏ မိဘနှစ်ပါးဖြစ်သော ဦးစိန်တင်+ ဒေါ်မြသန်း တို့မှ မင်္ဂလာပွဲ လက်ဆောင်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း” ပြောကြားသွားသည်။


နေ့လည် ၂း၀၀ နာရီအချိန်တွင် ကွယ်လွန်သူ ဦးလှမြင့် အသက် ၈၁ နှစ်၏ နာရေးလမ်းကြောင်းကို ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ ၂၉ နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများနှင့်အတူ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ပါသည်။


မောင်တထမ်း+မယ်တရွက် = ၂၉

ကျော် တကာ့ကျော် ကောင်းတာများနဲ့
သူ ရော ကိုယ်ပါ မျက်ရည်ပါးစေ။
ရွှေ ချထားသော လက်များဖြင့် သုတ်ပေး
ဇီး ရောင်ခြယ် သတ္တိသွေးနဲ့
ကွက် ကွက် ကွင်းကွင်း အလင်းရောင်းပေးလို့
တို့မောင်နှံ တူပျံသန်းမယ်
တိုင်းပြည်အဝှမ်း လွတ်ရာလမ်းသို့လေး။ ။

(31st August 2010 ကျော်သူ ရွှေဇီးကွက် သို့)

များစွာဖြင့်

စောဝေ

Cartoon Beruma - 2010 Election, the race to nowhere

ကာတွန်းဘီရုမာ - ဘယ်မှ မရောက်တဲ့ ရွေးကောက်ပွဲပြေးပွဲကြီး
စက်တင်ဘာ ၁၊ ၂၀၁၀

Burmese Journal Digests - 31st Aug 2010

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
သြဂုတ် ၃၁၊ ၂၀၁၀

ပြည်သူ့ခေတ်စာစောင်ကောက်နုတ်ချက်များ
လူသားချင်းစာနာမှုနေ့
ဖျာပုံ အမက ၈၈ သို့ စာရေးကိရိယာများ လှူဒါန်း
မောင်ဝံသ သရော်စာရေး - ၀ါဒနဲ့ လုပ်ငန်းစဉ်
တက္ကသိုယ် ခြေလျင်တောင်တက်အသင်း ပရဟိတ သုံးသွေ ကျပ် သိန်း ၃ ထောင် ၈ ရာ
ရွေးကောက်ပွဲသတင်းများ - ဦးလှမြင့်၊ ဒေါ်နန်းရွှေကြာ၊ ဦးထွန်းအောင်ကျော်၊ ဦးအေးမောင်၊ ဦးစောစေ၀ါး တို့ရဲ့ အသံများ
အတွင်းဝန် အီးကဖီး ဦးညွန့် (၁၉၁၀ - ၁၉၉၆) - မောင်ဇေယျာ
ဒေါ်မြရီ (ကျောက်ဆည်) နဲ့ တွေ့ဆုံခြင်း - တင်သိန်းမောင်
ဦးပီတီဝမ်း - မော်လင်း
အိပ်မပျော်မီ ခရီးမိုင်ပေါင်းများစွာ - ဂျူး
မန္တလေးမြို့လယ် ၁ ပေ ပတ်လည် သိန်း ၁၅၀ နဲ့ လိုက်ဝယ်နေပြီ
စင်္ကာပူအလုပ်ကို ကျပ် ၉ သိန်းခွဲဖြင့် သွားလုပ်နိုင်ပြီ
မြန်မာ့အလင်း အယ်ချုပ်ဟောင်း ဦးရဲမြင့်ဖေက သတင်းစာသင်တန်းပေးမည်
ပုဂ္ဂလိကဆီဆိုင်များ ဒီဇယ်ဈေး တိုးမြှင့်၊ တဂါလံ ၃၀၅၀
တရုတ်နိုင်ငံသို့ လူကုန်ကူးမှု တိုးတက်များပြားလာ၊ အဓမ္မထိမ်းမြားမှု၊ ပြည့်တန်ဆာမှု အများဆုံး
ဦးဘိုမောင် (ညီညွတ်သောဒီမိုကရက်တစ်ပါတီ မြန်မာပြည်) နဲ့ တွေ့ဆုံခြင်း
နိုင်ငံတကာသို့ ပညာသင်မသွားနိုင်သူများ အွန်လိုင်းဖြင့် အခမဲ့သင်ကြားနိုင်တော့မည်
မြန်မာပြည်မှာ ငလျင်ကြီးလှုပ်နိုင်မည့် ပြတ်ရွေ့ကြောကြီး ၃ ခု ရှိသည်
မြန်မာပြည်ကို ဖြတ်မည့် အာဆီယံလမ်းမကြီး လာတော့မည်၊ ကုန်တင်ယာဉ်များ ပြင်ထားကြ
မိုဘိုင်းဖုန်းဟာ မြန်မာပြည်ရဲ့ လူမှုအဆင့်အတန်း ပြယုဒ်လား
ဇော်တင်ပိုင်တဲ့ ဂိုးသွင်းကောင်းတဲ့ကိုကို သီချင်းအမည်ကို အောင်နိုင်စန်းက ခွင့်မတောင်းဘဲ သုံးစွဲ
(ဂိုးသွင်းကောင်းတဲ့ ကိုကို (၂) သီချင်းမှာ ကော်ပီသီချင်းဖြစ်)
ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ စာ - သမီးဗဂျီအောင်စိုး
၅ သိန်းတန်ဖိုး စိစစ်ပြီးမှ ထုတ်ပေးတော့မည်၊ လက်ရှိတွင် ဖုန်းအလုံး ၁၁၅,၀၀၀ ချပေးပြီး
စိတ်ကူးချိုချို ၁၁ နှစ်ပြည့်၊ ကလေးလူငယ်များအတွက် စာအုပ်အထူး ၁၁ အုပ် ထုတ်ဝေ
ပန်းချီဆရာကြီး ဦးစန်းလှိုင် - မကြွယ်ကြွယ်
ထွန်းစန်း က HIV AIDS ပညာပေးဝတ္ထုစာအုပ် ထုတ်ဝေ
ပြည်ပက ရင်းနှီးမြုပ်နှံ၍ အိမ်ခြံမြေ ဈေးများ တက်၊
ဘားကုတ်စနစ်သုံး မြန်မာပတ်စ်ပို့ ထုတ်ပေးနေပြီ
မင်းသမီး မျိုးစန္ဒီကျော်က မိဘများ၏ အမွေပြတ်စွန့်ခံရသည့်အတွက် ပြန်လည် ရှင်းလင်း
မို့မို့မြင့်အောင်က မြန်မာတွေ အနှိမ်မခံနိုင်ဘူး ဟု ဆို
အင်န်ဒီအက်ဖ် ပါတီခေါင်းဆောင်များ - စိန်လှဦး၊ ဒေါက်တာသန်းငြိမ်း၊ တင်အောင်အောင်၊ စိုးဝင်း
စာအုပ်စင်ကဏ္ဍ - မီးဖိုဆောင်သုံးဆေး၊ အီဒီယန်အဘိဓာန်၊ မြန်မာဝတ္ထုတို ၂၀၀၉၊
ကျောင်းသုံး အထက်တန်းသဒ္ဒါ စာအုပ် ကို ဂျူနီယာဝင်းက ဘာသာပြန်

Moemaka blog receives more visitors of US and Sa Lone

မိုးမခဘလော့ကို အမေရိကန်နှင့် စင်္ကာပူမှ အများဆုံးဝင်ရောက်ဟု Google ထံမှ သိရ
မိုးမခအထောက်တော် အမှတ် ၀၁၀
သြဂုတ် ၃၁၊ ၂၀၁၀

ဂူဂယ်က သူ့ကို အားကိုးသည့် ဘလော်ဂါများ သဘောကျမည့် အကျိုးဆောင်မှု တခုကို ယနေ့ မိတ်ဆက်ပေးလိုက်သည်။ Stats ဟု အမည်ရသော ထိုအကျိုးဆောင်မှုကို ဘလော့ကို စီမံခန့်ခွဲသည့် စာမျက်နှာတွင် တွေ့နိုင်သည်။

မိုးမခဘလော့ moemaka.blogspot.com ကို အများဆုံး လာရောက် ဖတ်ရှုသူများမှာ အမေရိကန်နှင့် စင်္ကာပူတို့မှ ဖြစ်ကြောင်း ယနေ့ ဂူဂယ်က ၀န်ဆောင်မှု ပေးလိုက်သည့် Stats တွင် ဖော်ပြထားချက်အရ သိရသည်။

ယခုလအတွင်း ထို ၂ နိုင်ငံမှ စာဖတ်သူများ ၀င်ရောက်မှုမှာ ကိုးထောင်ကျော်စီ ရှိကြောင်း တွေ့ရသည်။ မြန်မာပြည်သားများ နှစ်သက်သည့် စာမျက်နှာများကို ပိတ်ပင်ထားသည့် မြန်မာနိုင်ငံမှ ၀င်ရောက်မှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။

moemaka.blogspot.com သို့ ယခုလအတွင်း စာဖတ်သူများ နိုင်ငံအလိုက် ၀င်ရောက်မှု အခြေအနေကို Stats တွင် ဖော်ပြထားချက်အရ အောက်ပါအတိုင်း တွေ့ရသည်။

United States 9,491
Singapore 9,456

Thailand 1,559
Malaysia 1,316

United Kingdom 1,049
Germany 810

Japan 752
Australia 747

South Korea 618
Myanmar [Burma] 277

Stats တွင် လေ့လာလျှင် ဘလော့သို့ စာဖတ်သူ မည်မျှ လာသည်၊ မည်သည့် နိုင်ငံမှ အများဆုံးလာသည်၊ မည်သည့် အင်တာနက် စာမျက်နှာမှ တဆင့် အများဆုံး ရောက်လာသည် စသည့် အချက်အလက်တို့ကို ဖတ်ရ လွယ်ကူသည့် ဂရပ်များ၊ ဇယားများဖြင့် တွေ့နိုင်သည်။


မိုးမခက ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ရှိသော်လည်း ဘလော့ ၂ ခုကို အရံအဖြစ် စီစဉ်ထားသည်။ အကြောင်းအမျိုးအမျိုးကြောင့် မူရင်း အင်တာနက် စာမျက်နှာ moemaka.com သို့ သွားရောက်ခြင်း မပြုနိုင်ပါက ဘလော့ ၂ ခုက အလုပ်ဖြစ်နိုင်သည်။
moemaka.blogspot.com
moemaka.wordpress.com

ဘလော့တွင် လူဖတ်အများဆုံးမှာ မြန်မာမော်ဒယ် နေခြည်မင်းထွန်းနှင့် အင်တာဗျူး၊ မင်းသား ဝေဠုကျော် တောင်ပြုန်းပွဲတွင် ဆေးကြော်ငြာသည့် သတင်း၊ ရန်ကုန်တွင် ကြွက်ကောင်ရေ များလာသည့် ဆောင်းပါး၊ ပန်းဖြူ၊ သံသာဝင်း၊ အနဂ္ဂတို့ သတင်းများ၊ ကာတွန်းဆရာတဦး အမည်ဝှက်ဖြင့် ရေးသော ဟီရိုရှီးမား အနုမြူဗုံးဒဏ်ခံရမှု နှစ်ပတ်လည် ဆောင်းပါး၊ မြန်မာမော်ဒယ်တချို့ နယူးယောက်တွင် အစွမ်းပြသည့် သတင်းတို့ ဖြစ်ကြောင်း တွေ့ရသည်။

WeSheMe ဘလော့၊ ပျူနိုင်ငံ ဘလော့တို့မှတဆင့် ရောက်လာပုံကိုလည်း အထက်ပါအတိုင်း တွေ့ရသည်။

Burmese Model earning beyond belief

သတင်းကြီးတဲ့ ရွှေမော်ဒယ်ရဲ့ အသုံးစရိတ်
ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၃၁၊ ၂၀၁၀
ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖြေကြားသွားတဲ့ တက်သစ်စမော်ဒယ် ရွှေစင်ရဲ့ ဈေးဝယ် အသုံးစရိတ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းဂျာနယ်များရဲ့ အနုပညာ ကဏ္ဍမှာ မော်ဒယ်ရွှေစင်နဲ့ အင်တာဗျူးတွေ ဆက်တိုက် ပါရှိလာတာကို တွေ့ရပါတယ်။
အခုနောက်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တွေ မော်ဒယ်တွေမှာ ဘယ်သူကဘယ်သူ့ စပွန်စာ ဆိုတဲ့ ပြိုင်ဆိုင်တဲ့ ရောဂါရှိနေပုံရတယ်။ ဘယ်သူ့စပွန်စာက ဘယ်လောက် ထောက်နိုင်တယ် ဆိုပြီး ပြိုင်ဆိုင် ရင်းနဲ့ သူတို့ရဲ့ တန်ဖိုးကို လွဲမှားတဲ့ နည်းနဲ့ ဖော်ပြနေတာ မြန်မာမိန်းကလေးတွေ အတွက် တော်တော် ကြောက်စရာ ကောင်းတဲ့ လမ်းမှားတစ်ခုပါ လို့ ကျောင်းဆရာမ အငြိမ်းစား တစ်ဦးက ပြောပြခဲ့ပါတယ်။
ဝိကလီး အလဲဗင်းဂျာနယ်မှာလည်း “မြန်မာနိုင်ငံမှာ မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေ ၀င်ငွေကောင်းနေပြီလား ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသား ဖေါ်ပြခဲ့ပါသေးတယ်။ အမည်နဲ့ တကွ မရေးသားပေမယ့် မော်ဒယ် ရွှေစင်က ဆဲဗင်းဒေးစ် ဈေးဝယ်လမ်းညွှန် ဂျာနယ်ကို ဖြေကြားခဲ့တာကို ကိုးကား ဖေါ်ပြထားတာ ဖြစ်ပါတယ်။
အဆိုပါ ဂျာနယ်မှာ မော်ဒယ် ရွှေစင်က ပြောထားတဲ့ စကားလုံး အတိအကျကတော့ `ဟန်းဖုန်းက LV, Limited Edition (အရေအတွက် ကန့်သတ် ထုတ်လုပ်ပြီး ငွေအလွန်ချမ်းသာသည့် လူ့ကုံထံများသာ ၀ယ်သုံးနိုင်သည့်ပစ္စည်း) ကျပ်သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိ မှာတော့ Branded တွေကို အကြိုက် များနေတယ်။ Branded တွေကိုပဲ set လိုက်ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ် ထွက်တဲ့ အခါမှာလည်း ပြည်ပမှာဝယ်ဖြစ်တယ်။ ဈေးတစ်ခါဝယ်ရင် ဒေါ်လာ ၉သောင်း နဲ့ တစ်သိန်းကြား (ကျပ်သိန်း ၉၀၀ မှ တထောင်) မှာသုံးဖြစ်ပါတယ်” လို့ ဖြေဆိုသွားခဲ့တာကြောင့် အခုလို မော်ဒယ်လောကရဲ့ ၀င်ငွေကို ပြည်သူများ အကြားစိတ်ဝင်စားစရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းထုတ် ဆဲဗင်းဒေးဂျာနယ်တွင် ဖခင်ဖြစ်သူမှာ ရှေ့နေဖြစ်ပြီး အစ်ကိုနှစ်ယောက်က ဘော်ဒါဆောင်နှင့် ကားအရောင်းအ၀ယ် အဓိက လုပ်ကြောင်း မိသားစုမှပင် ထောက်ပံ့ပေး နေတာဖြစ်ကြောင်း ပေါ်လွင်အောင် အင်တာဗျုးဖြေသွား တာကိုလည်း တွေ့ရပါတယ်။
အဖေနဲ့ အကိုတွေရဲ့ အလုပ်အကိုင် ၀င်ငွေလောက်နဲ့ သူပြောပြသွားတဲ့ အသုံးစရိတ်က တော်တော်ကွာတယ်။ နောက် သူကအခုမှ ကြော်ငြာလေး နဲနဲ ရိုက်ရသေးတယ်။ လေးလနဲ့ မန်နေဂျာထားတယ် ဆိုတာ ဘယ်လိုမှ ဒီဝင်ငွေလောက်နဲ့ မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ မော်ဒယ်တွေရဲ့ ဈေးကွက်က ဒီလောက် မရနိုင်သေးပါဘူး လို့ ဒဂုံတက္ကသိုလ်မှ ကျောင်းသူ တစ်ဦးက ပြောပြခဲ့ပါတယ်။
မော်ဒယ်ရွှေစင်ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသူမှာ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးကို စစ်အစိုးရနဲ့ ပေါင်းပြီး ချုပ်ကိုင်ထားတဲ့ အဲပုဂံ လေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇ ဖြစ်တယ်လို့ ပြည်တွင်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောပြခဲ့ပါတယ်။
အခုခေတ် ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်တွေက အနုပညာတန်ဖိုး မြင့်တင်ဖို့ထက် အသုံးအဆောင် တန်ဖိုးမြင့်တင်ဖို့ကို ပိုအားစိုက်လာကြ သလိုပဲ။ ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်း ပြောတယ် ဆိုရင်တောင် ကိုယ့်ကို အားပေးတဲ့ ပြည်သူတွေကို အားနာသင့်တယ်။ တနေ့ ထမင်းနပ်မမှန်နိုင်တဲ့ လူတွေက မြန်မာနိုင်ငံမှာ အများကြီး ရှိနေတယ်လေ လို့ မြောက်ဒဂုံမှ အိမ်ရှင်မ တစ်ဦးက ပြောပြခဲ့ပါတယ်။

Monday, August 30, 2010

Than Shwe's name and rank appears


ဒီနေ့ သတင်းစာထဲက ဗိုလ်သန်းရွှေ ရာထူး
ဓာတ်ပုံသတင်း
သြဂုတ် ၃၁၊ ၂၀၁၀
မြန်မာစစ်အစိုးရခေါင်းဆောင်၏ ရာထူးကို ယနေ့သတင်းစာများတွင် အထက်ပါအတိုင်း တွေ့ရသည်။

Cartoon Saw Ngo - Junta leaders quit military posts


ကာတွန်း စောငို - ချွတ်ဆိုလို့လည်း ချွတ်ရသေးတယ် ...
သြဂုတ် ၃၁၊ ၂၀၁၀

29th Aug 2010 - MoeMaKa Daily

သြဂုတ် ၂၉၊ ၂၀၁၀ - မိုးမခရေဒီယို
မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံ - ရီရီသန့် (အေဘီအမ်အေ ဂျာနယ်)
သတင်းတိုထွာ၊ သီချင်းပဒေသာ
ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်ထားသမျှ - ရွှေပြည်စိုး ခေတ်ပြိုင်
လေးဖြူရဲ့ ဘေးလူမသိသေးတဲ့ အင်တာဗျူး (အေဘီစီ ရေဒီယို)
ကမ္ဘာ့အကောင်းဆုံးဘာသာဆု ဘယ်သူဆွတ်ခူးသလဲ - ရွှေနန္ဒအီးမေး
ဝေဠုကျော်နဲ့ တောင်ပြုံး - မိုးမခ
တပတ်အတွင်း ထူးခြားသတင်း
သီတဂူဆရာတော်ဘုရား မိန့်ကြားမှတ်သားလောက်စရာ - အာရ်အက်အေ
အထူးကဏ္ဍ - မွန်တို့တည်ထား စေတီများနဲ့ မွန်တို့သမိုင်း တပိုင်းတစ (မင်းသက်နိုင်အီးမေး)
စိန်မြရံချယ် မွန်သီချင်းကြီး (ကိုရီနွယ် ပတ္တလားနဲ့ ရီရီသန့်)
စီစဉ်သူများ - ဦးပန်တျာ၊ သံစဉ်ရတနာ

FFSS Yangon Activity (August)

နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ
မိုးမခ (နာရေးကူညီမှုအသင်း (ရန်ကုန်) မှတဆင့်)
သြဂုတ် ၃၁၊ ၂၀၁၀

ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း

“ငါနေထိုင်ရာဘဝမှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါ လွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘဝ xxx အရာထင်ခြင်းများလဲ မရှိတော့ ငါကျရှုံးနေ … အတိတ်တွေ ခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ”

အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတပုဒ်မှ စာသားတချို့ ဖြစ်သည်။

“မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx မင်းလည်းတနေ့မှာ သန်းပေါင်းများစွာထဲက တယောက် ဖြစ်ဦးမှာ”

အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့က နာရေး ကူညီမှုအသင်း (ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်း တပုဒ်မှ စာသားတချို့ ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံ ယုံကြည်ကြသလို အနုပညာ လောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တထောင့်တနေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူ အတွက် လူမှုရေး လုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာ စေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော်တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေးပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။

ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များရှိကြသော ငြိမ်းချမ်းရေး သမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် အများပြည်သူတို့ အတွက် ပေးဆပ်ရန် အတူ လက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။


မိဘမဲ့ HIV ကလေးငယ်များအတွက် ရည်ရွယ်၍

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျက်ရှိသော ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက် လေ့လာ ပြသခဲ့ပါသည်။

မျိုးဆက်သစ် ကလေးငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ပန်းချီ နည်းပြဆရာ ဦးဝင်းကြည်၊ သင်တန်းအုပ်ချုပ်သူ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့က ဦးဆောင်၍ ပန်းချီပြခန်းသို့ လိုက်လံပို့သခဲ့ရာ ပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦး၊ ဦးဆန်နီငြိမ်းနှင့် ဆရာကြီး ရာဟုလာတို့က ကြိုဆိုခဲ့သည်။ ဆရာကြီး ရာဟုလာမှ မျိုးဆက်သစ် ကလေးငယ်များအား ဆရာကြီး၏ ပန်းချီပညာရပ်ပေါ် ခံစားမှု၊ ရေးဆွဲမှုတို့ကို ကျန်းမာရေး မကောင်းသည့် ကြားမှ အားတက်သရော ရှင်းလင်း ပြောကြားခဲ့သည်။

မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာ (HHHP) ရန်ပုံငွေ အလှူငွေ ရှာဖွေခြင်း အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ရန်ပုံငွေ ပန်းချီပြပွဲပြုလုပ်ပေးရန်အတွက် ပန်းချီ ပညာရပ်အသီးသီးတို့ကို လေ့လာရန် ပန်းချီပြခန်းများသို့ ကွင်းဆင်း၍ ပန်းချီဆရာ အသီးသီးတို့၏ ရေးချက်အမျိုးမျိုးတို့ကို သိရှိနားလည် သဘောပေါက်စေရန် နာရေးကူညီ မှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက လိုက်လံပြသခဲ့ပါသည်။

သုခအဟာရ ဖွင့်ပြီ
၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံတွင် လုပ်အားပေး အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ လူနာ/ရှင်များ၊ အလှူရှင်များ သုံးဆောင်ရန်အတွက် “သုခ အဟာရ” စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ စားသောက်ဆိုင်တွင် စားသုံးသူတို့ အဆင်ပြေ သုံးဆောင်နိုင်ရန် ချက်ပြုတ်ရေး မီးဖိုခန်းမှအစ ကျန်းမာရေးနှင့် ကိုက်ညီအောင် သန့်ရှင်းစွာဖြင့် ချက်ပြုတ်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ အရသာကောင်းမွန်စွာဖြင့် အဟာရ ပြည့်ဝမည့် ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ ကော်ဖီ၊ အအေးတို့ကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။


ယနေ့ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲတွင် ဖိတ်ကြားထားသော အလှူရှင်များ၊ ဧည့်သည်များ၊ လုပ်အားပေး အသင်းသူ/သားများ၊ မျိုးဆက်သစ် ကလေးသူငယ်များ၊ စာနယ်ဇင်းသမားများ ကြွရောက် အားပေးခဲ့ကြသည်။


ထို့ပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက် ကုသကြသော လူနာများကိုလည်း လာရောက် သုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲတွင် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ သီးစုံပဲဟင်းနှင့် ရေခဲမုန့်တို့ကို “သုခ အဟာရ ” စားသောက်ဆိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးတင်မောင်အေး (မိသားစု)နှင့် အရည်အသွေး စစ်ဆေးရေး အင်ဂျင်နီယာ ဒေါ်သန္တာခိုင်တို့မှ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

FFSS သို့ လေ့လာခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး အခမဲ့ ပို့ဆောင်မှုများ၊ ဆေးဝါး အခမဲ့ ကုသပေးမှုများ၊ အခမဲ့ ပညာဒါန ပြုလုပ်ပေးမှုများကို ဂျပန်နိုင်ငံတွင်း သတင်းမီဒီယာများမှတဆင့် ကြားသိရသည့်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိခိုက်တွင် ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သားများမှ လာရောက်လေ့လာခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နာရေးလမ်းကြောင်း ပို့ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ မျိုးဆက်သစ် ကလေးငယ်များ ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ ဓာတ်မှန်ခန်းတို့ကို အသေးစိတ် မေးမြန်းခဲ့ပြီး အကြံပြုချက်များကိုလည်း မေတ္တာစေတနာရှေ့ထား၍ ချစ်ကြည်ရင်းနှီးစွာ ပြောကြားခဲ့ကြသည်။ ဤကဲ့သို့ အခမဲ့ နာရေး ပို့ဆောင်မှု လုပ်ငန်းမှာ ကမ္ဘာပေါ်တွင် မည်သည့် နိုင်ငံတွင်မှ မမြင်တွေ့မိကြောင်း၊ လူလူချင်း စာနာ ထောက်ထားမှုကို လေးစားပါကြောင်း ပြောကြားသွားကာ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲနှင့် ကြုံကြိုက်သည့်အတွက် မြန်မာ ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ နှစ်ခြိုက်စွာဖြင့် သုံးဆောင်ခဲ့ကြပါသည်။