Burmese Political & Ethnic Forces urged Suu to lead 2nd Pin Lon Conference to unify Burma


ဒေါ်အောင်ဆန်းစုကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြု
တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစုများက ဒုတိယပင်လုံ ကို အတည်ပြုကြ
တာရာဝေယံ
နိုဝင်ဘာ ၂၁၊ ၂၀၁၀
မြန်မာဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ နံနက်ပိုင်း ၉  နာရီက ပါရမီလမ်းမှာ ရှိတဲ့ သခင်သိန်းဖေနေအိမ်မှာ ၀ါရင့်နိုင်ငံရေးသမားကြိးများကို ဂါရ၀ပြု တွေ့ဆုံကန်တော့ခဲ့ပါတယ်။ 

ဂါရ၀ပြု တွေ့ဆုံပွဲမှာ ဦးခင်မောင်ကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများကို တဦးချင်းစီ မိတ်ဆက်ခဲ့ပေးပြီး “အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ ဒီမိုကရေစီအင်အားစုများ” ရဲ့ “သက်ကြီးဝါရင့် နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြ မေတ္တာရပ်ခံချက်” ကို ဖတ်ကြားခဲ့ပါတယ်။
 (ဖြိုးမင်းသိန်း၊ တိုက်ပုံနှင့်၊ အောက်ဆုံး၊ လက်ယာဒေါင့် ဓာတ်ပုံ)
  ဗကသကျောင်းသားခေါင်းဆောင်၊ ၂၀၁၀ ရွေးကောက်ပွဲ ကျောခိုင်းခဲ့သူ၊ ကိုဖြိုးမင်းသိန်းက သက်ကြီးဝါရင့် နိုင်ငံရေးသမားများအား ကန်တော့ကြိုးကို ဖတ်ကြားခဲ့ပါတယ်။ 
    အင်န်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဇိုမီးအမျိုးသားကွန်ဂရက် ၂၂ နှစ်မြော် မွေးနေ့ ကျင်းပစဉ်က တိုင်းရင်းသားအင်အားစုများ၊ အင်န်အယ်ဒီပါတီဝင်များ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအတွက် လိုအပ်နေဆဲဖြစ်တဲ့ ဒုတိယပင်လုံညီလာခံ ဆောင်ရွက်ရန်အတွက် ကလေးမြို့ကြေညာစာတမ်းပါ အချက်များ အတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း အားလုံးပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား သခင်သိန်းဖေက အမှာစကားပြောကြားခဲ့ပါတယ်။
 
      ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာမှာ
    အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယပင်လုံညီလာခံ ဆောင်ရွက်နိုင်ရေးကို ဦးတည်ပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း” ကဗျာထဲကလို တော်လှန်ရေးသမားကြီးတယောက်ရဲ့ တော်လှန်ရေးအပေါ်မှာ ထားတဲ့သဘောထားမျိုး (သူရဲ့ နောက်ဆုံးအချိန်မှာ တော်လှန်ရေးကို ကိုယ်လုပ်ခဲ့တာတွေကို မပြောဘဲ၊ သူလုပ်နိုင်ခဲ့သလာက် လုပ်ခဲ့တာအတွက်၊ မပြီးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်တဲ့အတွက်  ခွင့်လွှတ်ဖို့) ဆိုတဲ့ သဘောထားမျိုး ရှိဖို့ လိုကြောင်း ပြောကြားသွားပါတယ်။
(ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ)
 
      စီအာရ်ပီပီ အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျဉ်ရှင်းခန်က ဒုတိယပင်လုံညီလာခံ သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းတာဝန်များကို ဒေါ်အောင်ဆန်းစုကြည်အား လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
 သခင်ချန်ထွန်း၊ သခင်သိန်းမောင်

 နိုင်ငွေသိန်း၊ ဦးဝင်းတင်
      သက်ကြီး ၀ါရင့် နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲမှာ လူကြီး ၂၈ ဦးကို ဖိတ်ကြားခဲ့ရာ အဝေးရောက်နဲ့ ကျန်းမာရေးကြောင့် မလာနိုင်သူ ၈ ဦး ရှိပါတယ်။ လူကြီး ၂၀ ဦး လာရောက်ခဲ့တာကို တွေ့ရပါတယ်။
တက်ရောက်ခဲ့ကြသူတွေထဲမှာ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်း၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်း၊ မြောင်းမြဘဆွေ၊ ဦးအုန်းမောင်၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးထွေးမြင့် အစရှိသူများ ဖြစ်ကြောင်း သိရပါတယ်။




  သက်ကြီး ၀ါရင့် နိုင်ငံရေးသမားကြီးများ ပူဇော် ကန်တော့ပွဲအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအင်အားစု အသီးသီးက စုစည်း ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ မတက်ရောက်နိုင်တဲ့ လူကြီးများဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဆရာဒဂုန်တာရာတို့ထံ နိုင်ငံရေးအကျဉ်းသားများက လိုက်လံ ပို့ဆောင် ကန်တော့ကြမယ်လို့ သိရပါတယ်။


       ဆရာဒုဂုန်တာရာက ပြောဆိုရာမှာ …
  “ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မယ့် ဒုတိယအကြိမ်ပင်လုံညီလာခံကို ကျနော်က သဘောတူတယ်။ နိုင်ငံအတွက် ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆောင်ရွက်တာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရဖို့ဆိုတာ ညီညွတ်ရေး ရှိမှ ဖြစ်တာ။ ညီညွတ်ရေး ရရှိဖို့ ဆောင်ရွက်တာဟာ နိုင်ငံအတွက် ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတာ ဖြစ်တယ်” လို့ ပြောလိုက်ပါတယ်။
          သည်နေရာမှာ အခမ်းအနားမှာ ဖတ်ခဲ့ကြတဲ့ မေတ္တာရပ်ခံစာနဲ့ ကန်တော့ကြိုး၊ ကဗျာ စသည်တို့ကို သည်နေရာမှာ ကြည့်နိုင်ပါပြီ။
(ဓာတ်ပုံများ၊ နို ၂၀၊ ၂၀၁၀၊ ရန်ကုန်၊ ပါရမီ၊ သခင်သိန်းဖေ နေအိမ်၊ သက်ကြီးပူဇော်ပွဲ (တာရာဝေယံ))

Comments