Htet Htet's son passes away

ထက်ထက်မိုးဦး၏သားငယ် သေဆုံး
ဓာတ်ပုံသတင်း
စက်တင်ဘာ ၃ဝ၊ ၂ဝဝ၉

ယမန်နှစ်က ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ အမျိုးသမီးအတတ်သင်ကျောင်းသို့ အလှူငွေ ပေးအပ်နေသော မင်းသမီး ထက်ထက်မိုးဦး (ဓာတ်ပုံ-ရွှေအမြုတေ)

ထက်ထက်မိုးဦးသည် ယခုလ ၂၀ ရက်နေ့က သားယောက်ျားလေးတဦး ဖွားမြင်ခဲ့ကြောင်း၊ သို့သော်လည်း ကလေးသည် မွေးဖွားပြီး စက္ကန့်ပိုင်းအတွင်း သေဆုံးသွားကြောင်း အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

“ရင်ထဲမှာ တော်တော်လည်း ခံစားလိုက်ရပါတယ်။ အားလုံးပြောနေကြသလို အသေမွေးတာ မဟုတ်သလို ဗိုက်ခွဲထုတ်ရတာလာ်း မဟုတ်ပါဘူး။ သားက လောကကြီးမှာ စက္ကန့်ပိုင်းလောက်သာ နေသွားရှာပေမယ့် အမေကို ဗိုက်ခွဲရလောက်အောင် ဒုက္ခ မပေးသွားပါဘူး” ဟု ထက်ထက်မိုးဦးက အလင်းတန်းဂျာနယ်ကို ပြောသည်။
မင်းသမီး ထက်ထက်မိုးဦးသည် စက်တင်ဘာ ၂၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခဲ့သည်ဟု ဆိုသည်။


Comments

wakamono said…
I sent condolence to you and ur family !!!Wish u happy and healthy throughout ur life !!!