Thit Kaung Eain - The Reason behind not writing poems these days

ကဗျာမရေးဖြစ်တဲ့အကြောင်း
သစ်ကောင်းအိမ်
ဇန်န၀ါရီ ၂၁၊ ၂၀၁၀

မနက်ခင်းမှာ ငှက်ကလေးတွေရဲ့သီချင်းတွေ
အသံဝင်သွားတဲ့နေ့ကစလို့
ကျည်ဆံခွံဟောင်းနဲ့ဘုရားပန်းအိုးထိုးတယ် ဘာ ညာ ပလီပလာတွေလုပ်နေလို့
ကျမအသစ်ကလေးပါပြောလည်း ဒီည ဈေးဦးမပေါက်ခဲ့လို့
နီဂရိုးမလေးအတွက် နီရိုမော်ဒန်နဲ့
အလန်းလေးဖတ်ဖို့ လန်းဂွတ်ချတစ်ပိုယဲ့ထရီတွေမရေးတတ်လို့
ဆယ်လမွန်ငါးတွေပြန်မရတော့ဘူး ဆူရှီဘူးထဲရောက်ကုန်လို့
ခုရှုနေတဲ့ဆေးခြောက်က ကိုလံဘီယာကလာတာလို့ ကြွားနေလို့
အမိုးသမီးလေးက မိုးတွေခေါင်နေလို့
ကြက်ဆူတောမှာခွေးတွေဟောင်နေလို့
ဆွဲစရာမရှိရင် ဘာဆက်ဆွဲထားရမလဲဆိုပြီး
သစ်ကိုင်းလွတ်မျောက်တကောင်က နပူနဆာလာတိုက်နေလို့
အဝေးရောက်အစိုးရမှာလည်း ရွေးကောက်ပွဲဆိုတာမရှိလို့
ထောင်နှုတ်ခမ်းနင်းဖူးပေမယ့် ဒင်းကလေးရဲ့နှုတ်ခမ်းကို မနမ်းဘူးသေးလို့
ဟိုကောင်ကြီးမြေး ရန်ကုန်မြစ်ထဲ အောက်စက်လေးတပွေနဲ့လေညင်းခံထွက်နေလို့
၂၀၁၀ရွေးကောက်ပွဲဝင်မလားစဉ်းစားနေလို့
၂၀၁၂ကျ ကမ္ဘာပျက်မှာတွေးကြောက်နေလို့
စီးပွားပျက်ကပ်အကြောင်းပြပြီး သူမိန်းမစကပ်ဖိုးကြိတ်စုနေတဲ့
ဇော်ကြီးဆိုတဲ့ကောင်ကိုကြည့်မရလို့
ဟေတီငလျင်ကို ကြပ်ပြေးပလ္လင်အောက် မ,မရွေ့နိုင်သေးလို့
ပစ္စုပ္ပာန်ရွဲ့ရွဲ့ကိုရှုမြင်နေလို့
 မဟာသမ္မတမင်းကြီး ကယ်တော်မူပါ
ဘာဆက်ရေးရမှန်း မသိတော့ဘူး။     ။
၂၀ ဇန်န၀ါရီ ၂၀၁၀
(ကျနော်ကဗျာမရေးဖြစ်တဲ့အကြောင်း ကဗျာရေးခိုင်းဖူးတဲ့ ကိုအောင်သာငယ်သို့….)

Comments