thunder word

Posted by Yan Lo Kywe | 8:55 PM | , | 0 comments »


မိုးကြိုးမှန်လိမ့်မယ်…
ဖျာပုံနီလုံဦး

သြဂုတ် ၁၉၊ ၂၀၀၈

၁၉၉၀ ပြည့်နှစ် မိုးရေစက်များသို့


“နြူရင်ဘတ် စစ်ခုံရုံး တင်ရမယ်” ဆိုတဲ့
အဘရဲ့ မိုးကြိုးစကား
လေသံကြားတာနဲ့
လန့်ဖျားဖျားသွားတာ
ဘယ်သူများပါလိမ့်
ငါ သနားမိတယ်

အဲဒီတုန်းက
အဘရဲ့ တည်ကြည်တဲ့ အပြုံးမျက်နှာ
ရဲရင့်တဲ့ အကြင်နာမျက်လုံး
စကားလုံး ကျည်ဆံ
ပစ်ကွင်း မှန်မှန်ထိဖို့
ဟန်ချက်မလွဲ
ရန်သူ့ရင်ထဲထိုးဖောက်
သွေး ငေါက်ငေါက်ပန်းရော့ထင့် …။

အဲဒီတုန်းက
အာဏာမူးယစ်
အဆီအစ်အစ်နဲ့
ထစ်ခနဲဆို ဖမ်း

တန်းကနဲဆို ထောင်ချပစ်
တူဖြစ်တုန်း နှံခဲ့တဲ့သူတွေ
အခုတော့ “ပေ”ဘ၀ဖြစ်
ငရဲစခန်းအသစ်မှာ
ရှေးက ၀ိဘက်အကျိုး
ကံကြမ္မာဆိုးတလှည့်နဲ့
နောက်ပိုးတက်ခဲ့ကြပြီ …။

အဘစကား
မိုးကြိုးသွား
တရားအသိ … သတိရှိဖို့လိုပြီ။

(၁၉-၈-၂၀၀၈ အဘဦးကြည်မောင် ကွယ်လွန်ခြင်း ၄ နှစ်မြောက် အမှတ်တရ)

0 comments