ရှာဖွေရေး ...

Loading...
Burmese Community News and Media Station –
PO Box 825, Yangon General Post Office, Yangon, Myanmar
PO Box 320-207, San Francisco, CA 94132-0207, USA –
send email to editors @ moemaka.net ((510) 854-6501)

Quotes in Jan 2010

မိုးမခ၏ ဇန်န၀ါရီလ စာကိုး၊ စကားကိုး
ဖေဖော်ဝါရီ ၁၊ ၂၀၁၀

မိန်းကလေးငယ်တွေသာမက ယောက်ျားလေးတွေကိုပါ မိဘတွေက ဂရုစိုက်သင့်တယ်။ အများစုက မိန်းကလေးငယ်တွေကိုပဲ ယောက်ျားလေး မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အတူတူ ညမအိပ်ခိုင်းတာ ရှိပေမယ့် ယောက်ျားလေးငယ်တွေကိုတော့ ယောက်ျားချင်းပဲ သင့်တော်တယ် ဆိုပြီး ခွင့်ပြုလေ့ရှိတယ်။ အမှန်က ယောက်ျားလေးတွေကလည်း ဆွေမျိုး ယောက်ျားကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချတာ ခံရနိုင်တယ်။ အထူးကုဆရာဝန်တဦး
www.first-11.com
၊ ဇန်န၀ါရီ

အရမ်းဆူညံနေရင် နားထောင်ပေးလို့ မရတော့ဘူး။ သာသာယာယာနဲ့ ကိုယ့်ကို ဟိုးအဝေးက တောင်တန်းတွေဆီကို ခဏပဲဖြစ်ဖြစ် ခေါ်သွားပေးနိုင်မယ့် သီချင်းမျိုးလေးတွေကို ပိုခံစားပေးဖြစ်နေတယ်။

ချစ်သုဝေ၊ အဆိုတော် သရုပ်ဆောင်
NOW! ဂျာနယ်၊ ဇန်န၀ါရီ ၂၅

အရင်တုန်းက ငယ်သေးတော့ သူ့အလုပ်ကို သိပ်ပြီး နားလည် မပေးနိုင်ဘူး။ အဲဒီတော့ စိတ်ဆိုး စိတ်ကောက်တာတွေ ရှိတယ်။ ခုတော့ သူ့အလုပ်ကိုကိုလည်း နားလည်သလို သူ့အကြောင်းကို ကိုယ်က နားလည်သွားပြီ ဆိုတော့ သိပ်ပြီးတော့ ကြီးကြီးမားမား နားလည်ခွင့်လွှတ်ပေးရတာမျိုး မရှိပါဘူး။

မေသူ၊ သရုပ်ဆောင်လွင်မိုး၏ ဇနီး
8 DAYS A WEEK ဂျာနယ်၊ ဇန်န၀ါရီ ၂၉

တချို့ဆိုင်းတွေဆိုရင် ဒရမ်တွေ၊ ဂစ်တာတွေ အပြည့်ပါတယ်။ မလုပ်သင့်ပါဘူး။ ဆိုင်းနားထောင်ချင်လို့ လာတာလေ။ အဲဒါ (ဆိုင်းမှာ အနောက်တိုင်းတူရိယာ တွဲဖက် မသုံးဖို့ တားမြစ်တဲ့) သဘင်အစည်းအရုံးကိုလည်း ကျွန်တော် ကြိုဆိုပါတယ်။ တကယ် လုပ်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပျက်ကို သွားနေတဲ့ ဂီတ တစ်ခုက ထပ်ပျက်နေတယ်။ အဲဒီအတွက် ဒီလိုလုပ်တာ ကောင်းပါတယ်။ ရှိတဲ့ စည်တို၊ လင်းကွင်းတို့နဲ့ Drum Beat ပုံစံ ပြောင်းတီးတာ နည်းနည်း လက်ခံသေးတယ်။

ကြည်သာ (ပွဲကြိုက်ခင်)၊ အနုပညာရှင်
လျှပ်တစ်ပြက်ဂျာနယ်၊ ဇန်န၀ါရီ ၂၉


ဒီဘက်ခေတ်မှာ အသက် ၂၀ ဆို ရည်းစားမရှိတဲ့လူ ခပ်ရှားရှား ဖြစ်သွားပြီ။ ဒါကို မိဘတွေ အနေနဲ့ နားလည်သင့်တယ်။ ကိုယ့်သားသမီးကို သင့်တော်တယ် ထင်ရင် ဘာမျှ ပိတ်ပင်ဖို့ မလိုဘူး။ ဒါပေမဲ့ ရည်းစားများတာ၊ ခဏခဏ အပြောင်းအလဲ လုပ်တာမျိုးတွေကိုတော့ မလုပ်ဖို့၊ ရည်းစားတစ်ဦးသာ ထားပြီး မိမိနဲ့ တကယ်လက်တွဲမယ့်သူကို သေသေချာချာ ရှာဖို့ အကြံပေးဖို့ လိုမယ်။ လူငယ်တွေ အခုလို ဖြစ်လာရတာလဲ ကိုရီးယားကားတွေရဲ့ လွှမ်းမိုးမှုကနေ အတုယူကြတာပါ။
စိတ်ပညာရှင်တဦး
Flower News ဂျာနယ်၊ ဇ
န်န၀ါရီ ၁၂

ဆေးကုတဲ့ ဟာတို့ ဘာတို့ ကျတော့ ဒီလောက်ကြီး ၀ါသနာမပါဘူး။ - - ဆေးလိုင်းရွေးတာက နံပါတ်(၁) အမှတ်မီတယ်၊ မိဘကလည်း ဆရာဝန် ဖြစ်စေချင်တယ်ပေါ့။ နောက် ကိုယ်ကလည်း ဒီဆေး ပညာရပ်ကို စမ်းကြည့်ဦးမယ်ဆိုပြီး သင်ဖြစ်တာပေါ့ အခုတော့ စစ်တွေ ပြ
ည်သူ့ဆေးရုံမှာ တာဝန်ကျတာ ခြောက်လ ရှိပြီပေါ့ .. ။ သုံးနှစ်တာဝန်ထမ်းရမှာလေ .. နော် လောလောဆယ် မှာတော့ ဒီသုံးနှစ်ကို အမှုထမ်းကြည့်ဦးမယ်ပေါ့လေ - နော်။

တော်ကောင်းမင်း၊ စာရေးဆရာ
မြန်မာတိုင်း(မ်) ဂျာနယ်၊ ဇန်န၀ါရီ ၁၅

ကိုယ့် (ဘောလုံး) အသင်း ပရိသတ်တွေကို အသင်းအင်္ကျီတွေပေးတာ။ အသင်း member တွေကို အဲလို အဖွဲ့လိုက် ခေါ်လာတာတွေဟာ ရန်ပွဲဖြစ်မယ့် ကိစ္စမျု
ိးကို သက်ရောက်တယ်။ ကိုယ့်လူတွေကို တဖြည်းဖြည်းနဲ့ ထိန်းသွားဖို့တော့ လိုတယ်ပေါ့ဗျာနော်။ အဲလိုမှ အခမဲ့ ဝန်ဆောင်မှုတွေ မပေးရင်လည်း ကြည့်မယ့်လူ မရှိဘူးလေ။ ဦးခင်မောင်ထွေး (ပျဉ်းမနား)၊ စာနယ်ဇင်းသမား
မဇ္ဈိမ
သတင်းဌာန၊ ဇန်န၀ါရီ ၂၁

ဘလော့ဂ်အာဘော် ဤဘလော့ဂ်သည် လူမဆန်စွာ ကြမ်းကြုတ် ရက်စက် ဖိနှိပ် အုပ်ချုပ်နေသည့် နအဖ စစ်အုပ်စုနှင့် ဒီမိုကရေစီရေးကို ဗန်းပြ၍ နယ်ပယ်အသီးသီး၌ လုပ်စား ပြ
စား တောင်းစားနေသော အတိုက်အခံ ဆိုသူတို့၏ ဒဏ်ကို အလူးအလဲ ခံနေရသည့် မြန်မာပြည်သူလူထု ကိုယ်စား ရေးသား တင်ဆက်နေခြင်း ဖြစ်ပါသည်။

ဒေါက်တာလွဏ်းဆွေ၊ ဘလော်ဂါ
http://drlunswe.blogspot.com/


ဆင်းရဲတဲ့သူတွေရဲ့ အခက်အခဲကို ဘယ်လို ကူညီသင့်သလဲ ဆိုပြီး စဉ်းစားကြည့်တယ်။ နောက်ပြီး ကြီးမေတို့ မြန်မာလူမျိုးတွေက ထမင်းကြိုက်တတ်တယ်။ ငါးပိ ကြိုက် တတ်တယ်။ အသားငါးလေးကိုလည်း စားချင်တာလေး စားရအောင်ဆိုပြီး အဲဒီလို လူမျိုးတွေကို ၀က်သားဟင်းဆိုလည်း ၅၀ ဖိုး 'ရော့.အင့်' ဆိုပြီး ထမင်းလေးနဲ့ ဟင်းလေးနဲ့ ငွေလေး ၇၀ - ၈၀ (ကျပ်) ပါလာတယ်ဆိုလည်း 'ရော့ ထမင်းရော ဟင်းရောယူ' ဆိုပြီးရောင်းတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝ၊ ဒါနလေးလည်း မြောက်အောင်ပေါ့ - - ကိုယ်သေရင် ကိုယ့်နောက်ကိုဘာမှ မပါပါဘူး။ ဒီကုသိုလ်ပဲ ပါမှာပါ။ အဲဒါကြောင့် ဒီထမင်းဆိုင်မျိုးကို ဖွင့်ဖြစ်တာပါ - - - သူတို့လုပ်ငန်းလေး အဆင်ပြေလို့ ဈေးထဲမှာ ဟင်း ကောင်းကောင်း သွားဝယ်စားရင် ကြီးမေ မရောင်းရဘူး။ သူတို့ လုပ်ငန်းလေး ပါးရှားရင်တော့ ကြီးမေ ကြီးဆိုင်မှာ ၁၀၀ ဖိုး ပေးပါ၊ ၅၀ ဖိုး ပေးပါနဲ့ လာတောင်းတယ်- - - တချို့လည်း မော်တော်ကားကြီးနဲ့ မြို့ထဲက လာပြီး ဟင်းကောင်းတယ် ကြားလို့ လာဝယ်စားကြတယ်။ တချို့က ဟင်း ၃၀၀ ဖိုး ၀ယ်တယ်။ ၅၀၀ တန် ပေးပြီး ၂၀၀ ကျန်တာ ပြန်အမ်းရင် မယူဘူး။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်မယ်ဆိုပြီး မုန့်ဖိုးပေးသွား တယ်

ဒေါ်လွင်လွင်မေ၊ လုံမေခင် ထမင်းဆိုင်၊ စက်ဆန်း အေပီစီမှတ်တိုင်အနီး၊ သမိန်ပရမ်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်
မြန်မာတိုင်း(မ်)ဂျာနယ်၊ ဇန်န၀ါရီ ၈


ဟစ်တလာဟာ အင်မတန် ကြမ်းတဲ့သူပဲ။ ဒါပေမဲ့လို့ ချာလီချက်ပလင်ဟာ သူဟာ ရုပ်ပြဇာတ်ကားတွေနဲ့ ဟာဒယရွှင်ဆေး တိုက်ကျွေးတယ်ပေါ့။ သူ့ရဲ့ နာမည်ကြီးတဲ့ကားကတော့ ဒစ်တေတာဆိုတဲ့ အာဏာရှင်ကြီးဆိုတဲ့ ကားက နာမည်ကြီးတယ်။ အာဏာရှင်ကြီးဆိုတာ ဘယ်သူ့ကို ပြောချင်လဲဆိုတော့ အာဏာရှင်ကို ပြောချင်တာပဲ။ အဲ့ဒီလိုလုပ်တာတောင်မှ ဟစ်တလာက အဲ့ဒီလို ဖမ်းလားဆီးလား ထောင်ချလား မလုပ်ပါဘူး။ နောက်မှ ပညာရှိတွေက စာတမ်းဖတ်တဲ့အခါကျတော့ ဒီ ဒစ်တေတာဆိုတဲ့ ကားကြောင့်တဲ့ ဟစ်တလာရဲ့ ဘဝဟာ စောစောစီးစီး နိဂုံးချုပ်သွားရတယ်လို့ ရှိတယ်။ အဲ့ဒီလိုတောင်မှ သူတို့က မလုပ်ခဲ့ပဲနဲ့ ဘာမဟုတ်တဲ့ဟာလေးနဲ့ နိုင်ငံရေးသမားတွေ အကုန်လုံးဖမ်း။ ကျောင်းသားတွေ အကုန်လုံးဖမ်း၊ ၆၅ နှစ် ၅၈ နှစ်ဆိုပြီးတော့ အရမ်းကာရော လုပ်တာမျိုးကတော့ ဥပဒေနဲ့ မကိုက်ဘူး။

စာရေးဆရာကြီး နန်းညွန့်ဆွေ၊ ဇာဂနာ၏ ဖခင်
RFA အသံလွှင့်ဌာန၊ ဇန်န၀ါရီ ၂၇

မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ပတ်သက်ရင် ကျမတို့ တိတိကျကျပေါ့နော်၊ ဒီမိုကရေစီရတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီး အင်အားစုတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေပေါ့နော်၊ ပါဝင်ပြီးတော့ သက်မှတ်ရမယ့် နေ့ရက်တခုအဖြစ် ကျမတို့ အဲလို ဆုံးဖြတ်ထားပါတယ်။ လတ်တလော ကာလမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အမျိုးသမီးများနေ့အဖြစ် ကျမတို့ရဲ့ BWU က အသိအမှတ်ပြုထားသလိုမျိုး အခြားတိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေ ကလည်း ဒီမိုကရေစီတိုက်ပွဲ ကာလအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီရဲ့အပေါ်မှာ အထူးတလှယ် ပြောဆိုကန့်ကွက်ခြင်း မရှိဘူး။


ဒါပေမဲ့ အဓိက ဆွေးနွေးနေတဲ့အချက်က ဒေါ်စုမွေးနေ့ကို ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတဲ့ နေ့ကို လုပ်သင့်တယ်ဆိုတာကို အမြင်သဘောထားအမျိုးမျိုးနဲ့ ကျမတို့တွေ ဆွေးနွေးနေတာတွေတော့ ရှိတယ်။ ဒါက မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသမီးထုကြီး တရပ်လုံးရဲ့ ဆန္ဒ သဘောထားတွေနဲ့ စစ်တမ်းတွေ ကောက်ယူပြီး လုပ်ရမယ့် သဘောထားတွေ ဖြစ်တယ်။ နိုင်ငံရေး ပါတီတခုခု ဒါမှမဟုတ် အဖွဲ့အစည်းတခုခုက နေပြီးတော့ ကမကထပြုပြီးတော့ အလွယ်လုပ်လိုက်လို့ မရဘူးဆိုတဲ့ အပေါ်တွေမှာ ကျမတို့တွေ ပြောဆိုဆွေးနွေးနေခဲ့တာတွေ အများကြီး ရှိပါတယ်။
မိဆူးပွင့်၊ မြန်မာ့ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ
မဇ္ဈိမသတင်းဌာန၊ ဇန်န၀ါရီ ၁၀

(တပ်မတော်ကနေ) ထွက်ခွင့်သာ ပေးရင်တော့ ဦးသန်းရွှေနဲ့ အလံတိုင်ပဲ ကျန်ရစ်ခဲ့မယ်လို့ ပြောနေကြတာမျိုး ရှိတယ်။ အကုန်လုံးက ထွက်ချင်နေကြတာပဲဗျ။

တပ်ကြပ်ကြီးဟောင်း ၀င်းခိုင်

ဘီဘီစီ မြန်မာပိုင်း၊ ဇန်န၀ါရီ ၁၀

ရုံးတွေတော်တော်များများက ပုဒ်မ ၄ လို့တောင် ခေါ်နေသေးတယ်၊ ပေးမှလုပ်။ ရုံးတွေမှာလည်း ပေးရ၊ ရပ်ကွက်ထဲမှာလည်း ပေးရ၊ ပေးတာတွေက used to ဖြစ်နေ (ကျင့်သားရနေ) တယ်။ ပေးမှပဲ လုပ်တော့တယ်။

ဆရာမိုး၊ ရန်ကုန်မြို့

ဘီဘီစီ မြန်မာပိုင်း၊ ဇန်န၀ါရီ ၆

ကျနော်တို့ အခုလက်ရှိ ဗီဒီယိုလောကကြီးတခုလုံးက အခုမြန်မာနိုင်ငံမှာ လက်ရှိထုတ်လွှင့်နေတဲ့ TV Channels တွေရဲ့ ဇာတ်လမ်းတွဲထဲကို ၀င်ဆံ့အောင် ကူးပြောင်းသွားဖို့ပဲ အရေးကြီးတယ်။ အဲဒါမှ အနုပညာသမားတွေလည်း ပိုများလာမယ်။ ပြီးတော့ တီဗီဇာတ်လမ်းတွဲတွေလည်း အားပြိုင်မှုတွေ ဖြစ်လာမယ်။

လွင်မိုး၊ သရုပ်ဆောင်
ရုပ်ရှင်တေးကဗျာ - ဇန်န၀ါရီ ၂၀၁၀


ရုံးခန်းစဖွင့်တော့ သူငယ်ချင်း ၆ ယောက်၊ ကျွန်တော်တို့ကို အနောက်ကနေပံ့ပိုးပေးတဲ့ တရား ရုံးချုပ်ရှေ့နေကြီးတစ်ယောက် စုစုပေါင်း ခုနစ် ယောက်။ ဆရာကြီးကတော့ ပိုက်ဆံ မယူဘဲ ကျွန်တော်တို့ရဲ့ စိတ်အားသန်စွာ လုပ်ချင်မှုကို ကူညီပေးခဲ့တာပါ။ ကျွန်တော်က Leo ရာသီဖွား၊ ရုံးခန်းမှာလည်း Leo ရာသီဖွားတွေက များလို့ Leo Myanmar Law Firm ဆိုပြီး နာမည် ပေးခဲ့တာ။ ရုံးခန်း ဖွင့်စမှာ ကျွန်တော်တို့က လူငယ်တွေ ဆိုတော့ အမှုသည်တွေရဲ့ ယုံကြည်မှု ရအောင် ပိုက်ဆံကို အဓိက မထားဘဲ ပညာ ရအောင်သာ အဓိကထား လုပ်ခဲ့ရတာ။ အမှုတစ်ခု ရောက်လာရင် သူငယ်ချင်းတွေ ၀ိုင်းဖတ်၊ မေးခွန်းတွေထုတ်၊ ဥပဒေရှာ စသဖြင့်ပေါ့။ အမှု စစ်တော့လည်း အသံ တုန်၊ ဒူးတုန်ပေါ့။ ရုံးခန်းစဖွင့်စက ၀င်ငွေက ရုံးခန်းဖိုးတောင် မကျေဘူး။ ပိုက်ဆံ မ၀င်တာ များတော့ သူငယ်ချင်းတွေကလည်း စိတ်ညစ်လာတယ်။ ဒီပညာနဲ့ အသက် မွေးနိုင်ပါ့မလား ဆိုပြီး အင်အားတွေ လျော့လာပြီး တခြား အလုပ် ပြောင်းလုပ်သူက လုပ်နဲ့ အခု ကျွန်တော်တို့ Law Firm မှာ ဒဏ်ခံနိုင်သူ ကျွန်တော် အပါအ၀င် သူငယ်ချင်း သုံးယောက်၊ ကျွန်တော်တို့ ဆရာကြီး တစ်ယောက်နဲ့ ချိန်ဘာ တစ်ယောက် လက်ရှိ ရပ်တည် နေပါတယ်။ အခုဆို ရုံးခန်း ဖွင့်တာ ၄ နှစ်ထဲ ရောက်ခဲ့ပါပြီ။ အဆင်ပြေပြီလို့ ပြောလို့ ရပါတယ်။ အခက်အခဲတော့ သိပ်မရှိတော့ပါဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်လို့ ရနေပါပြီ။

ကိုအောင်စိုးထွန်း၊ ရှေ့နေ

ဖူးငုံမဂ္ဂဇင်း၊ ဇန်နဝါရီ

Yan Win (Taung Da Gar) - Burmese Buddhism in Brief

ထေရဝါဒ ဗုဒ္ဓဘာသာ အနှစ်ချုပ် အညွှန်း
ယေဓမ္မာ ဂါထာတော်
ရန်ဝင်း (တောင်တံခါး)
ဖေဖော်ဝါရီ ၁၊ ၂၀၁၀
ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူပြီးခါစ၊ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ဥယျာဉ် ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူစဉ် အခါတပါး၌၊ ပဉ္စဝဂ္ဂီငါးပါးတွင် တပါးအပါအဝင်ဖြစ်သည့် အရှင်မဟာအဿဇိ မထေရ်ကြီး ဆွမ်းခံကြွနေသည်ကို အရှင်သာရိပုတ္တရာ အလောင်းအလျာ ဖြစ်သော တရားရှာဖွေနေသူ ဥပတိဿ ပရိဗိုဇ် က ဖူးတွေ့ရလေသည်။ 
ကြည်ညိုဖွယ်ရာ အဆင်းနှင့် တည်ငြိမ်သော ဣနြေ္ဒတော်တို့ကို ထောက်ရှု၍၊ မုချဧကန် တရားထူးတရားမြတ် ကိန်းအောင်းသည့် ပုဂ္ဂိုလ် ဖြစ်ရမည် ဟု လေးနက်စွာ ယုံကြည်မှု နှင့် တရားထူးတရားမြတ် ရယူလိုမ၊ှု ပြင်းပြသည့် ဆန္ဒ ရည်ရွှယ်ချက်တို့ဖြင့် ဥပတိဿ ပရိဗိုဇ် က အရှင်မဟာအဿဇိမထေရ်ကြီး ကို ရှိုသေစွာ ဆည်းကပ်ဝတ်ðပပြီးလျှင် အရှင်မြတ်၊ အဘယ်ဆရာ၏ အဘယ်တရားများကို လိုက်နာ ကျင့်ကြံပါသနည်း ဟု မေးမြန်း လျှောက်ထားလေသည်။
ထိုအခါ အရှင်မဟာအဿဇိ မထေရ်ကြီးက ဤသို့ ပါဠိဘာသာဖြင့် ဂါထာဖွဲ့၍ ဖြေကြားတော်မူလေသည်။
“ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ တထာဂတောအာဟ တေသ ယော နိရောဓေါ ဧဝံဝါဒီ မဟာသမဏောတိ။”
အကြင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား တို့သည် အကြောင်းတရား ဖြစ်သော သမုဒယသစ္စာတရား၌ အမွန်အစရှိကုန်၏။ ထိုအလုံးစုံသော သမုဒယသစ္စာ၊ ဒုက္ခသစ္စာ တရားတို့၏ ဖြစ်ရာဖြစ်ကြောင်းနှင့်၊ ထို တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရားကို ဗုဒ္ဓမြတ်စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်စွာ တို့ဆရာဖြစ်သော ဗုဒ္ဓ္ဓမြတ်စွာဘုရားသည် ဤကဲ့သို့ အယူရှိတော်မူ၏။

ရှင်မဟာအဿဇိ မထေရ်ကြီး ၏ တရားတော်ကို ကြားနာ ရသောကြောင့်၊ ပင်ကိုယ်ဉာဏ် ရင့်သန်ပြီးသော ဥပတိဿ ပရိဗိုဇ် သည် သောတာပန် တည်လေသည်။ သွှယဗေလဋ္ဌပုတ္တ သိဉ္ဇည်းဆရာကြီးထံ၌ တရားရှာဖွေ အတူနေသော တရားကျင့်ဖက် သူငယ်ချင်း အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာ ကောလိတ ပရိဗိုဇ် ကို၊ တရားထူး ရလာခဲ့လျှင် တဦးကိုတဦး ပြန်လည် ဟောကြစတမ်းဟု ကတိစကား ထားရှိခဲ့ကြသည့်အတိုင်း၊ တဆင့် ပြန်လည် ဟောကြားသဖြင့် ကောလိတ ပရိဗိုဇ် သည်လည်း သောတာပန် တည်လေသည်။

မြန်မာပြည် ရှေးဟောင်းအရပ်ဒေသများမှ ယေဓမ္မာ ဂါထာတော် -

ယေဓမ္မာ ဂါထာတော်ကို မြန်မာပြည်အနှံ့ ရှေးဟောင်းအရပ်ဒေသများမှ တူးဖေါ်ရရှိသည့် ရွှေပေချပ်များ၊ ကျောက်စာများ နှင့် မြေပုံ (အုတ်ခွက်) ဘုရားများ တွင် ခေတ်အဆက်ဆက်က ပါဠိဘာသာ၊ သင်္သကရိုက်ဘာသာ တို့ကိုသုံးစွဲ၍၊ အက္ခရာမျိုးစုံဖြင့် ရေးထိုးထားကြောင်း တွေ့ရသည်။

ခရစ်နှစ် ၁၈၉၃ အတွင်းက ပြည်မြို့နယ် မှော်ဇာ အရပ်၊ သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ရှိုးဟောင်း အတွင်းရှိ တောင်လယ်ပေါ်ရွှာ မောင်ကန် ၏ ယာခင်းကုန်းမြေမှ တူးဖေါ်ရရှိသော ‘မောင်ကန် ရွှေပေချပ်’ နှစ်ချပ် တွင် ပါဠိဘာသာ ယေဓမ္မာ ဂါထာတော် အစချီ၍၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် တို့ကို ရှေးဟောင်း (ပျူ) အက္ခရာ ဖြင့် ရေးသား ထားသည်။ ထို ရွှေပေချပ်နှစ်ချပ် တွင် သုံးစွဲသော အက္ခရာများမှာ ရှေးအိန္ဒိယ တောင်ပိုင်း အက္ခရာများနှင့်ဆင်တူပြီး၊ ရေးထိုးချိန်သည် ၅ရာစု ခန့်တွင် ဖြစ်နိုင်သည်ဟု ပညာရှင်များ မှန်းဆကြသည်။ 
ခရစ်နှစ် ၁၉၂၆-၂၇ အတွင်းက ထို မှော်ဇာအရပ်၊ သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ရှိုးဟောင်း အတွင်းရှိ မောင်ခင်ဘ ၏ ယာခင်းကုန်းမြေမှ ရရှိသည့် ‘ခင်ဘ ရွှေပေချပ် ၂ဝ’ ပါ ပဋိစ္စသမုပ္ပါဒ် အစချီ ပိဋကတ်တော် ကောက်နှုတ်ချက်များတွင် သုံးစွဲသော အက္ခရာများနှင့် တူညီကြောင်း တွေ့ရသည်ဟုဆိုသည်။

‘မောင်ကန် ရွှေပေချပ်’များမှ ရှေးဟောင်း (ပျူ) အက္ခရာ ပါဠိ ဘာသာဖြင့် ယေဓမ္မာ အစချီသော ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်

‘မောင်ကန် ရွှေပေချပ်’ များနှင့် ခေတ်ပြိုင်ဖြစ်လိမ့်မည်ဟု မှန်းဆရသော ရခိုင် ဝေသာလီခေတ် နီတိစန္ဒြမင်း မိဖုရား ကျောက်စာကို ခရစ်နှစ် ၁၉၅၇ ခုနှစ်အတွင်းက စစ်တွေခရှိုင် ဝေသာလီမြို့ဟောင်း၊ ဥဏှသက တောင်ကုန်းပေါ်ရှိ ရှေးဟောင်းဘုရားပျက်မှရရှိသည်။ ထို ကျောက်စာတွင် ယေဓမ္မာ ဂါထာတော်ကို ဗြာဟ္မီ အက္ခရာသုံးစွဲ၍ သင်္သကရိုက် နှင့် ပါဠိ ဘာသာတို့ ဖြင့် ရေးထိုးထားသည်။

ရခိုင် ဝေသာလီခေတ် နီတိစန္ဒြမင်း မိဖုရား ကျောက်စာ

သံတွဲခရှိုင် ငလွမ်းမော် ကျောက်စာ၊ ဝေသာလီမြို့ဟောင်း တွင် တွေ့ရသော သင်းကျစ်တောင် ကျောက်စာ၊ ကျောက်ဖြူ ကျောက်စာ၊ ကျောက်တော် ကျောက်စာ၊ ဝေသာလီ ကျောက်စာ များတွင် ယေဓမ္မာ ဂါထာတော်ကို ဗြာဟ္မီအက္ခရာ၊ သင်္သကရိုက် နှင့် ပါဠိ ဘာသာတို့ကို ရောစပ် ရေးထိုးထားလေသည်။
နိုင်ငံခြားပြတိုက်တခုတွင် ရောက်ရှိနေသော သံတွဲခရှိုင် ငလွမ်းမော် ကျောက်စာကို ခရစ်နှစ် ၁၈၇၂ အတွင်းက တွေ့ရှိကြောင်း အမှတ်အသား ရှိသည်။

သံတွဲခရှိုင် ငလွမ်းမော် ကျောက်စာ၊

ဝေသာလီမြို့ဟောင်းရှိ စန္ဒြားမင်း ၏ ကုသိုလ် ဘုရားကြီးကုန်း ကျောက်စေတီ ကျောက်စာတွင် ယေဓမ္မာ ဂါထာတော် ကို ဗြာဟ္မီအက္ခရာ ပါဠိ ဘာသာ သက်သက်ဖြင့် ရေးထိုးထားသည်။

ဝေသာလီ ဘုရားကြီးကုန်း ကျောက်စေတီ ကျောက်စာ

ခရစ်နှစ် ၁၉၂၇-၂၈ က သီရိခေတ္တရာ (ဂြီက္ခေတြ) မြို့ရှိုးဟောင်းအတွင်း၊ မှော်ဇာ၊ မထောရွှာ ငရှင့်ကန်ကုန်း နှင့် ကျွဲကျောင်းကုန်း မှရသော ပုံစံအမျိုးမျိုးရှိ မြေပုံ(အုတ်ခွက်) ဘုရား များတွင် နာဂရီ အက္ခရာဖြင့် သင်္သကရိုက် နှင့် ပါဠိ ဘာသာ ရောစပ်၍ ယေဓမ္မာ ဂါထာတော်ကို ရေးထိုးထားသည်။ ၈ ရာစု ခန့်က လက်ရာများ ဖြစ်နိုင်သည်ဟု ပညာရှင်များက မှန်းဆကြသည်။
မှော်ဇာ၊ မထောရွှာ ငရှင့်ကန်ကုန်း မှရသော မြေပုံ (အုတ်ခွက်) ဘုရား

ပုဂံမြို့ဟောင်း မှ ရရှိသော ၁၁ ရာစု ပုဂံခေတ် က အနိရုဒ္ဓ (အနော်ရထာ) ကိုယ်တိုင်သွန်းလုပ်ပူဇော်သည့် မြေပုံ (အုတ်ခွက်) ဘုရားများအနက်၊ အချို့သော မြေပုံ (အုတ်ခွက်) ဘုရားများတွင် နာဂရီ အက္ခရာဖြင့် ယေဓမ္မာ ဂါထာတော်၏ အဆုံးပိုင်း၌ ထူးခြားစွာ …

ယေဓမ္မာ ဟေတုပြဘဝါ ဟေတု မ္တေ ပာမ္တ ထာ ဂတောဟဝ
ဒါတ္ထေ ပွှာ ယော နိရောဓ ဧဝမွါဒီဂြီအန (နိ) ရုဒ္ဓဒေဝ)
ဟု ဂြီအနိရုဒ္ဓဒေဝ (အနော်ရထာ) ကိုယ်တိုင် ထိုသို့အယူရှိကြောင်း ရေးထိုးထားခဲ့လေသည်။

ယေဓမ္မာ ဂါထာတော်ကို နာဂရီ အက္ခရာဖြင့်ရေးထိုးထားသည့် အနိရုဒ္ဓ ကိုယ်တိုင်သွန်းလုပ်သော မြေပုံ (အုတ်ခွက်) ဘုရားများ

ရှေးခေတ် (ပျူ) မြို့ဟောင်း တမြို့ဖြစ်သော တကောင်းမြို့တွင် မြေပုံ (အုတ်ခွက်) ဘုရားများ နှင့် ရှေး (ပျူ) ခေတ်လက်ရာ ပစ္စည်းများစွာ တွေ့ရသော်လည်း၊ ယေဓမ္မာ ဂါထာ ပါရှိသည့် မြေပုံ (အုတ်ခွက်) ဘုရားများ အနက်၊ ၁၁ ရာစု ပုဂံခေတ်လက်ရာ ထက် စောသော မြေပုံဘုရားများ ကို မတွေ့ရသေးပေ။
တကောင်းမြို့မှရရှိသော နာဂရီ အက္ခရာဖြင့် ယေဓမ္မာ ဂါထာတော် ရေးထိုးထားသည့် ၁၁ ရာစုနှစ် ပုဂံခေတ် လက်ရာ မြေပုံဘုရား - ဗုဒ္ဓမြတ်စွာ ဘုရားရှင် ထံတော်သို့

ဝေဠုဝန် ဥယျာဉ် ကျောင်းတော်တွင် သီတင်းသုံးနေတော်မူသော ဗုဒ္ဓရှင်တော်မြတ် ထံသို့ အတူတကွ သွားရောက်ဖူးမျှော်ကြရန်၊ မိမိတို့၏ ဆရာဖြစ်ခဲ့ဘူးသည့် သိဉ္ဇည်းဆရာကြီးကို ဖိတ်ခေါ်ရာ၊ ဆရာကြီးက လိုက်ပါရန် အကြိမ်ကြိမ် ငြင်းဆန်သဖြင့်၊ ဥပတိဿ နှင့် ကောလိတ တို့သည် သိဉ္ဇည်းဆရာကြီး အား စွန့်ခွာခဲ့ကြရလေသည်။ 
ခရစ်နှစ် ၁၉၂၆-၂၇ က မှော်ဇာ၊ ခင်ဘကုန်း မှ တွေ့ရှိသည့် စိန္တ မုဒြာ ဖြင့် သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) ခေတ် လက်ရာ ကြေးဆင်းတုတော်

ဧထ ဘိက္ခဝေါ သွာက္ခာတော ဓမ္မော
စရထ ဗြဟ္မစရိယံ
သမ္မာ ဒုက္ခဿ အန္တကိရိယာယ
နောက်ပါ တပည့် များစွာ နှင့်အတူ၊ ဂေါတမ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရင်းသို့ ပထမဦးဆုံးအကြိမ် လာရောက် ဦးခိုက်ကြသည့်၊ လက်ယာတော်ရံ အဂ္ဂသာဝက ဖြစ်တော်မူ လာလတံ့သော အရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတိဿ ပရိဗိုဇ် နှင့်၊ လက်ဝဲတော်ရံ အဂ္ဂသာဝက ဖြစ်တော်မူ လာလတံ့သော အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာ ကောလိတ ပရိဗိုဇ် တို့ကို ဗုဒ္ဓရှင်တော်မြတ်က ‘ဧဟိ ဘိက္ခု’ ပါဠိတော်ဖြင့် မိန့်တော်မူကာ၊ အထက်ပါပုံတော် အတိုင်း၊ တရားဦးဟောတော်မူပေလိမ့်မည်ဟု မှန်းဆ ကြည်ညို ပူဇော် ကန်တော့လိုက်ပါသည်။

 အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
   ၁ - ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)
   ၂ - ရှေးဟောင်းအုတ်ခွက်ရှုပ်ပွားဘုရားများ၊ ပထမတွဲ (သီရိပျံချီဦးမြ)
   ၃ - ရှေးဟောင်းအုတ်ခွက်ရှုပ်ပွားဘုရားများ၊ ဒုတိယတွဲ (သီရိပျံချီဦးမြ)
   ၄ - ပျူဖတ်စာ (သီရိပျံချီဦးသာမြတ်)
   ၅ - အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ (ဦးစံသာအောင်)
   ၆ - မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ မုဒြာများ (စဝ်ထွန်းမှတ်ဝင်း)
   ၇ - Burma Art and Archaeology (Alexandra Green and T. Richard Blurton) 

31st Jan 2010 - MoeMaKa Radio

ဇန်န၀ါရီ ၃၁၊ ၂၀၁၀ - မိုးမခရေဒီယို
တိမ်ပလီနွေနှောင်းနဲ့ ရှင်ဥတ္တမကျော်တောလား - ချိုပြုံး
သတင်း၊ သီချင်း၊ ကြော်ငြာကဏ္ဍ
ပေါချောင်ကောင်း ခေတ်မီ ဗမာ့တပ်မတော်လေကြောင်း - ဝေလင်း၊ ခေတ်ပြိုင်
ကျိုင်းတုံဗိုလ်မှူး ကုသိုလ်ထူးပုံ - ဒီဗီဘီ
၄၉ နှစ် မွေးနေ့ရှင် နဲ့ ဟိုစဉ်က စကားလက်ဆုံ - ဇာဂနာနဲ့ ဦးပန်တျာ
ဆစ်ဒနီမြန်မာဆရာဝန်များအသင်း ဥက္ကဋ္ဌနဲ့ ဆွေးနွေးခန်း - ဒေါက်တာအေးအေး
တခါက ကျုပ်တို့ရဲ့ ဒိုင်နိုဆောကြီးများ - သာလွန်မင်းလက်ထက် ဒီမိုကရေစီ
အထူးကဏ္ဍ - မောင်စူးစမ်းစစ်တမ်း - www.cpburma.org
ဂျပန်ပြည်သို့ ပြန်လည်ကပြတော့မည့် လူရွှင်တော်မောင်မေတ္တာဟာသနဲ့ မေသန်းနုအငြိမ့်တေး
မြန်မာဘောလုံး ဘာကြောင့်ရှုံး တွေ့ဆုံခန်း - မောင်မေတ္တာ၊ အရိုင်း၊ မေသန်းနု
စီစဉ်တင်ဆက်သူများ - ဦးပန်တျာ၊ နန်းဖောဆေး၊ သံစဉ်ရတနာ

U Thant's Memorial Building in Lumbini to be demolished?

နီပေါ လုမ္ဗနီဥယျာဉ်က သမိုင်းဝင်ဦးသန့်ဇရပ်ကို ဖျက်သိမ်းကြတော့မှာလား
မိုးမခစာဖတ်သူတဦး - နီပေါ
ဇန်န၀ါရီ ၃၁၊ ၂၀၁၀
မိုးမခ၀ိုင်းတော်သားများခင်ဗျား …
မနေ့ညက မိတ်ဆွေတဦးက ဖုန်းဆက်ပြီးပြောပါတယ်။ နီပေါနိုင်ငံ၊ လုမ္ဗနီဥယျာဉ်မှာရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့် အထိမ်းအမှတ်ဇရပ်ကို အဲသည်က ဂေါပကအဖွဲ့က ဖျက်ပြီးတော့ စာကြည့်တိုက်တဆောင် ဆောက်ကြဖို့ စီစဉ်နေပါတယ်တဲ့။ အဲသည်အတွက် မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းဖြစ်တဲ့ ရွှေကျောင်းက ဆရာတော်တွေကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ခက်တာက သမိုင်းဝင်ဦးသန့်ဇရပ်ကို ဖျက်ပြီးတော့ အစားထိုးမယ့် စာကြည့်တိုက်ဆိုတာက ဦးသန့် အထိမ်းအမှတ်အဖြစ် ဆက်လက် သတ်မှတ်ပေးမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
အဲသည်သတင်းကို ကြားတဲ့ ဘုန်းတော်ကြီးတွေ၊ ဘုရားဖူး မြန်မာမိသားစုတွေကတော့ စိတ်မကောင်းကြပါ။ ဦးသန့်ဇရပ်ဆိုတာက အခုထက်ထိ သုံးလို့ မရလောက်အောင် ပျက်စီးယိုယွင်းခြင်း မဖြစ်သေးပါ။ နောက်အရေးကြီးတာတခုကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားပွင့်ရာ အရပ်များကို သမိုင်းဝင် အထိမ်းအမှတ်အဖြစ် ထိန်းသိမ်းပြုပြင်ရန် ကုလသမဂ္ဂရဲ့ စီမံကိန်းအဖြစ် ၁၉၆၇ နှစ်ကတည်းက အဆိုတင်သွင်းခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဲသည်ထဲက ဘုရားရှင်မွေးဖွားရာ လုမ္ဗနီဥယျာဉ်ကို နီပေါအစိုးရအကူအညီနဲ့ ၁၉၇၀ မှာ ပြုပြင်နိုင်ခဲ့ပြီး ဦးသန့်ဇရပ်ကို သမိုင်းဝင်အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ နီပေါဘုရင်က နိုင်ငံတကာမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနဲ့ သာသနာပြုများကို အဲသည်သာသနာ့မြေမှာ လွတ်လပ်စွာ ဘုန်းကြီးကျောင်းများ၊ ရိပ်သာများ ဆောက်ခွင့်ပေးခဲ့ပြီးနောက် ဘုရာဖူးများနဲ့ စည်ကားလာခဲ့ပါတယ်။ အဲသည်ထဲမှာ မြန်မာပြည်က ရွှေကျောင်းနဲ့ ရွှေတိဂုံပုံတူ စေတီတော်ကြီးက ဘုရားဖူးများအတွက် ထင်ရှားတဲ့ အမှတ်အသား ဖြစ်လာတယ်လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ နီပေါနိုင်ငံရဲ့ ဘာသာရေးခရီးသွားဈေးကွက်ကြီးဖြစ်နေပြီ ဖြစ်တဲ့ လုမ္ဗနီဥယျာဉ်မှာ သာသနာပြု အဆောက်အဦအသစ်အဆန်းတွေ အပြိုင်းအရိုင်းနဲ့ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်ပေါင်းစုံရဲ့ ၀င်ထွက်စည်ကားရာ အဲသည်သမိုင်းမော်ကွန်းမြေကို ဖော်ထုတ် အားပေးခဲ့သူ မြန်မာပြည်ဖွား၊ ဗုဒ္ဓဘာသာဝင်၊ ကုလအထွေထွေအတွင်းရေးမှူးချုပ်၊ မွေးနေ့ နှစ် ၁၀၀ ပြည့်ခဲ့သူ ဦးသန့် အတွက် အထိမ်းအမှတ်နေရာတခု ကျန်ရစ်စေချင်တာကတော့ မြန်မာအမျိုးသားတွေရဲ့ ဆန္ဒဖြစ်ပါတယ်လို့ ပြောကြပါတယ်။
နက်ဖြန်အချိန်ရရင် အဲသည်အကြောင်းတွေ အသေးစိတ်စုံစမ်းပြီး ပို့ပေးပါဦးမယ်။ ဓာတ်ပုံတွေကတော့  - အင်တာနက်ပေါ်ကတွေ့တဲ့ ဦးသန့်လှူခဲ့တဲ့ ဘုန်းကြီးကျောင်း၊ ပြီးတော့ မြန်မာပြည်က ဆောက်ခဲ့တဲ့ မြန်မာရွှေကျောင်းဓာတ်ပုံပါ။