US embassy official meets with arrested swimmer

အဖမ်းခံထားရသူ အမေရိကန်နိုင်ငံသား သံရုံးနှင့် တွေ့ပြီ
AP သတင်းဌာန
မေ ၁၃၊ ၂၀၀၉

မြန်မာအာဏာပိုင်တို့က အမေရိကန် သံတမန်တဦးကို ပြီးခဲ့သည့်အပတ်က အင်းလျားကန်တွင် အဖမ်းခံရသူ အမေရိကန်နိုင်ငံသားထံ သွားရောက်တွေ့ဆုံခွင့် ပြုလိုက်ကြောင်း ယနေ့ညနေ ရုပ်မြင်သံကြားသတင်းတွင် ကြေညာသည်။ အဖမ်းခံထားရသူသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

နိုင်ငံပိုင် ရုပ်သံသတင်းတွင် John William Yettaw နှင့် ကောင်စစ်ဝန် Colin Furst တို့ တွေ့ဆုံစဉ် ရိုက်ကူးထားသော ဓာတ်ပုံကို ပြသသွားသည်။

အမေရိကန် သံတမန်တဦးက ထိုသို့ တွေ့ဆုံခဲ့ကြောင်း အတည်ပြုသည်။ နာရီဝက်ကြာ တွေ့ခဲ့သည်ဟု ဆိုသည်။ အဖမ်းခံထားရသူသည် ကျန်းမာရေးကောင်းမွန်ဟန်ရှိသည်။ ကောင်းမွန်စွာ ဆက်ဆံခံရကြောင်း ပြောပြသည်ဟု ဆိုသည်။

သံတမန်၏ ပြောပြချက်အရ ဖမ်းဆီးထားသူမှာ မည်သည့် ပုဒ်မနှင့်မျှ စွဲဆိုခံထားရခြင်း မရှိဟု သိရသည်။ အသေးစိတ် ပြောပြခြင်း မရှိသော်လည်း ဤကိစ္စမှာ အမှားအယွင်းမခံနိုင်သည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။

မေလ ၆ ရက်နေ့က အဆိုပါ ပုဂ္ဂိုလ် ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ် သံရုံးအရာရှိတဦး သွားရောက် တွေ့ခွင့်ရခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ဒေါ်စု၏ အိမ်အတွင်း ၂ ၇က်ကြာ လျှို့ဝှက် နေထိုင်ခဲ့သည်ဟု ဆိုသည်။

သံရုံးက သွားရောက် တွေ့ဆုံသည့် နေရာမှာ ရန်ကုန်မြို့ အောင်သပြေ ရဲစခန်းတွင် ဖြစ်သည်ဟု ရုပ်သံသတင်းက ဆိုသည်။ ဤစခန်းသည် ယခင်က နိုင်ငံရေးသမားများကို ထိန်းသိမ်း၊ စစ်ကြောသည့် စခန်း ဖြစ်သည်။

Comments