Tuesday, October 12, 2010

Burmese Young Actress spinning news to get publicity

မြန်မာမင်းသမီးတွေလည်း အထိတ်တလန့်ဖြစ်အောင် စတန့်တွေ ထွင်တတ်နေပြီ
မိုးမခစာဖတ်သူတဦး (လေထန်ကုန်းအနီး)
အောက်တိုဘာ ၁၃၊ ၂၀၁၀
အမေ့ကိုစိတ်ကောက်လို့ အောက်တိုဘာလ  ၈ ရက်နေ့ကတည်းက ပျောက်နေတဲ့ သရုပ်ဆောင် နန်းဆုရတီစိုး အောက်တိုဘာလ  ၁၁ ရက်နေ့ နေ့လည်ပိုင်းကတည်းက အိမ်ပြန်ရောက်နေပါပြီ မိုးမခမီဒီယာတို့ရေ။
ပြည်တွင်း စာနယ်ဇင်းသမားများက သတင်းမေးကြရာမှာ
“နန်းဆုက ဘယ်မှ ရောက်မသွားပါဘူး။ အမေက တအားဆူတာကြောင့် အမေ စိတ်ပူအောင် လုပ်မယ်ဆိုပြီး အဒေါ့်အိမ်မှာ သွားနေတာပါ။ အမေ့ကို မပြောရဘူးလို့ အဒေါ်ကို ပိတ်ထားတာကြောင့် အဒေါ်ကလည်း မပြောဘဲနေတာပါ။ နောက်တော့ အမေ ရဲတွေ ဘာတွေ တိုင်နေပြီဆိုတာ သိရလို့ ပြန်လာတာ …”
လို့ ဖြေလိုက်တယ် တဲ့။
ရုပ်ရှင်လောကသားတွှေကတော့ နာမည်ကြီးအောင် စတန့်ထွင်တာနေမှာပါ လို့ဆိုကြပါတယ်။
ပြောရရင်တော့ မင်းသမီးငယ်လေးတွေ မှိုလို ပေါက်နေတဲ့ ရုပ်ရှင်၊ ဗီဒီယို၊ မိုဒယ်၊ အလှ အပြနဲ့ ဂီတ စင်မြင်တွေမှာ သူတို့ကလေးတွေလည်း ဖြတ်လမ်းနည်းတွေနဲ့ နာမည်ကြီးချင်ကြပါတယ်။ မိုးဟေကို လိုးရှင်းလိမ်းတဲ့ ဗွီဒီယို (ပရိသတ်ကြီး မသိသေးရင်၊ အင်တာနက် ဂူးဂဲ အင်စတင့်မှာ မြန်မာလို ရိုက်ကြည့်ပါ နော် …) ထွက်လာပြီးတဲ့နောက် အပြာအရိုက်ခံတဲ့ မင်းသမီးငယ်တွေ ပေါ်လာပါတယ်။ ဒါပေမယ့် တမင် အရိုက်ခံတာမှန်း သိကြတော့ စိတ်မ၀င်စားဘဲ ရွံကုန်ကြတယ်။
စင်ကာပူဖျော်ဖြေရေးသွားတဲ့ သင်ဇာဝင့်ကျော် စင်ကာပူကိုရောက်မလာဘဲ ၄ ရက် ပျောက်နေတာကြောင့် ပွဲစီစဉ်သူတွေက မြန်မာသံရုံးကို အကြောင်းကြားခဲ့ကြရတယ်။ စင်္ကာပူအင်မီဂရေးရှင်းနဲ့ ဘယ်လို ဖြေရှင်းရမှန်း မသိလောက်အောင် ဟိုက မြန်မာစပွန်ဆာတွေ ခေါင်းခဲခဲ့ကြတယ်။ ပွဲ ကမယ့်နေ့ကျမှ သင်ဇာဝင့်ကျော် ရောက်လာခဲ့ပြီး “အလည်လွန်နေတာ” လို့ ဆိုတယ်။ နောက်တော့ ရေကူးကန်ထဲမှာ အမျိုးသားတယောက်နဲ့ ပျော်မြူးနေတဲ့ ဗွီဒီယို ထွက်လာခဲ့ပါရောလား။ Youtube ပေါ်မှာတောင် ရောက်လာခဲ့ပါတယ်။ (ရှာကြည့်လိုက်ပါဦးလား ပရိသတ်ကြီးရေ …)
မြန်မာအားကစား ကမ္ဘာကို လွှမ်းစေရမည် ဆိုသလိုပဲ မြန်မာ့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေလည်း ဘယ်တွေကို လှမ်းကြတော့မှာတုန်း လို့ မေးလိုက်ချင်ပါတယ်။ ခင်ဗျားတို့ဆီကတောင် စစ်တပ်အားပေး မြန်မာသရုပ်ဆောင်တွေဆိုပြီး အမေရိကန်အစိုးရက ဗီဇာသိမ်း၊ ပြည်နှင်ဒဏ်ပေးခံလိုက်ရချိန်မှာ အခုလိုမျိုး စတန့်တွေ ထွင်နေကြပြန်တော့ အင်း … နက်ဖြန် အောက်တိုဘာ ၁၃ မှာ ကျရောက်မယ့် နှစ် ၉၀ ပြည့် မြန်မာ့ရုပ်ရှင်ရဲ့ နောင်ရေးဟာ ရင်လေးစရာပါပဲ။
ကျန်းမာကြပါစေ။ ကျနော်တို့ကတော့ မကျန်းမာဘူးဗျ။
သူတို့တတွေကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ တခါတည်း ၀င်ကို ပြိုင်ခိုင်းလိုက်ကြပါ လားလို့တောင် ပြောလိုက်ချင်ပါရဲ့။ ထွင်လိုက်ပါဦးတော့လား စတန့် စတန့် …။         
Post a Comment