Water Donation to the local residences by the local community

ပဲခူး၊ ဝေါ၊ သနပ်ပင် မြို့များ - တွင်းခြံကျေးရွာ၊ ကျိုက်ပဒိုင်ကျေးရွာ၊ နောင်ပတ္တရာရွာ၊ ပေချောင်းရွာများ ရေအလှူ ဓာတ်ပုံမှတ်တမ်းများ
သတင်းရင်းမြစ် - ဦးအေးမြင့်နဲ့ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃ 
မေ ၁၁၊ ၂၀၁၀
       ပဲခူးမြို့ တွင်းခြံကျေးရွာ မှ သနပ်ပင်မြို့ ကျိုက်ပဒိုင်ကျေးရွာအထိ ၈ မိုင် ကားလမ်းကို ဒေသခံ သံဃာတော်များက လုပ်အားဖြင့် လမ်းခင်းပေးပြီး ရေအလှူကားများ သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့သည်။

ဝေါမြို့နယ် - နောင်ပတ္တရာရွာ၊ သနပ်ပင်မြို့နယ် - ပေချောင်ရွာတို့တွင် ရေအလှူများကိုလည်း ဒေသခံ လုပ်ငန်းရှင်များ၊ စေတနာရှင်များ၊ လုပ်အားပေးများက ဆောင်ရွက်ခဲ့ကြသည်။

Comments

Unknown said…
2010 သတင်းဆိုပြီး 2007 ကပုံတွေတင်ထားတာကတော့ မဖြစ်သင့်တဲ့အမှားပါ။
MoeMaKa said…
ဦးအေးမြင့်လမ်းပြကြယ်က ရှင်းပြထားပါတယ်။ ကင်မရာက ဆက်တင်မှားပြီး ဖြစ်သွားတာပါ။ ရေအလှူအတွက် သံဃာတော်တွေ လမ်းခင်းပေးတဲ့ ပုံ ဖြစ်ပါတယ်။ သံဃာတော်တွေတောင် ၀င်ပြီး ဆောင်ရွက်နေတာမို့ ဓာတ်ပုံကို ကြည့်ကြရအောင် တင်တာဖြစ်ပါတယ်။ မေးလာတာကို ကျေးဇူးတင်ပါတယ်။ ဖြေကြားရှင်းလင်းခွင့် ရြုကတာပေါ့ခင်ဗျာ။
Anonymous said…
This comment has been removed by the author.
Anonymous said…
ရေအလှူနဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်ပါတယ်...
သွားလှူချင်လို့ပါ...
ရေတစ်ကားကိုဘယ်လောက် ၊ ဘယ်ကဆက်သွယ်မှာယူနိုင်မလဲ ၊
စုံစမ်းလို့ရနိုင်မယ့် ဖုန်းနံပါတ်များရနိုင်မယ်ဆိုလဲ လိုချင်ပါတယ်...ကျေးဇူးပါ...